Subscribe to our RSS Feed

ရတနာပုံ ဆိုက်ဘား စီးတီး အဆောင်နေ ကျောင်းသား များ၏ ဆိုင်ကယ် ခိုးခံရမှု များလာ

From : the voice

 မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် ခရိုင် ပြင်စာ ကျေးရွာရှိ ရတနာပုံ ဆိုက်ဘား စီးတီး ကျောင်းသားများ နေထိုင် သော ပြင်ပ အဆောင် များတွင် ယမန် နှစ်ကုန်ပိုင်း မှ ယခု ဖေဖော်ဝါရီလ အတွင်း ကျောင်းသားပိုင် ဆိုင်ကယ် ၆စီးခန့် အခိုး ခံရပြီး ပျောက်ဆုံးမှုများ တိုးလာကြောင်း ဆိုင်ကယ် အခိုးခံရသူ ရတနာပုံ ဆိုက်ဘာ စီးတီး ဒုတိယနှစ် ကျောင်းသား မောင်ထွဋ်အောင်ခမ်း က The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

“ဆိုင်ကယ် ပျောက်သွားတာ အခုထိ တရားခံလည်း ဖမ်းမမိဘူး။ ဆိုင်ကယ်လည်း ပြန်မရဘူး။ ပျောက်ဆုံးမှု တွေ ကလည်း တစ်နေ့ ထက် တစ်နေ့ ပိုများနေတယ်။ ဒီကိစ္စမှာ တာဝန် ရှိသူတွေ ဘက် က တာဝန်ယူမှု ပေါ့လျော့တာ ကို အဓိက ပြောချင်တယ်” ဟု မောင်ထွဋ်အောင်ခမ်း ၏ ဖခင် ဦးမောင်မောင်သန်း က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ဒီဇင်ဘာလ တွင် ဆိုက်ဘာစီးတီး ကျောင်းတွင်း၌ ဆိုင်ကယ် တစ်စီး ပျောက်ဆုံး ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ အတွင်း ပြင်စာ ကျေးရွာရှိ ပြင်ပ အဆောင် များ၌ ဆိုင်ကယ်ငါးစီး ပျောက်ဆုံး ခဲ့ကြောင်း ဆိုင်ကယ် ငါးစီး ပျောက်ဆုံး ခဲ့သော သီဟဗလ အဆောင်နေ ကျောင်းသားများ ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ဒီဇင်ဘာလ ကုန်ခန့်က Click အမျိုးအစား ဆိုင်ကယ်ကို ဆိုက်ဘားစီးတီး ကျောင်း တွင်း သို့ စီးနင်း ခဲ့ပြီး ကျောင်း စာသင်ခန်းရှေ့ မျက်ကွယ် တစ်နေရာတွင် ရပ်ထား ခဲ့ပြီး စာသင်ချိန် နှစ်ချိန် တက်၍ ပြန်ထွက် လာချိန်တွင် ဆိုင်ကယ် ပျောက်ဆုံး သွားခဲ့ကြောင်း ယင်းနေ့ ညနေတွင် ပြင်စာမြို့နယ် ရဲစခန်းသို့ (ပ) ၁၂၇/၂၀၁၂ ဖြင့်အမှုဖွင့် ခဲ့သော်လည်း ယနေ့တိုင် တရားခံ ဖမ်းဆီးနိုင်ခြင်း မရှိသည့် အပြင် ခိုးခံရသော ဆိုင်ကယ်လည်း ပြန်လည် မရရှိကြောင်း ဦးမောင်မောင်သန်း က ထပ်လောင်း ပြောကြားသည်။

အဆိုပါ ရတနာပုံ ဆိုက်ဘာစီးတီး ကျောင်းသားများ ဆိုင်ကယ် ပျောက်ဆုံးမှုနှင့် စပ်လျဉ်း၍ ရတနာပုံ ဆိုက်ဘား စီးတီး စီမံ ဌာနမှ ဗိုလ်ကြီး မောင်မောင်သိန်းကို The Voice Weekly က ဆက်သွယ်မေးမြန်းရာ ကျောင်းတွင်းတွင် ဆိုင်ကယ် ခိုးခံရတာမရှိကြောင်း ပြင်ပအဆောင်များတွင်သာ ပျောက်ဆုံးမှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

ပြင်စာကျေးရွာ ရဲစခန်းသို့ The Voice Weekly မှ ထပ်မံ မေးမြန်းရာ “အရင်လ အထိ ဆိုင်ကယ် ငါးစီး ပျောက်ခဲ့ တယ်။ တရားခံကို ဖမ်းမိလို့ ပြင်ဦးလွင်မြို့ တရားရုံးကို ပို့ထား ပါတယ်။ ဖြစ်တာ ကတော့ ပြင်စာမြို့ တစ်ကြော မှာပါ” ဟု ပြန်လည် ဖြေကြားသည်။

အဆိုပါရတနာပုံဆိုက်ဘာစီးတီးတက္ကသိုလ်မှာမန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် ခရိုင် ပြင်စာ ကျေးရွာ သုံးတောင်ရွာ အနီးတွင် တည်ရှိသည်။

 
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်