Subscribe to our RSS Feed

အဖြစ်များနေသော မုဒိမ်းမှု လျော့ကျစေရေး လိင်စိတ်ကြွဆေးများအား အထူးစီမံချက်ချ ဖမ်းပြီ

From : popular

ရန်ကုန်တိုင်းဒေသကြီးအတွင်း လိင်စိတ်ကြွဆေးများကို အထူး စီမံချက်ဖြင့် စစ်ဆေး အရေးယူနေ ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

 အဖြစ်များလာသော မုဒိမ်းမှု များကို လျော့ကျလာစေရန် ရည် ရွယ်ပြီး အမျိုးသားဆေးဝါးဥပဒေ ဖြင့် အရေးယူမှုပြုလုပ်မည်ဟု တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိ သူက ပြောသည်။အထူးစီမံချက်အရ စတင်ပြု လုပ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ တွင် ရဲအုပ်တစ်ဦးခေါင်းဆောင် သည့် အဖွဲ့တစ်ဖွဲ့က လမ်းမတော် ၁၅ လမ်းရှိ ဆေးဆိုင် တစ်ဆိုင်သို့ ဝင်ရောက်ရှာဖွေရာ Roselyn Fun Joy တံဆိပ်နှင့်Roselyn Virginity Top  တံဆိပ်လိင်စိတ်ကြွဆေးများ ကို သိမ်းဆည်းရမိခဲ့သည့်အတွက် အမျိုး သားဆေးဝါး ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။ မုဒိမ်းမှုဖြစ်စဉ်အချို့တွင် လိင်စိတ် ကြွဆေးများအသုံးပြုမှုများရှိနေ သည် ကိုတွေ့ရှိရသည့်အတွက် ရဲတပ်ဖွဲ့မှ ရှာဖွေဖမ်းဆီးနေခြင်းဖြစ်သည်ဟု သိရသည်။ တစ်နိုင်ငံလုံးတွင် ၂ဝ၁၂ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော မှုခင်းများအနက် လူသတ်မှုပြီးလျှင်မုဒိမ်းမှုမှာ အများဆုံးဖြစ်ခဲ့ပြီး အမျိုး သမီး ၆၂ ဦး အဓမ္မကျင့် ခံခဲ့ရသည်။ထို့အတူ ၂ဝ၁၃ ဇန်နဝါရီလတွင် လည်း အမျိုးသမီး ၅၂ ဦး အဓမ္မ ကျင့်ခံခဲ့ရ သည့်အထဲတွင် ရန်ကုန် တိုင်းဒေသကြီး၌ အများဆုံးဖြစ်နေ ကြောင်း သိရသည်။UNFPA မှ ဒေါက်တာနေဝင်းက ”ဒီဆေးတစ်မျိုးတည်းကိုပဲ ဖမ်းဆီး နေမယ်ဆိုရင် ခဏတဖြုတ်ပဲ အဆင် ပြေမယ်။ ပညာပေးမှရမယ်”ဟု သုံးသပ်သည်။ လိင်စိတ်ကြွဆေးများ ဖမ်းဆီးမှုအပေါ် ၄င်းက ထောက်ခံခဲ့ သော်လည်း လူငယ်များ ရေရှည် သုံးစွဲမှု
မရှိစေရန် စီစဉ်သင့်ကြောင်း ထောက်ပြသည်။

. www.MyanmarExpress.net
 

11 comments:

ဟဟ မလုပ်ကြပါနဲ့ကွာ မဒိန်းမှုဖြစ်တာ အဲ ဒီတစ်မျိုးထဲကြောင့်မဖြစ်နိုင်ဘူး အသက်လေးဆယ်မပြည့်ရင်အသောက်ရလို့လွှတ်တော်ကဥပဒေပြဌာန်းကွာ မိန်မတွေကိုလုံလုံခြုံခြုံဝတ်လို့ပြဌာန်းကွာ အဲဒီဆေးမျိုး တို့ လိုအသက်ကြီးသူတွေ လိုတယ်လေကွာ ဟီးပြောရတာ ရှက်ပါရဲ့

မင်းတုန်းမင်းခေတ်က ငခဲဆေးရောဖမ်းမှာလား ???

သူ ငယ် ချင်း အ မှတ် လွဲ နေ မှာ စိုး လို့ပါ လိင် စိတ် ကြွ ဆေး ဆို တာ ၄၀ ကျော် တွေ သောက် တဲ့ viagra လို ဆေး မျိုး မ ဟုတ် ဘူး sex desire ဖြစ် စေ တဲ့ stimulant တွေ ကို ပြော တာ

ဒီမိုကရေစီ ရခါစ မြန်မာပြည်မှာ ပြဌန်းစရာ ဥပဒေတွေ တစ်ပုံကြီး ရှိတယ်။ ကျုပ်က ဆေးလောကနဲ့ နီးစပ်တဲ့သူ။ ဆေးဆိုင်တွေရဲ့ ၀င်ငွေ ၉၀ ရာခိုင်နှုန်းဟာ ကိုယ်ဝန်ဖျက်ချတဲ့ ဆေး။ ကာမဆက်ဆံပြီးရင် ကိုယ်ဝန်မဖြစ်အောင် တားပေးတဲ့ဆေး။ အခုန ပြောတဲ့ လိင်စိတ်ကြွဆေး တွေ နဲ့ အလုပ်ဖြစ်နေတာ။ နေ့ချင်းညချင်း တိုက်တွေဆောက် ကားတွေ ၀ယ်နေတဲ့ ဆေးဆိုင်တွေ ဘုရားအဆုံးအမနဲ့ ညီသလား။ တော်တော် အရေးကြီးတဲ့ ကိတ်စ ဖြစ်တယ်နော်။ ပြီးတော့ ဆေးအတုတွေ၊ မှတ်ပုံမတင် ထားတဲ့ ဆေးရဲ့ ဈေးကွက်က ဒေါ်လာ သန်းပေါင်းများစွာ ရှိပါတယ်။ အဲဒါတွေ ဟာ နောက် ဆုံး ရောင်းတဲ့လူက မြက်မြက်ကလေး စားရ။ စားသုံးသူတွေမှာ လူမှုရေး ကျမ်းမာရေး နစ်နာ ရပါတယ်။ နိုင်ငံတော် အဆင့် လွှတ်တော်မှာ ဒီကိတ်စ တင်ပြ ဆွေးနွေးဖို့ အကြံပြုပါတယ။်
လူသားအချင်းချင်း စာနာ နိုင်ပါစေ။

အမျိုးသမီးစိတ်ကျဆေး တွေ ကို ဖမ်းတာ ကသဘာဝကျပါတယ်။ မုဒိန်းကျင့်ဖို အတွက်စိတ်ကြွဆေး သုံးရန်လိုအပ်မည်မထင်ပါ။
အသိပညာ ပေးချင်းဖြင့်သာကာကွယ်နိင်မည် ဟုယူ

ဆမိပါသည်။

အမျိုးသမီးစိတ်ကြွဆေးများကိုတားမြစ်မှုကိုလက်ခံပါသည်။မုဒိန်းမှုကျုးလွန်ရန်အတွက် ဆေးလိုမည်မထင်ပါ။
စန္ဒ မထိန်ချုပ်နိင်သဖြင့်သာ ပြစ်မှုကျုးလွန်မိနိင်ပါသည်။
ထိုကြောင့် ပညာပေးဟောပြောရန်လိုအပ်ပြီး လူထုအသိ
ပညာရှိသွားပါက မှုခင်းကျဆင်းသွားမည်ဖြစ်ပါသည်။


ယား နေ ကြတာ။ ကျုပ်လဲ တစ်ယောက်ထဲ ယားနေတာ။ အရည်ထွက် တောင်ထွက်တယ်။ စိတ်မဆိုးကြနဲ့နော် ။ ဘာ ပြောရမှန်းတောင် မသိဘူး။ အဲဒီနေ့အတွက် ဖြစ်ပျက်သွားတဲ့ ခေါင်းဖြတ်ခံရတဲ့သတင်းမျိုးကတော့ ကမ္ဘာပေါ်မှာ အဲ ဒီနေ့က အဲလို ချစ်သူ့လက်ဆောင်မျိုးပေးတာ ရှိသလား ရှာကြည့်ကြပါအုံး။ တင်ပေးကြပါအုံး ရှိရင်ပေါ့။

ငသသဟ..ုသင သြ ငသ၉က င

ယားရင်ကုတ်ပေါ့

Viagara လို Sildenafil ပါသောဆေးအချို့မှာ မြန်မာ
FDA အသိအမှတ်ပြု မှတ်ပုံတင်ထားသောဆေးများဖြစ်သည်၊ ထို့ကြောင့်
မှတ်ပုံတင်ထားသောဆေးများကိုမဖမ်းသင့်ပါ၊ လိုအပ်လျှင် FDA မှ မှတ်ပုံ
တင်ကိုပြန်ရုတ်သိမ်းရန်သာရှိပါသည်၊
တရားဝင်မှတ်ပုံမတင်ထားသော Viagara လိုဆေးမျိုး နှင့် စိတ်ကြွစေသော
stimulants များကိုသာတရားမဝင်သဖြင့်ဖမ်းသင့်ပါသည်၊

စိတ်ကြွဆေး တွေနဲ့ တော့ သိပ်မဆိုင်ပါဘူးဗျာ။ စိတ်ကြွအောင် မ၀တ်ပြဖို့ နဲ့ မ၇ွ ပြ ဖို့ပဲလိုမယ်။ မိန်းကလေးတွေ ဆင်ခြင်ဝတ် ကြပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်