Subscribe to our RSS Feed

State Sponsored Attacked ဆိုတဲ့ Warning Message , Google က ပို့ပေးတာလား

From :Jing Hpaw Land


မြန်မာပြည်က အထင်ကရ Journalist များရဲ့ Email အကောင့်များကို Google ကနေ “ ခင်ဗျာတို့ရဲ့ Account တွေကို နိုင်ငံတော်အဆင့်ကနေ ကျောထောင့်နောက်ခဲပေးထားတဲ့ Hacker Groups တစ်ခုက Attack လုပ်နေပြီ “ ဆိုတဲ့အဓိပ္ပါယ်ကို ဖော်ညွှန်းတဲ့ Warning Message ကို ပို့နေပါပြီ ဆိုပြီး ပြည်တွင်မှာရော ပြည်ပနိုင်ငံများရဲ့ English သတင်းဌာတွေမှာပါ ဒီကနေ့ သတင်းတွေပျံ့နှံ့ နေပါတယ်။

State Sponsored Attacker ဆိုတဲ့ Warning ကို လွန်ခဲ့တဲ့ ၄ လောက်ကတည်းက Email တစ်ခုမှာတွေ့ဖူးပါတယ်။ တစ်ခြားသတိထားမိတဲ့လူတွေလဲရှိနိုင်ပါတယ်။ အခုတော့ ဒီMessage ကိစ္စဟာpopularဖြစ်လာတော့ဒိကိစ္စနဲ့ပတ်သတ်ပြီးအနည်းငယ်သုံးသပ်တင်ပြလိုပါတယ်။

၁။ Google ကသာ ဒီသတိပေးချက်ကို ပို့ခဲ့တာမှန်ရင် ဒီ Warning နဲ့ပတ်သတ်တဲ့ Details အတိအကျကို Google တာဝန်ရှိသူတွေက ဘာလို့ အတိအကျ ထုတ်ဖော်ရှင်းလင်းမှုမရှိခဲ့သလဲ။ Google ဆိုတာ တစ်ကမ္ဘာလုံး အမှီသဟဲပြုနေရတဲ့ အကြီးမာဆုံးသော Storage Server တွေပါဘဲ။ သတင်းအချက်အလက် အကုန်လုံးနီးပါဟာ Google Server တွေပေါ် ကနေစီးဆင်နေတာဖြစ်ပါတယ်။

၂။ Google ရဲ့ Security Systems တွေကို ထိုးဖောက်ဝင်ရောက်လာတဲ့ Attack ဟာ အနည်းဆုံး ဘယ်ကလာတယ် ဘယ်နိုင်ငံကဖြစ်တယ်ဆိုတဲ့ အချက်လောက်တော့ Google က မဖြစ် မနေသိနိုင်ပါတယ်။ Google ကသာပို့ရိုးမှန်တယ်ဆိုရင် ဒီ သတိပေးချက် အပြင် နောက်ဆက်တွဲ အနည်းငယ်တော့ ပါရမှာဖြစ်ပါတယ်။တိုကျိုကGoogle ရဲ့ပြောခွင့် ရပုဂ္ဂိုလ် တတ်ခ်ျ မီဒိုးစ် ကလည်း ရေရေရာရာ တိတိကျကျဖြေကြားပြောဆို သွားခြင်းမျိုးမရှိပါဘူး။

၃။ နောက်တစ်ချက်အနေနဲ့ ဒီ သတိပေးချက်ဟာ Inbox ကနေလာတာမျိုးမဟုတ်ဘဲ နဂိုကတည်းက Google ရဲ့ Mail Setting မှာ Users တွေအတွက် Email လုံခြုံမှုမရှိတော့ဘူးဆိုရင် System ကနေ Auto သတိပေးချက်ပေါ်လာအောင် Warning Message ပြပေးဖို့ Program မှာထည့်သွင်းရေးသားထားတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ ဥပမာ- Window မှာ FireWall On မထားဘူးဆိုရင် “ မင်းရဲ့ Window မှာ FireWall Off ဖြစ်နေတယ်” စသည်ဖြင့် သတိပေး ချက်တက်တဲ့ပုံစံမျိုးပါ။

၎။ ဒါကြောင့်ဒီသတိပေးချက်ဟာ နဂိုကတည်းက ထည့်သွင်းပေးထားတာမျိုးဖြစ်ပြီး လုံခြုံမှု မရှိတော့ရင် သတိပေးချက်ပေါ်ဖို့ Google Engineer တွေက ထည့်သွင်းရေးသားထာတဲ့ Warning Message ဖြစ်နိုင်ပါတယ်။

၅။ နောက်တစ်ချက်အနေနဲ့ Google က သူ့ရဲ့ Mail Security System ကို ထိုးဖောက် ၀င်ရောက်နိုင်တဲ့ Attack ပေါ်မလာနိုင်ဘူးလို့ယူဆထားပုံရပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာတော့ Attack လုပ်တဲ့နည်း၊ System တစ်ခုကို ချိုးဖောက်ဝင်ရောက်တဲ့နည်းပညာနဲ့ ပညာရှင်တွေ များပြာလာတာနဲ့အမျှ အလုံခြုံဆုံးလို့ပြောထားတဲ့ Security System တွေက လုံခြုံမှုမရှိတော့ပါဘူး။

၆။ နောက်တစ်ချက်အနနဲ့ လက်ရှိကျွန်တော်တို့နိုင်ငံဟာဒီမိုကရေစီအသွင် ကူးပြောင်းရေး ကို ဖော်ဆောင်နေတဲ့ဒီမိုကရေစီကာလနုနုနယ်နယ်လေး ဘဲရှိပါသေးတယ်။ Google ရဲ့ Security System ကိုထိုးဖောက်နိုင်လောက်အောင်တော်တဲ့ Hacker ၊ Cracker တွေဆိုတာ တစ်ကယ့်ကို နည်းပညာ ထိပ်ဖျားအထိေ၇ာက်နေတဲ့ နိုင်ငံကြီးတွေမှာတောင် ရှာမှရှားပါ။ ဒီလိုလူတွေ လဲမရှိပါဘူး။ Google က System Warning Message ပြသလို အစိုးရကြောထောင့်နောက်ခံရှိတဲ့ Attacker အဖွဲ့ဆိုရင်တောင် ဒီ Attack လုပ်နေတဲ့လူတွေဟာ Super Power တွေကိုပိုင်ဆိုင်ထား တဲ့ နိုင်ငံကြီးများက အစိုးရတွေ နောက်ခံရှိတဲ့ အဖွဲ့တွေထဲကဘဲဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ မီဒီယာတွေအနေနဲ့ အစိုးရကြောထောင့်နောက်ခံရှိတဲ့ အဖွဲ့ဆိုတဲ့ Warnig Message ဆိုတာနဲ့ နဂိုကတည်းက အစိုးရကိုပုတ်ခတ်ချင်နေတာနဲ့ ထင်ယောင်ထင်မှား သံသယဖြစ်အောင် ၀ါဒဖြန့်ရေးသားချက်မျိုးတွေ မပြုလုပ်ကြဖို့ လိုအပ်ပါတယ်။

၇။ ဒီနေရာမှာ မီဒီယာတွေကို ပြောချင်တာတစ်ခုရှိပါတယ် ” ကမ္ဘာကျော် Wikileaks တည်ထောင်သူ Julian Assange ပြောထားတာရှိပါတယ် Facebook တို့ Google တို့ဆိုတာ CIA နဲ့ FBI တို့ရဲ့ သတင်းပေး Sources ကြီးတွေဖြစ်တယ် ” လို့ပြောဆိုထားပါတယ်။


  www.MyanmarExpress.net
 

4 comments:

Nope!this is sent by Myanmar express.

မြန်မာပြည်မှာ ဘာအရည်အချင်းသတ်မှတ်ချက် qualification မှ မလိုဘဲလုပ်စားလို့ရတဲ့ profession ကတော့ media (သို့) journalism လောကဘဲ၊ တခြား profession တွေအားလုံး အရည်အချင်းသတ်မှတ်ချက်တွေရှိတယ်။ ဥပမာ.. ဆရာဝန် - M.B.B.S, အင်ဂျင်နီယာ - B.E.,B.Tech., ရှေ့နေ -LLB, ကျောင်းဆရာ - B.Ed., စာရင်းကိုင်စာရင်းစစ် -B.Com.,CPA., စစ်ဗိုလ် -DSA ..စသည်ဖြင့်ရှိကြပါတယ်။ ပညာအရည်အချင်းတင်မကပါဘူး၊ ethics, code of conduct တွေပါရှိကြပါတယ်။ မြန်မာပြည်က journalists တွေက journalism နဲ့ဘွဲ့ရထားသူကောရှိရဲ့လား။ နာမယ်ကြီး ဂျာနယ်တစောင်ရဲ့ ကျုပ်တိုမြို့သတင်းထောက်ကတော့ ၁၀တန်း ၂ခါကျလို့ပြောပါတယ်။ နိုင်ငံခြားမှာဆိုရင် သတင်းထောက်၊ အယ်ဒီတာတစ်ယောက် ဖြစ်ဘို့ ဘာသာရပ်တစ်ခုခုမှာ အဆင့်မြင့်ဘွဲ့ပညာအရည်အချင်းအပြင် သတင်းစာပညာဘွဲ့ပညာ ရရှိထား ဘို့လိုတယ်လို့ ကျနော် ကြားဘူးထားပါတယ်။ စီးပွားရေးအယ်ဒီတာလုပ်ဘို့ သူကိုယ်တိုင်က economics နဲ့ဘွဲ့ရထားတဲ့ economist ဖြစ်ရမဲ့အပြင် သတင်းစာပညာဘွဲ့ပါရရှိ ထားရမယ်ဆိုတဲ့သဘောပါ၊ ပေါက်ပန်းဈေး သတင်းလောကမဖြစ်ဘို့၊ အဆင့်အတန်းဂုဏ်သိက္ခာအဆင့်အတန်း credibility ရှိတဲ့ သတင်းလောကဖြစ်ဘို့ဆိုရင် journalist qualifications တွေကို ဥပဒေ ပြဌာန်းသတ်မှတ်ပေးသင့်ကြောင်း။

hi!anonymous! Quality u said can b available in myanmar?can anyone report or write openly for a long time?Your pointing out is incredibly impossible.Journalists long ago were graduated with degree of jour:.U talk nonsense coz u have no intellectual brain!

DSA ကမြန်မာပြည်မှာပဲရှိတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်