From : http://www.oppositeyes.info/2013/02/blog-post_5150.html
နောက်ဆုံး သူမ၏ နိုင်ငံခြားခရီးစဉ်တွင် တပ်မတော်သည် သူမ၏ ဖခင် တည်ဆောက်ခဲ့သည့် တပ်မတော် ဖြစ် သည့် အတွက် တပ်မတော် အပေါ် သံယောဇဉ် ရှိကြောင်း၊ သူမကို တပ်မတော်သားများမှ ထောက်ခံ လိမ့် မည် ဟု ယုံကြည်ကြောင်းတို့ကို ပြောဆိုခဲ့သည်။ တပ်မတော် သား ကိုယ်စားလှယ်များ၏ ထောက်ခံမှု အ တွက် သူမ၏ ပြောဆိုမှုကြောင့် အတိုက်အခံ လုပ်နေသည့် ၈၈ အပါအ၀င် အခြား အဖွဲ့ အစည်းများ အတွက် အံ့သြသင့်ဖွယ် ဖြစ်ခဲ့ရသည်။ တန်ဖိုးရှိဖွယ် ရလာဒ်အနေဖြင့် သူမနှင့် တပ်မတော်သား ကိုယ်စား လှယ် တို့အကြား ယုံကြည်ေ လးစားမှု အပြန်အလှန် ရရှိလာပြီ ဖြစ်သည်။
www.MyanmarExpress.net
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေါ်ထွက်လာ ခဲ့သည့် အစိုးရ သစ်တွင်
ရွေးကောက်ပွဲ ၀င်ရောက်ခြင်း မပြုခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည်၏ အန်အယ်လ်ဒီ
ပါတီသည်ပင် ရွေးကောက်ပွဲ ၀င်၍ လွှတ်တော် အ ခင်း အကျင်း အတွင်း
ဝင်ရောက်လာခဲ့သည်။ ထိုစဉ်မှစ၍ ရန်ကုန် တက္ကသိုလ် ၊ ရန်ကုန်
ပြည်သူ့ဆေးရုံကြီး အဆို များဖြင့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍတို့အား
လွှတ်တော်အတွင်းမှ လုပ်ဆောင်၍ ရကြောင်းကို တရား ၀င် အဆိုများ ဖြင့်
ဒေါ်အောင်ဆန်းစုကြည်မှ သက်သေပြခဲ့ပြီး ဖြစ်သည်။
တပ်မတော် အနေဖြင့်မူ အခြေခံ ဥပဒေအရ ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းသည်
စစ်တပ်၏ အာဏာအတွက် မ ဟုတ်။ အမျိုးသားရေးကို ကာကွယ်စောင့်ရှောက်သည့်
တပ်မတော် အနေဖြင့် အခြေခံ ဥပဒေအရ ရွေး ကောက် တင်မြှောက်ခြင်းခံရသည့်
အစိုးရအဖွဲ့နှင့် ဥပဒေများအပေါ်တွင် သစ္စာစောင့်သိကာ နိုင်ငံ့တာဝန် တစ် ရပ်
ကို ထမ်းဆောင်ခြင်းဟုပဲ မှတ်ယူထားပါသည်။
အခြေခံ ဥပဒေ စတင်ရေးဆွဲချိန်မှ အတည်ပြုပြီးသည် အထိ တပ်မတော်သား
ကိုယ်စားလှယ်များ အပေါ် တွင် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိခဲ့သည်။
သို့သော် အကျဉ်းသားများ ကိစ္စ အပါအ၀င် အခြား ပြည်သူ့ အ ကျိုးပြု
အဆိုများတွင် ပါဝင်ဆွေးနွေးခြင်း၊ အဆိုတင်သွင်းခြင်းတို့ကြောင့်
တပ်မတော်သားများ အပေါ် ထိုးနှက် တိုက်ခိုက်မှုများ တစ်ဖြည်းဖြည်း
လျော့ပါးလာခဲ့သည်။ ယခုတွင်မူ တပ်မတော်နှင့် ဒေါ်အောင်ဆန်း စုကြည် တို့ အကြား
နားလည်မှု တစ်ရပ် တည်ဆောက်နေပြီဟု ယူဆရသည့် အနေအထားများ ဖြစ်ပေါ် လာခဲ့သည်။
ထင်ရှားသော ဥပမာ အဖြစ် လက်ပံတောင်း အရေးကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်မှ
စုံစမ်းရေး ကော်မ ရှင် ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။ ထိုအချိန်တွင် အခြား ၈၈
ကျောင်းသားများ၊ ဗကသများ၊ အတိုက် အခံ များမှ ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေသည့်
လှုံ့ဆော်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်နေချိန် ဖြစ်သည်။ ဦးတည် ချက် မှာ
လက်ပံတောင်းဟု ခေါင်းစဉ်တပ်သော်လည်း အစိုးရ၊ တရုတ်နိုင်ငံနှင့် တပ်မတော်မှ
ရှယ်ယာ အများ ဆုံး ပါသည့် ဦးပိုင် စီးပွားရေးအား တိုက်ခိုက်ခြင်းပင်
ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် မှ စုံ စမ်းရေး ကော်မရှင် ဥက္ကဌ အဖြစ်
တာဝန်ယူလိုက်သည့် အတွက် ဆူပူအုံကြွမှုများ ဖြစ်လာနိုင်မည့် အရေး များ
မှေးမှိန်ခဲ့သည်။ အတိုက်အခံ တို့၏ လုပ်ဆောင်ချက်များ ထိရောက်မှု မရှိ
ဖြစ်ခဲ့ရသည်။ ရလာဒ်ကား တည်ငြိမ်အေး ချမ်းသည့် အခြေအနေ တစ်ရပ်ကို
အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်း ဆောင်ရွက် ခဲ့ခြင်း ပင်ဖြစ်သည်။
ဒုတိယ အချက်သည်ကား ကချင်အရေး ကိစ္စဖြစ်သည်။ ကချင်အရေးနှင့် ပတ်သက်သည်ကား
လွယ်ကူေ သာ ပြဿနာ တစ်ခုမဟုတ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်
လက်ရှိ အစိုးရ၊ တပ်မတော်တို့ အကြား မုန်းတီးမှု
ပိုမိုတိုးပွားစေနိုင်သည်သာမက ပြည်ထောင်စု ပြိုကွဲနိုင်သည့် အခြေအနေ
များကြောင့် နှစ် ဖက် လုံးနှင့် အတိုက်အခံလုပ်ကာ ကြားနေပေးခဲ့သည်။ သူမ
အနေဖြင့် အာဏာ ရချင်သည်မှာ အ မှန်ဖြစ်ေ သ်ာလည်း ပြည်ထောင်စု ပြိုကွဲမည်၊
တိုင်းရင်းသား စည်းလုံး ညီညွှတ်မှု ပြိုကွဲမည်ကိုတော့ လက်မ ခံ သည်မှာ
ချီးကျူး စရာ ပင်ဖြစ်သည်။
နောက်ဆုံး သူမ၏ နိုင်ငံခြားခရီးစဉ်တွင် တပ်မတော်သည် သူမ၏ ဖခင် တည်ဆောက်ခဲ့သည့် တပ်မတော် ဖြစ် သည့် အတွက် တပ်မတော် အပေါ် သံယောဇဉ် ရှိကြောင်း၊ သူမကို တပ်မတော်သားများမှ ထောက်ခံ လိမ့် မည် ဟု ယုံကြည်ကြောင်းတို့ကို ပြောဆိုခဲ့သည်။ တပ်မတော် သား ကိုယ်စားလှယ်များ၏ ထောက်ခံမှု အ တွက် သူမ၏ ပြောဆိုမှုကြောင့် အတိုက်အခံ လုပ်နေသည့် ၈၈ အပါအ၀င် အခြား အဖွဲ့ အစည်းများ အတွက် အံ့သြသင့်ဖွယ် ဖြစ်ခဲ့ရသည်။ တန်ဖိုးရှိဖွယ် ရလာဒ်အနေဖြင့် သူမနှင့် တပ်မတော်သား ကိုယ်စား လှယ် တို့အကြား ယုံကြည်ေ လးစားမှု အပြန်အလှန် ရရှိလာပြီ ဖြစ်သည်။
ယခု နောက်ဆုံး သတင်းများအရ ကာကွယ်ရေး ဦးစီးချုပ်နှင့် သူမတို့ တွေ့ဆုံရန်
စီစဉ်နေသည် ဟု သတင်း များ ထွက်ပေါ်လျှက်ရှိသည်။ ယခုအနေအထားများမှ ၂၀၁၅ တွင်
ပါတီကြီး ၂ ခု ပေါင်းစည်းနိုင်သည် အထိ ပြောင်း လဲ နိုင်ကြောင်း
သုံးသပ်မှုများလည်း ရှိနေသည်။ သေချာသည်ကား မြန်မာနိုင်ငံ၏ လွှတ်တော် အမတ်
နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်
တပ်မတော်သားများကို နားလည် သွားပြီ ဟုသာ…




4 comments:
ပါတီ ကြီး နှစ်ခုပူးပေါင်းနိုင်ရင် အကောင်းဆုံးပေါ့။
အခြေခံတူညီဘို့ လိုတာကတော့။ ဒီမိုကရေစီနည်းလမ်းနဲ့ တင်မြောက်လိုက်တဲ့ ဗဟိုကော်မီတီ ခေါင်းဆောင်မူ တွေ အရင်ရှိဘို့လိုတယ်။
ပါတီ ကြီး နှစ်ခုပူးပေါင်းနိုင်ရင် အကောင်းဆုံးပေါ့။
အခြေခံတူညီဘို့ လိုတာကတော့။ ဒီမိုကရေစီနည်းလမ်းနဲ့ တင်မြောက်လိုက်တဲ့ ဗဟိုကော်မီတီ ခေါင်းဆောင်မူ တွေ အရင်ရှိဘို့လိုတယ်။
ဝမ်းသာပါတယ် အန်တီစု ။
မှန် တယ် ။ကြို ဆို ပါ တယ် ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်