From : Jing Hpaw Land
ဒီကနေ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်းပြုပြင်ပြောင်းလဲရေးကာလမှာ နယ်ပယ်အသီးသီးကို လေ့လာကြည့်မယ်ဆိုရင်-
၁။ နိုင်ငံရေး
နိုင်ငံရေးကိုကြည့်မယ်ဆိုရင်လဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုအခြေခံပြီး အများပြည်သူလိုလားတဲ့ ဒီမိုကရေစီစနစ်နဲ့အညီ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်သော အစိုးရသစ်ဟာ နိုင်ငံရေးနယ်ပယ်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတာ မူဝါဒချမှတ်ရုံတင် မဟုတ်ဘဲ မြေပြင်မှာလက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်နေတယ်ဆိုတာ ကျွန်တော်တို့ ပြည်သူတွေ မျက်ဝါးထင်ထင်တွေ့မြင်နေကြရတာဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ခေါင်းဆောင်တဲ့NLD ပါတီကို အစိုးရ ကလက်ကမ်းကြိုဆိုခဲ့လို့ ဒီကနေ့မှာ NLD ပါတီဝင်တွေ လွှတ်တော် အမတ်များအနေနဲ့ နိုင်ငံရေးနယ်ပယ်မှာ ပါဝင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုလဲ စီစစ်ပြီး အကြိမ်ကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်ပေးခြင်း၊ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုလဲ ပြည်တွင်းသို့ ပြည်လည်ဝင်ရောက်ခွင့်ပြုခြင်း စတာတွေအပြင် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပတ်အခတ်ရပ်စဲရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး အခုဆိုရင် နောက်ဆုံးအဖွဲ့ဖြစ်တဲ့ KIA နဲ့ပါ ငြိမ်းချမ်းရေးရလုပြီဖြစ်ပါတယ်။
၂။ စီးပွားရေး
စီးပွားရေးနယ်ပယ်မှာဆိုရင်လဲ အနောက်အုပ်စုနိုင်ငံတွေအနေနဲ့ အစိုးရရဲ့ပြုပြင်ပြောင်းလဲရေးလမ်းစဉ် တွေကို အားပေးထောက်ခံခဲ့လို့ မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှုအားလုံးကိုဖြေလျော့ပေးပြီးဖြစ်ပါတယ်။ ပြည်ပနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်တွေဟာလဲ မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးရင်းနှီးမြုတ်နှံဖို့ အာရုံစိုက် လာကြပြီး အများအပြားဝင်ရောက်လာနေပြီဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ယခင်က ထက် ပိုမိုကျယ်ပြန့်စွာလုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အနေအထားကိုရောက်ရှိလာတဲ့ ကာလဖြစ်ပါတယ်။ ဥပမာ( ကားပါမစ်ကိစ္စမှာဆိုရင် လူတိုင်းကားတင်သွင်းခွင့်ရခဲ့လို့ ဒီကနေ့ ရန်ကုန်၊မန္တလေးမြို့ကြီးတွေရော နယ်တွေမှာပါမကျန် ယခင်ကထက်စာရင် ပြည်သူတွေ ကိုယ်ပိုင်းကား အသစ်တွေနဲ့ တ၀ီဝီ ၀ယ်စီးလာနိုင်တဲ့ အနေအထားကို ရောက်ရှိနေတဲ့ ကာလဖြစ်ပါတယ်)။
၃။ လူမှုရေး
လူမှုရေးနယ်ပယ်မှာဆိုရင်လဲ အများကြီးပြောင်းလဲတိုးတက်လာခဲ့ပြီဖြစ်ပါတယ်။ စာပေစီစစ်ရေး၊ရုပ်ရှင် ဆင်ဆာ၊ ဒါတွေကအစ ကင်းလွှတ်ခွင့်ပြုပြီ၊ ဥပဒေနဲ့အညီ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်၊စီတန်းလှည့်လည်ခွင့် ပြုခြင်း၊ လူမှုရေးအသင်းအဖွဲ့များ၊ပါတီများဖွဲ့စည်းခွင့်ပြုခြင်း စသည်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိလာတဲ့ အချိန် ကာလဖြစ်ပါတယ်။
ဒီအချက်တွေအားလုံးကိုကြည့်ပြီး ခြုံငုံသုံးသပ်လိုက်မယ်ဆိုရင် ဒီကနေ့ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အများပြောနေကြသလို ပွင့်လင်းမြင်သာမှုရှိလာတဲ့ ခေတ်ကာလကို ရောက်ရှိလာခဲ့ပြီဆိုတာ ငြင်းလို့မရပါဘူး။ ဒီလိုပွင့်လင်းမြင်သာမှုရှိတဲ့ခေတ်မှာ စတုတ္တမဏ္ဍိုင်လို့ခေါ်တဲ့ Media ကဏ္ဍဟာ အလွန်အရေးကြီး အခန်းကဏ္ဍ တစ်ခုဖြစ်လာခဲ့ပါတယ်။နိုင်ငံရေး၊ စည်းပွားရေး၊လူမှုရေးဆိုတဲ့နယ်ပယ်သုံးခုမှာနိုင်ငံတော်သမ္မတရဲ့လုပ်ဆောင် ချက်၊အစိုးရအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းတွေရဲ့လုပ်ကိုင်ဆောင်ရွက်မှုသတင်းတွေ၊ပြည်တွင်း၊ပြည်ပမှာဖြစ် ပေါ်ပြောင်း လဲမှုသတင်းတွေအားလုံးကို ဒီကနေ့မှာ မီဒီယာများကနေ ပြည်သူတွေထံကို အချိန်နှင့်တပြေး ထုတ်လွင့် နေနိုင်ပြီဖြစ်တဲ့အတွက် ဘယ်နေရာမှာဘာတွေဖြစ်ဖြစ် သတင်းတွေဟာ ပြည်သူတွေကြားထဲကို ချက်ချင်းပြန့်နှံ့ ရောက်ရှိနေတဲ့ အချိန်ကာလဖြစ်ပါတယ်။
အရင်တုန်းကတော့ သတင်းတွေကိုသိရှိဖို့အတွက် ပြည်ပမီဒီယာတွေဖြစ်တဲ့ BBC ,BOA,FRA,DVB ဒီသတင်းဌာနတွေကို အားကိုးနေရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာတော့ Information တွေကို အချိန်နှင့်အမျှသိနိုင်ဖို့အတွက် ပြည်တွင်း မီဒီယာတွေဟာ ပြည်ပ Media တွေထက်ပိုမိုအားကောင်းလာပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်လာနိုင်တာ မျက်ဝါးထင်ထင် တွေ့မြင်ကြရမှာဖြစ်ပါတယ်။ နိုင်ငံပိုင်မီဒီယာများအပြင် SkyNet, Channel 7, 5 Network စတဲ့ ပုဂ္ဂလိကပိုင် Media များကနေ Up-to-Date အစိအစဉ်များထုတ်လွှင့်ပေးခြင်း၊ FM လိုင်းတွေကနေInformation တွေပေးခြင်း စတဲ့ နယ်ပယ်ပေါင်းစုံကနေ ပြည်သူတွေထံကို Messages တွေပေးပို့ ဆောင်ရွက်နေကြ တာဖြစ်ပါတယ်။ မီဒီယာဆိုတာ ပြည်သူရဲ့ နား၊မျက်စီ တွေလို့ ပြောဆိုနိုင်တဲ့ အချိန်ကာလဖြစ်ခဲ့ပါပြီ။
ဒါကြောင့် Media နယ်ပယ်ဆိုတာ အစိုးရအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းတွေရဲ့လုပ်ငန်း ဆောင်တာ တွေ၊ ဆောင် ရွက်ချက်တွေ၊ ပြည်တွင်းပြည်ပမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊စီပွားရေး၊လူမှုရေးစတဲ့ Infromation ကိုပြည်သူတွေသိရှိအောင် ကြားခံဆောင်ရွက်ပေးနေတဲ့ သတင်းအချက်အလက်ဖြန့်ချီရေးနယ်ပယ်လို့ ခေါ်ဆို ရမှာဖြစ်ပါတယ်။ ဒီလို မီဒီယာတွေကနေ သတင်းဖြန်ချီတဲ့နယ်ပယ်မှာ ပြည်သူလုထုကြားကို On Ground ရော Online ပေါ်မှာပါ လျင်လျင်မြန်မြန်နဲ့ သတင်းရောက်ရှိနိုင်တာက ပြည်တွင်းမှာ တရားဝင်ထုတ်ဝေနေတဲ့ ပြည် တွင်း ဂျာနယ်တွေဘဲဖြစ်ပါတယ်။ Online မသုံးနိုင်တဲ့ပြည်သူတွေက နေ့စဉ်ထုတ်ဂျယ်နယ်တွေကို အားပြုပြီး သတင်းတွေဖတ်ရှုကြသလို Online သုံးတဲ့ ပြည်သူတွေကလဲ Internet ပေါ်မှာ သတင်းတွေဖတ်ရှုကြတာဖြစ်ပါ တယ်။ မြိုကြီးတွေ၊နယ်တွေက လ္ဘက်ရည်ဆိုင်၊ကားဂိတ်၊ကွမ်းယာဆိုင်နဲ့ ဆံပင်ညှပ်ဆိုင်ပါမကျန် နေရာတိုင်းမှာ ပြည်တွင်းထုတ်ဂျာနယ်တွေ ရောက်ရှိပြီး သတင်းအချက်အလက်တွေ စီးဆင်နေတာဖြစ်ပါတယ်။
Internet အသုံးပြုနိုင်တဲ့ အခြေအနေဟာလည်း နဂိုကထက်ပိုမိုကြယ်ပြန့်လာပြီး အခုဆိုရင် GSM ဖုန်းတွေကနေတဆင့် connection ချိတ်ပြီး Internet အသုံးပြုနိုင်တဲ့အပြင် လူစီကားရာ လ္ဘက်ရည်ဆိုင်၊ Shopping More ၊ Hotel လိုနေရာမျိုးတွေမှာ WiFi , WiMax တွေကို Free အသုံးပြုပြီး သတင်းတွေ အလွယ်တကူဖတ်ရှုနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါအပြင် IT နည်ပညာ တိုးတက်လာတာနဲ့ အမျှ Facebook လို Social Network တွေမှာ သတင်းအပြင်၊ဓာတ်ပုံ Movies Files တွေကိုပါ Sharing လုပ်နိုင်ပြီး အလွယ်တစ်ကူ အသုံးပြုနိုင်တာ ကြောင့် Facebook ဟာ အွန်လိုင်းအသုံးပြုသူတိုင်းရဲ့ သတင်းရှာဖွေဖတ်ရှုတဲ့ အဓိကနေရာတစ်ခုဖြစ်လာတဲ့ အ တွက် ပြည်တွင်းဂျာနယ်တွေက မြေပြင်မှာဂျာနယ်ထုတ်ဝေတဲ့အပြင် Website နဲ့ Facebook Like Page တွေ ဖန်တီးထားပြီး ပြည်သူတွေဆီကို သတင်းတွေဖြန့်တာတွေ ပြုလုပ်လာကြပါတယ်။
ဒီလိုသတင်းဖြန့်တဲ့ ပြည်တွင်းဂျာနယ်တွေဟာ သတင်းအချက်အလက်တွေဖြန့်တဲ့နေရာမှာ မီဒီယာကျင့် ၀တ်နဲ့အညီ လိုက်နာကျင့်သုံးပြီး မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူတွေသိရှိအောင်ရေးသား ဖြန့်ဝေ ဖို့လိုအပ်ပါတယ်။ မီဒီယာဆိုတာ အစိုးရနဲ့ပြည်သူ၊ တပ်မတော်နဲ့ ပြည်သူ၊ လူ့မှုအဖွဲ့အစည်းများနဲ့ပြည်သူ ကြားမှာ အမြင်သဘောထားလွဲမှားအောင်၊ စိတ်ဝမ်းကွဲပြားအောင်၊ လူထုအုံကြွမှုတွေဖြစ်လာအောင် ဖန်တီးလုပ် ဆောင်ဖို့ ၀ါဒမှိုင်းတိုက်ဖို့ မီဒီယာလွတ်လပ်ခွင့်ပေး ထားတာမဟုတ်ပါဘူး။ အချို့သော ပြည်တွင်း ဂျာနယ်တွေရဲ့ ရေးသားချက်တွေဟာ မီဒီယာကျင့်ဝတ်ကို ချိုးဖောက် ကာ ပြည်သူ့အတွေး အမြင်ကိုဖော်ပြရေးတာမဟုတ်ဘဲ တဘက်သတ်ပုတ်ခတ်ပြောဆိုရေးသားတာ မျိုးတွေ တွေ့ရှိနေရပါတယ်။
ပြည်တွင်း Media တစ်ခုဖြစ်တဲ့ Eleven Media Group ဂျာနယ်ဟာ ပြည်သူနဲ့တပ်မတော်ကြားမှာ စိတ်ဝမ်းကွဲပြာအောင် တပ်မတော်အပေါ် ရည်ရွယ်ချက်ရှိရှိစွပ်စွဲပုတ်ခတ်ရေးသားချက်တွေဆက်တိုက်ပြုလုပ် လျှက်ရှိပါတယ်။
ပြီးခဲ့တဲ့ များမကြာမီကာလက တပ်မတော်နဲ့ KIA တို့ရဲ့ နှစ်ဘက်တိုက်ပွဲတွေမှာလဲ နှစ်ဖက်တိုက်ပွဲသတင်းတွေကို မျှမျှတတဖော်ပြရေးသာခြင်းမျိုးမရှိဘဲ KIA ဘက်ကလိုက်ပြီး တပ်မတော်အပေါ် တဖက်စောင်နင်နဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးတာဝန်ထမ်းဆောင် နေကြရတဲ့ တပ်မတော်သား တိုင်းရဲ့စိတ်ထဲမှာ မခံမရပ်နိုင်ဖြစ်အောင် KIA ကို အသားပေးပြီး သတင်းတွေရေးသား ဖြန့်ဝေခဲ့ပါတယ်။ အဲဒီတစ်ဖက်သတ်ရေးသားချက်တွေအားလုံးကို Eleven Media Group ရဲ့ Website နဲ့ Facebook Page တွေပေါ်မှာ အများအပြားတွေ့မြင်ဖတ်ရှုနိုင်ပါတယ်။ Facebook Page ပေါ်က Eleven ရဲ့ တစ်ဖက်သတ်ရေး သားချက်ရေးသားချက်တွေကို လက်မခံလို့ သတင်းမျှမျှတတရေးသာဖို့ Comment ပေးတဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေရဲ့ အကောင့်တွေကိုလဲ Eleven က Burn ခဲ့ပါတယ်။
Eleven Media Group ရဲ့ Internet စာမျက်နှာများဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ( ၇ ) ရက်နေ့မှာ ပထမအကြိမ် Hack ခြင်းခံခဲ့ရပါတယ်။

ပထမအကြိမ် Hack ခြင်းခံရတုန်းက Hacked By Kachin Cyber Army ဆိုပြီး KIA အဖွဲ့အမည်နဲ့ Hack သွားတာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုတင်ပြလိုတာကတော့ KIA အဖွဲ့ဟာ လိုင်ဇာမှာ Server ထိုင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ISP ကနေတဆင့် Internet ကို ကောင်းကောင်းအသုံးပြုနိုင်တယ်လို့သိရှိ ရပါတယ်။ တရုတ်နိုင်ငံက အင်တာနက်ကျွမ်းကျင်သူလူငယ်တစ်ချို့က KIA အဖွဲ့ကို လိုင်ဇာမှာ Internet နည်းပညာတွေသင်ကြားပေးတယ်လို့လဲ သိရှိရပါတယ်။ ဒီနေ့ Facebook ပေါ်မှာကြည့်ရင် KIA တပ်ဖွဲ့ဟာ လိုင်ဇာမှာ Internet ကိုဘယ်လောက်အထိသုံး လို့ရတယ်ဆိုသိသာပါတယ်။ KIA ရဲ့ Facebook မီဒီယာတွေဖြစ် တဲ့ JadeLand,Lachid Kachin,Duwa Kachin နဲ့ ABSDF က Min Htay တို့ဆီက update တက်နေတဲ့ Movies ဖိုင်တွေက KIA ရဲ့ Internet အသုံးပြုနိုင်မှုကို သက်သေပြနေပါတယ်။ ဒီကချင်တွေရဲ့ ၀ါဒဖြန့်သတင်းမှား တွေကို အခြေခံပြီး Eleven က KIA ဘက်က အသာစီးရကြောင်း သတင်းတွေမြောက်များ စွာရေးသားခဲ့ပါတယ်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ( ၁၅) ရက် နဲ့ ( ၁၆ ) ရက်နေမှာ Eleven ရဲ့ အင်တာနက်စာမျက်နှာကို ဒုတိယနဲ့ တတိယအကြိမ်အဖြစ် Red Army Team အဖွဲ့ကဆိုပြီး Hack ခြင်းခံရပါတယ်။

ဒုတိယနှင့်တတိယအကြိမ်တိုက်ခိုက်ခံရမှုကို Myanmar Express မှ DDoS တိုက်ခိုက်ရန် လှုံဆော်ခဲ့ တဲ့အတွက် Myanmar Express က တိုက်ခိုက်တယ်လို့ စွပ်စွဲပြီး အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(က)နဲ့ အရေးယူပေဖို့ (ပ) ၅၈/၂၀၁၃ ဖြင့် တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၈ ) ရက်နဲ့ ( ၁၀ ) ရက်နေ့တွေမှာ Blink Hacker Group အဖွဲ့က Eleven ရဲ့ အင်တာနက်စာမျက်နှာကို Hack ခဲ့ပါတယ်။ ဒီ စတုတ္ထနဲ့ ပဉ္စမအကြိမ် တိုက်ခိုက်မှုခံရမှာမှာတော့ BHG က ၄င်းတို့ တိုက်ခိုက်တာဖြစ်တဲ့အကြောင်းကို သူတို့ရဲ့ BHG Website မှာ ကြေညာထားပါတယ်။ BHG က Eleven ရဲ့ Website ( ၅ ) ခုလုံးကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ Eleven ရဲ့ Email အကောင့်တွေကိုလဲ Hack လုပ်ခဲ့တဲ့ အကြောင်းကိုလဲ BHG Hacker တစ်ဦက Facebook ပေါ်မှာဖော်ပြခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကို BHG အဖွဲ့က Eleven ရဲ့ မဟုတ်မမှန် သတင်းဖြန့်မှု နဲ့ အောက်ပါအတိုင်း ရေးသား စော်ကားစွပ်စွဲထားတဲ့အတွက် တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်
(အစိုးရနှင့် ဆက်နွှယ်သူများဟု သံသယရှိဖွယ်ရာ အနေအထားများ၊ အစိုးရကိုပါ သိက္ခာကျဆင်းစေရန် ခုတုံးလုပ်နေသူများက ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆစရာများ ရှိနေသည့်အတွက် အများပြည်သူအား အသိပေး၍ သက်ဆိုင်ရာမှ တည်ဆဲဥပဒေများအရ စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် တိုင်ကြားခြင်းဖြစ်ပါသည်။)
Eleven မီဒီယာဟာ သူ့ Website အတိုက်ခံရတာကို ဒုတိယနဲ့ တတိယအကြိမ် တိုက်ခိုက်ခံရမှုအတွက် Myanmar Express ကို စွပ်စွဲတိုင်ကြားထားပြီး ပထမအကြိမ်နဲ့ နောက်ဆုံး ၂ ကြိမ်တိုက်ခိုက်ခံရတာကို တော့ BHG က သူတို့ Hack တဲ့အကြောင်း ဖော်ပြခဲ့ပေမဲ့ အခုအချိန်အထိရေငုံနှုတ်ပိတ် နေခဲ့ပါတယ်။
Eleven အနေနဲ့ တပ်မတော်ကို အပုတ်ချစွပ်စွဲချင်တာကြောင့် တပ်မတော်နဲ့ ဘာမှမဆိုင်တဲ့ Myanmar Express ကို ခုတုံးလုပ်ပြီး သူရဲ့ Website အတိုက်ခံရတာကို သတင်းမီဒီယာကောင်စီကို တိုင်ကြားတဲ့စာမှာ ( Myanmar Express Website နှင့်ပတ်သတ်၍ ဒီမိုကရေစီဖော်ဆောင်ရေးကို မလိုလားသော တပ်မတော်အရာ ရှိအချို့နှင့် ဌာနအချို့မှလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ယူဆစ၇ာ သံသယအချို့ တွေ့ရှိနေရပါသဖြင့်) ဆိုတဲ့ စာသာကို ထည့်သွင်းရေးသားရေးသားပြီး တပ်မတော်ရဲ့ သိက္ခာကို ထိပါစော်ကားတဲ့ အသုံးအနှုံးတွေ ရေးသား စွပ်စွဲထားပါတယ်။
သတင်းမီဒီယာကို တိုင်တာဟာလဲ အမှန်တစ်ကယ်တော့ The Voice Facebook ကို Myanmar Muslim Cyber Force က Hack လို့ တိုင်ကြားတာဖြစ်တဲ့ အတွက် The Voice ကသာ တိုင်ကြားရမှာဖြစ်ပြီး Eleven က တပ်မတော်ကို အပုတ်ချစွပ်စွဲချင်တာနဲ့ ဘာမှမဆိုင်ဘဲ ကြားထဲကနေ ၀င်တိုင်တာဖြစ်ပါတယ်။ ဒါအပြင် Eleven Website Hack ခံရတဲ့ သတင်းရေးသားတိုင်မှာ အစိုးရနဲ့ တပ်မတော် အပေါ်မှာ ပုတ်ခတ်ရေးသားချက်တွေ အဆက်မပြတ်ရေးသားနေပါတယ်။
အစကနေ ပြန်ကြည့်မယ်ဆိုရင် Eleven မီဒီဟာက တပ်မတော်နဲ့ ပြည်သူကိုသွေးခွဲလိုတဲ့ အကြံ ၊တပ်မတော်ကိုရဲ့ စည်းလုံးညီညွတ်မှုကို ဖြိုခွဲလိုတဲ့အကြံအစည်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ တောက်လျှောက် ပုတ်ခတ်ပြောဆိုရေးသားပြီး မီဒီယာကနေ ၀ါဒဖြန့်လုပ်ကြံနေတယ်ဆိုတာ ထင်ရှားပါတယ်။ Website Hack ခံရလို့တိုင်ကြားတဲ့ နေရာမှာ ဘာမှမဆိုင်တဲ့ စကားလုံးဖြစ်တဲ့ (ဒီမိုကရေစီဖော်ဆောင်ရေးကိုမလိုလားသော တပ်မတော်အရာရှိ) ဆိုတဲ့စကားလုံးကို ထည်းသွင်းရေးသားစရာ အကြောင်းအရင်း လုံးဝမရှိပါဘူး။ Eleven သုံးနှုံးသွားတာဟာ တပ်မတော်က ဒီမိုကရေစီဖော်ဆောင်ရေးကို မလိုလားဘူးလို့ ပြောချင်တဲ့ အသုံးအနှုံးဖြစ် ပါတယ်။ တပ်မတော်ဟာ ဒီမိုကရေစီဖော်ဆောင်ရေးကိုလိုလာခဲ့လို့ ဒီကနေ့ မြန်မာနိုင်ငံမှာ တပ်မတော်ကနေ အခြေတည်ပေးလိုက်တဲ့ အရပ်သားဒီမိုကရေစီအစိုးရ ပေါ်ထွက်လာပြီး ဒီကနေ့ အခြေအနေအထိရောက်ရှိလာ တာဖြစ်ပါတယ်။ အရပ်သားအစိုးရအဖြစ်ပြောင်းလဲပြီးချိန်ကတည်းက တပ်မတော်ဟာ အစိုးရရဲ့ညွှန်ကြားချက် အတိုင်း လိုက်နာကျင်သုံး အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာတွေကြည့်ပါဘဲ။ ကချင်စစ်မြေပြင်မှာ သမ္မတရဲ့ ညွှန်ကြားချက်တွေကို တပ်မတော်သားတွေက အသက်နဲ့ရင်းပြီး လိုက်နာခဲ့တာဟာ ဒီမိုကရေစီဖော်ဆောင် ရေးမှာ တပ်မတော်က ဘယ်လောက်အထိ လိုက်ပါလုပ်ဆောင်သလဲဆိုတဲ့ ထင်ရှားတဲ့ သက်သေပြချက်တစ်ခုဖြစ် ပါတယ်။
Eleven မီဒီယာရဲ့ တပ်မတော်အပေါ်မှာ ပုတ်ခတ်ရေးသားချက်တွေတွေဟာ မိဒီယာကျင့်ဝတ်နဲ့ လုံးဝကိုက်ညီမှုမရှိပါဘူး။ Eleven သိထားရမှာက မြန်မာ့တပ်မတော်ဆိုတာ မြန်မာနိုင်ငံ ကမ္ဘာမြေပေါ်မှာ တည်ရှိနေ သရွေ့ နိုင်ငံတော်နှင့်အတူထာဝစဉ် ယှဉ် တွဲတည်ရှိနေမှာဖြစ်ပါတယ်။ ဘယ်လိုဘဲခေတ်တွေ ပြောင်းပြောင်းဘယ်လိုဘဲအစိုးရတွေ အဆက်ဆက်ပြောင်း လည်းနေလဲ တပ်မတော်ဆိုတာ ရှိနေမယ်ဆိုတာ နားလည်ဖို့လိုပါတယ်။ Eleven ရဲ့ ဒီလိုသတင်းအမှားတွေရေးသားဖြန့်ဝေမှုတွေနဲ့ တပ်မတော်အပေါ်မှာ ပုတ်ခတ်စွပ်စွဲရေးသားမှုတွေ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ဒီမိုကရေစီခေတ်မှာ Eleven ဟာလဲ ပြည်သူလိုလားတဲ့ အတိုင်း မီဒီယာလောကနေ ပျောက်ကွယ်သွားမှာဘဲဖြစ်ပါတယ်။
www.MyanmarExpress.net

၂၀၁၂ ဒီဇင်ဘာလ ( ၇ ) ရက်နေ့တွင် EMG Website ဟတ်ခံထားရပုံ

၂၀၁၃ ဇန်န၀ါရီလ ( ၁၅ ) ရက်နေ့တွင် EMG Website ဟတ်ခံထားရပုံ

၂၀၁၃ဇန်န၀ါရီလ( ၁၆ ) ရက်နေ့တွင် EMG Website ဟတ်ခံထားရပုံ
ဒုတိယနှင့်တတိယအကြိမ်တိုက်ခိုက်ခံရမှုကို Myanmar Express မှ DDoS တိုက်ခိုက်ရန် လှုံဆော်ခဲ့ တဲ့အတွက် Myanmar Express က တိုက်ခိုက်တယ်လို့ စွပ်စွဲပြီး အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(က)နဲ့ အရေးယူပေဖို့ (ပ) ၅၈/၂၀၁၃ ဖြင့် တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၈ ) ရက်နဲ့ ( ၁၀ ) ရက်နေ့တွေမှာ Blink Hacker Group အဖွဲ့က Eleven ရဲ့ အင်တာနက်စာမျက်နှာကို Hack ခဲ့ပါတယ်။ ဒီ စတုတ္ထနဲ့ ပဉ္စမအကြိမ် တိုက်ခိုက်မှုခံရမှာမှာတော့ BHG က ၄င်းတို့ တိုက်ခိုက်တာဖြစ်တဲ့အကြောင်းကို သူတို့ရဲ့ BHG Website မှာ ကြေညာထားပါတယ်။ BHG က Eleven ရဲ့ Website ( ၅ ) ခုလုံးကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ Eleven ရဲ့ Email အကောင့်တွေကိုလဲ Hack လုပ်ခဲ့တဲ့ အကြောင်းကိုလဲ BHG Hacker တစ်ဦက Facebook ပေါ်မှာဖော်ပြခဲ့ပါတယ်။

၂၀၁၃ဖေဖော်ဝါရီလ( ၈ ) ရက်နေ့တွင် EMG Website ဟတ်ခံထားရပုံ

၂၀၁၃ ဖေဖော်ဝါရီလ ( ၁၀ ) ရက်နေ့တွင် EMG Website ဟတ်ခံထားရပုံ

BHG မှ Eleven ၏ webadmin အကောင့်အား Hack ထားပုံ

BHG မှ Eleven ၏ အကောင့်အား Hack ထားပုံ
ဒီတိုက်ခိုက်မှုတွေကို BHG အဖွဲ့က Eleven ရဲ့ မဟုတ်မမှန် သတင်းဖြန့်မှု နဲ့ အောက်ပါအတိုင်း ရေးသား စော်ကားစွပ်စွဲထားတဲ့အတွက် တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်
(အစိုးရနှင့် ဆက်နွှယ်သူများဟု သံသယရှိဖွယ်ရာ အနေအထားများ၊ အစိုးရကိုပါ သိက္ခာကျဆင်းစေရန် ခုတုံးလုပ်နေသူများက ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆစရာများ ရှိနေသည့်အတွက် အများပြည်သူအား အသိပေး၍ သက်ဆိုင်ရာမှ တည်ဆဲဥပဒေများအရ စုံစမ်းဖော်ထုတ် အရေးယူနိုင်ရန် တိုင်ကြားခြင်းဖြစ်ပါသည်။)
Eleven မီဒီယာဟာ သူ့ Website အတိုက်ခံရတာကို ဒုတိယနဲ့ တတိယအကြိမ် တိုက်ခိုက်ခံရမှုအတွက် Myanmar Express ကို စွပ်စွဲတိုင်ကြားထားပြီး ပထမအကြိမ်နဲ့ နောက်ဆုံး ၂ ကြိမ်တိုက်ခိုက်ခံရတာကို တော့ BHG က သူတို့ Hack တဲ့အကြောင်း ဖော်ပြခဲ့ပေမဲ့ အခုအချိန်အထိရေငုံနှုတ်ပိတ် နေခဲ့ပါတယ်။
Eleven အနေနဲ့ တပ်မတော်ကို အပုတ်ချစွပ်စွဲချင်တာကြောင့် တပ်မတော်နဲ့ ဘာမှမဆိုင်တဲ့ Myanmar Express ကို ခုတုံးလုပ်ပြီး သူရဲ့ Website အတိုက်ခံရတာကို သတင်းမီဒီယာကောင်စီကို တိုင်ကြားတဲ့စာမှာ ( Myanmar Express Website နှင့်ပတ်သတ်၍ ဒီမိုကရေစီဖော်ဆောင်ရေးကို မလိုလားသော တပ်မတော်အရာ ရှိအချို့နှင့် ဌာနအချို့မှလုပ်ဆောင်နေခြင်းဖြစ်သည်ဟု ယူဆစ၇ာ သံသယအချို့ တွေ့ရှိနေရပါသဖြင့်) ဆိုတဲ့ စာသာကို ထည့်သွင်းရေးသားရေးသားပြီး တပ်မတော်ရဲ့ သိက္ခာကို ထိပါစော်ကားတဲ့ အသုံးအနှုံးတွေ ရေးသား စွပ်စွဲထားပါတယ်။
သတင်းမီဒီယာကို တိုင်တာဟာလဲ အမှန်တစ်ကယ်တော့ The Voice Facebook ကို Myanmar Muslim Cyber Force က Hack လို့ တိုင်ကြားတာဖြစ်တဲ့ အတွက် The Voice ကသာ တိုင်ကြားရမှာဖြစ်ပြီး Eleven က တပ်မတော်ကို အပုတ်ချစွပ်စွဲချင်တာနဲ့ ဘာမှမဆိုင်ဘဲ ကြားထဲကနေ ၀င်တိုင်တာဖြစ်ပါတယ်။ ဒါအပြင် Eleven Website Hack ခံရတဲ့ သတင်းရေးသားတိုင်မှာ အစိုးရနဲ့ တပ်မတော် အပေါ်မှာ ပုတ်ခတ်ရေးသားချက်တွေ အဆက်မပြတ်ရေးသားနေပါတယ်။
အစကနေ ပြန်ကြည့်မယ်ဆိုရင် Eleven မီဒီဟာက တပ်မတော်နဲ့ ပြည်သူကိုသွေးခွဲလိုတဲ့ အကြံ ၊တပ်မတော်ကိုရဲ့ စည်းလုံးညီညွတ်မှုကို ဖြိုခွဲလိုတဲ့အကြံအစည်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ တောက်လျှောက် ပုတ်ခတ်ပြောဆိုရေးသားပြီး မီဒီယာကနေ ၀ါဒဖြန့်လုပ်ကြံနေတယ်ဆိုတာ ထင်ရှားပါတယ်။ Website Hack ခံရလို့တိုင်ကြားတဲ့ နေရာမှာ ဘာမှမဆိုင်တဲ့ စကားလုံးဖြစ်တဲ့ (ဒီမိုကရေစီဖော်ဆောင်ရေးကိုမလိုလားသော တပ်မတော်အရာရှိ) ဆိုတဲ့စကားလုံးကို ထည်းသွင်းရေးသားစရာ အကြောင်းအရင်း လုံးဝမရှိပါဘူး။ Eleven သုံးနှုံးသွားတာဟာ တပ်မတော်က ဒီမိုကရေစီဖော်ဆောင်ရေးကို မလိုလားဘူးလို့ ပြောချင်တဲ့ အသုံးအနှုံးဖြစ် ပါတယ်။ တပ်မတော်ဟာ ဒီမိုကရေစီဖော်ဆောင်ရေးကိုလိုလာခဲ့လို့ ဒီကနေ့ မြန်မာနိုင်ငံမှာ တပ်မတော်ကနေ အခြေတည်ပေးလိုက်တဲ့ အရပ်သားဒီမိုကရေစီအစိုးရ ပေါ်ထွက်လာပြီး ဒီကနေ့ အခြေအနေအထိရောက်ရှိလာ တာဖြစ်ပါတယ်။ အရပ်သားအစိုးရအဖြစ်ပြောင်းလဲပြီးချိန်ကတည်းက တပ်မတော်ဟာ အစိုးရရဲ့ညွှန်ကြားချက် အတိုင်း လိုက်နာကျင်သုံး အကောင်ထည်ဖော်ဆောင်ရွက်ခဲ့တာတွေကြည့်ပါဘဲ။ ကချင်စစ်မြေပြင်မှာ သမ္မတရဲ့ ညွှန်ကြားချက်တွေကို တပ်မတော်သားတွေက အသက်နဲ့ရင်းပြီး လိုက်နာခဲ့တာဟာ ဒီမိုကရေစီဖော်ဆောင် ရေးမှာ တပ်မတော်က ဘယ်လောက်အထိ လိုက်ပါလုပ်ဆောင်သလဲဆိုတဲ့ ထင်ရှားတဲ့ သက်သေပြချက်တစ်ခုဖြစ် ပါတယ်။
Eleven မီဒီယာရဲ့ တပ်မတော်အပေါ်မှာ ပုတ်ခတ်ရေးသားချက်တွေတွေဟာ မိဒီယာကျင့်ဝတ်နဲ့ လုံးဝကိုက်ညီမှုမရှိပါဘူး။ Eleven သိထားရမှာက မြန်မာ့တပ်မတော်ဆိုတာ မြန်မာနိုင်ငံ ကမ္ဘာမြေပေါ်မှာ တည်ရှိနေ သရွေ့ နိုင်ငံတော်နှင့်အတူထာဝစဉ် ယှဉ် တွဲတည်ရှိနေမှာဖြစ်ပါတယ်။ ဘယ်လိုဘဲခေတ်တွေ ပြောင်းပြောင်းဘယ်လိုဘဲအစိုးရတွေ အဆက်ဆက်ပြောင်း လည်းနေလဲ တပ်မတော်ဆိုတာ ရှိနေမယ်ဆိုတာ နားလည်ဖို့လိုပါတယ်။ Eleven ရဲ့ ဒီလိုသတင်းအမှားတွေရေးသားဖြန့်ဝေမှုတွေနဲ့ တပ်မတော်အပေါ်မှာ ပုတ်ခတ်စွပ်စွဲရေးသားမှုတွေ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ဒီမိုကရေစီခေတ်မှာ Eleven ဟာလဲ ပြည်သူလိုလားတဲ့ အတိုင်း မီဒီယာလောကနေ ပျောက်ကွယ်သွားမှာဘဲဖြစ်ပါတယ်။
www.MyanmarExpress.net

12 comments:
အဆင့်မြင့် ဆောင်းပါးတစ်ပုဒ်ပဲ
this group must get rid from country.
သန်းထွဋ်အောင်ဝေဖြိုးနဲ့အပေါင်းအပါလောက်ကောင်တွေ ပါးကိုလှိမ့်ရိုက်ပြီးမြန်မာ့မြေပေါ်ကမောင်း ထုတ်ပစ်ရမှာ
good article . good comments.
ဒီလောက်တောင်အစိုးရနဲ့စစ်တပ်မကောင်းကြောင်း ပြောနေတဲ့အလွဲဗင်းကကောင်တွေ အစောကတည်းက တောခိုပြီး ABSDFမြောက်ပိုင်းဖြုတ်သတ်မှာပါသွားရမှာ
good article. good comments.
ဒီကောင်တွေကိုသံပုံးတီးမောင်းထုတ်ပစ်ရမှာ
ကျနော်တို့ဂေါ်ရခါးတွေတောင်ဒီမြေမှာမွေးလို့ ဒီမြေကိုချစ်သေးတာ ခင်ဗျားတို့ဗမာတွေက ဘာလို့ တိုင်းပြည်ကို မချစ်တတ်ကြတာလဲဆိုတာ စဉ်းစားလို့မရဘူးဗျာ
MEရေ စေတနာ ကံ ဆို တာ အရေး ကြီး ပါ တယ်။ EMG က ကိုယ့် စီးပွား တိုး တက် ဘို့ အရေး တကယ် အသက် စွန့် ကာကွယ် နေ ရတဲ့ တပ် မတော် သား တွေ ကို ပုတ် ခပ် ပြော ဆို နေ တာ ဟာ ကိုယ့် ခြံစည်း ရိုး ကိုယ် ခြိုး ဝင် တတ် တဲ့ သတ္တဝါ များ လို ဘဲ အဲဒီ သတ္တဝါ လောက် သစ္စာ စောင့် သိ မယ် တောင် မထင်ပါ ဘူး။ အဆုံး သက် မှာ တော့ MEG ဟာ ရေရှ ည် တည်တံ့ မှာ မဟုတ် ပါ ဘူး။
I don't understand why EMG group do such a horrible
Things.they should know without myanma tatmadaw
They will also be slave.I think HE is well prepare to
Leave this country any time.
လူ့  ဂွစာ သတင်းဌာန ဖြစ် နေတာလေ သူ့ သူ တော့ ဟုတ် လှပြီထင်နေတာ
:O
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်