From : the voice
ပဲခူး တိုင်းဒေသကြီး တောင်ငူခရိုင် ၊ ဖြူးမြို နယ် သပြေလှ ကျေးရွာ ချောင်းကူးတံတား အောက်တွင် ဖေဖော်ဝါရီ ၁၄ရက်နေ.က တွေ့ရှိသော အမျိုးသမီး ခေါင်းဖြတ် အသတ်ခံရမှု ကို နေပြည်တော် မှုခင်း တပ်ဖွဲ့ (CID) မှ တိုက်ရိုက် ကိုင်တွယ် စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် မှ ဒုတိယ ရဲမှူးကြီး တစ်ဦ်း က The Voice Weekly သို့ ပြောကြားသည်။
“ ခု အမျိုးသမီး ရဲ့ ဓာတ်ပုံတွေကို တစ်နိုင်ငံလုံး ဖြန့်ထားပါတယ် ၊ဖြူးမှာ မသင်္ကာ သူ တစ်ဦး ကို လည်း စစ်ဆေးနေ ပါတယ် လတ်တလော အသေးစိတ်ပြောလိုမရပါဘူး ၊ ” ဟု ၎င်း က ဆိုသည်။
အဆိုပါ အသက် ၂၅ နှစ် အရွယ်ခန့် အမျိုးသမီး၏ ဦးခေါင်း ပြတ်နေသော ခန္ဓကိုယ် ကို ရန်ကုန်-မန္တလေးကား လမ်း မိုင်တိုင်မှတ် ၁/၁၄၀ အနီးတွင် လည်းကောင်း၊ နေ့ လည် ၂ နာရီခန့် အချိန်တွင် လူတစ်ဦး၏ သတင်းပေးချက် အရ မိုင်တိုင်အမှတ် ၂/၁၃၈ အနီး တွင် အမျိးသမီး၏ ဦးခေါင်းကို ထပ်မံတွေ့ ရှိခဲ့ ကြောင်း ဖြူး မြို့ နယ် ရဲတပ်ဖွဲ့ မှူး ဦးစိုးသန်း က The Voice Weekly သို့ ပြောကြားသည်။
. www.MyanmarExpress.net

.jpg)

1 comments:
ခေါင်းဖြတ်သတ်ခံရ ခြင်းမှာသာမန် လူသတ် မှု မဖြစ်နိုင်ပါ..တိကျစွာစစ်ဆေး စေလို ပါသည်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်