From :
..YMG
မန္တ လေးမြို့သစ်ရှိ ပန်နာဆိုးနစ် ကုမ္ပဏီ(မန္တလေးရုံးခွဲ)အတွင်း လူသုံး ဦးအသတ်ခံရမှုဖြစ်စဉ်တွင် တရား ခံအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် အမှုစစ်အဖွဲ့ ဖွဲ့စည်း ပြီး ဖော်ထုတ်သွားမည်ဖြစ်ရာ မသင်္ကာ ဖွယ်ရာလူတစ်ဦးကိုလည်း စတင် စစ်ဆေးနေပြီဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သေဆုံးသူ သုံးဦးစလုံးသည် မျက်နှာနှင့် ဦးခေါင်းတို့တွင် ထု ရိုက်ဒဏ်ရာများ ရရှိထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ကုမ္ပဏီမန်နေ ဂျာ ဦးလှဖုန်းကျော် ၏ ပြောဆို ချက်အရ ကုမ္ပဏီအပေါ်ထပ်အ ရှေ့ဘက်ခန်းရှိ အမြင့်သုံးပေ၊ တစ် ပေခွဲပတ်လည်အကျယ်ရှိ Leeco အမျိုးအစားမီးခံသေတ္တာသော့ အား မာသောကိရိယာဖြင့်ဖွင့်ရန် ကြိုးစားမှုတွေ့ရှိရသော်လည်း ပစ္စည်းတစ်စုံ တစ်ရာပျောက်ဆုံးမှု မတွေ့ရကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။
''အခုဖြစ်ပွားတဲ့ ပုံစံကတော့ မီးခံသေတ္တာထဲက ပစ္စည်းကို ရယူ ဖို့အတွက် တရားခံကကြိုးစားခဲ့ ပုံကို စစ်ဆေးတွေ့ရှိရတယ်။ မီးခံ သေတ္တာဆိုတော့ လွယ်လွယ်ကူကူ ဖွင့်လို့မရတာကြောင့် အထဲက ပစ္စည်းတွေကတော့ နဂိုအတိုင်း ရှိပါတယ်။ မသင်္ကာဖွယ်ရာနေ့စား ဝန်ထမ်းကိုလဲ စတင်စစ်ဆေးနေပြီ ဖြစ်လို့ အမှုမှန်အမြန်ဆုံးပေါ် ပေါက်တော့မှာပါ''ဟု ယင်းက ဆက်လက်ရှင်းပြသည်။
အဆိုပါမှုခင်းဖြစ်စဉ်တွင် ဦးဟန်သောင်း အသက် ၇၀ PSS ကုမ္ပဏီလုံခြုံရေး ဝန်ထမ်း၊ (အမရ ပူရ)၊ ဦးတင်လှိုင် ၅၄ နှစ် PSS ကုမ္ပဏီလုံခြုံရေးဝန်ထမ်း (အမရ ပူရ)နှင့် ဒေါ်ကြည်ဟန်၊ ၃၈ နှစ် (အမရပူရ)တို့သေဆုံးခဲ့သည်။
အမှုဖြစ်ပွားခဲ့သည့်ကုမ္ပဏီသည် မန္တလေးမြို့ချမ်းမြသာစည်မြို့ နယ် မြို့သစ်(၁)ရပ်ကွက် ၆၉လမ်း နှင့် နှင်းဆီလမ်းထောင့်တွင် တည် ရှိပြီး အောက်တိုဘာ ၂ရက်ကအ ရောင်းဝန်ထမ်းဖြစ်သူ သက်ပိုင်စိုး သည် ပစ္စည်းများလာရောက် ထုတ် ယူရန်အတွက် လာရောက်စဉ် ခြံ ဝင်းအတွင်း လူသုံးဦးလဲကျနေ သည်ကို တွေ့ရသောကြောင့် ကုမ္ပ ဏီတာဝန်ရှိသူ ဦးလှဖုန်းကျော်မှ တစ်ဆင့် ရဲစခန်းသို့အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများအနီးမှ Shower တံဆိပ်ပါ သဲကြိုးအစိမ်းတပ် ထားသည့် နံပါတ် ၁ဝခွဲ အဖြူ ရောင်ဖိနပ်တစ်ရံ၊ ကျွတ်ထွက်နေ သည့် သွား တစ်ချောင်းတို့ကို သက် သေခံပစ္စည်းများအဖြစ်သိမ်းဆည်း ရမိထားကြောင်းသိရသည်။
.. www.MyanmarExpress.net

1 comments:
1-WE HAVE ONE OF THE BEST POLICE FORCES.
2-WE KNEW OUR POLICE OFFICIALS CAN
FIND THE KILLERS WITHIN FEW DAYS.
3-WE LIKE TO REQUEST PEOPLE TO COOPERATE WITH OUR POLICE OFFICIALS.
4-WE NEED SEVERE PUNISHMENT TO THOSE
MURDERERS.
5-WE LIKE READ THE OUTCOME.
6-PLEASE WRITE COMMENTS.
7-MAY BE WE NEED LAWS MORE EFFECTIVE
TO TAKE LEGAL ACTION BY POLICE OFFICIALS.
8-MAY BE WE HAVE MORE CRIME AFTER SO MANY PRISONERS RELEASED FROM THE PRISON.
9-WE APPRECIATE OUR PRESIDENT AND OUR GOVERNMENT RELEASE SO MANY PRISONERS
TOGETHER WITH POLITICAL PRISONERS.
10-REQUEST OUR GOVERNMENT PLEASE HOLD
NON POLITICAL PRISONERS IN JAIL UNTIL
FULLY SERVED THEIR TERMS BECAUSE THEY
COMMITTED THE CRIME TO OUR GENERAL
PUBLIC.
11-REQUEST PLEASE KEEP THE TRACK RECORD
OF RELEASED PRISONERS SO THAT IT IS MORE
EASIER TO POLICE OFFICIALS TO INVESTIGATE
CRIME CASES.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်