From :
.. YMG
ရန်ကုန် ၊ အောက်တိုဘာ ၄။ ။ Redlink မှ အများပြည်သူနှင့်ဆိုင်သော အဆောက်အအုံနှင့် နေရာများ တွင် Wi-Fi ကြိုးမဲ့အင်တာနက် စနစ်ဝန်ဆောင်မှုများ ပေးဆောင် ရန် အကောင်အထည်ဖော်စီစဉ် လျက်ရှိကြောင်း သိရသည်။
လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ဆီးဂိမ်းအားကစား ပြိုင်ပွဲပြီးဆုံးပါက အများပြည်သူ နှင့် ဆိုင်သော ဘုရား၊ ဟိုတယ်၊ ဈေးများ၊ တက္ကသိုလ်များ အစရှိ သည့် နေရာများတွင် အင်တာ နက်ဝန်ဆောင်မှုများ ပေးဆောင် ရန် စီစဉ်သွားမည်ဖြစ်ကြောင်း Redlink Communications ကုမ္ပဏီ ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဦးသိန်းသန်းတိုး က အောက်တိုဘာ ၄ရက်တွင် Redlink ကုမ္ပဏီ၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။
ယင်းက ''ကျွန်တော်တို့ အခု ဆီးဂိမ်းပြိုင်ပွဲအတွက် Wi-Fi အင် တာနက်ဝန်ဆောင်မှုအတွက် လုပ် ဆောင်နေတာတွေရှိတယ်။ အ များပြည်သူသုံးနိုင်တဲ့ နေရာတွေ မှာ Wi-Fi သုံးနိုင်အောင် လုပ်တဲ့ တွေတော့ ရှိကြ တယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်မလုပ်ကြဘူး။
လက်ရှိဆက်သွယ်ရေးဥပဒေအရ နည်းနည်းမကွဲပြားတာလေးတွေ ရှိတော့ တအားကြီးကျယ်ကျယ် ပြန့်ပြန့်မလုပ်တာ။ ရှေ့လျှောက်ဒီလို လုပ်ခွင့်ကို တိတိကျကျ ကျွန်တော် တို့သိရမယ်ဆိုရင် ပိုပြီးတော့ ကျယ် ကျယ်ပြန့်ပြန့်လုပ်လို့ရတာပေါ့။ ကျွန်တော်တို့ အခုချက်ချင်းလုပ် ရင် တရားမဝင်ဖြစ်သွားမှာစိုးလို့ ဆက်သွယ်ရေးဥပဒေအသစ်တွေ နည်းဥပဒေတွေကို စောင့်နေတာ ပေါ့''ဟု ပြောသည်။
အများပြည်သူနှင့်ဆိုင်သော နေရာများဖြစ်သည့် ရွှေတိဂုံဘုရား၊ ဗိုလ်ချုပ်ဈေး၊ တက္ကသိုလ်များနှင့် ဟိုတယ်များ စသောနေရာများ တွင် Wi-Fi သုံးစွဲနိုင်ရန် ဝန်ဆောင် မှုပေးခြင်းဖြစ်ပြီး ယင်းအတွက် ဝန် ဆောင်ခကျသင့် မည်ဖြစ်ကြောင်း သိရသည်။
ယင်းအတွက် သုံးစွဲမည့် သူ သည် Redlink ၏ အင်တာနက် ဝန်ဆောင်မှုကို သုံးစွဲနေသူမည်သူ မဆို အဆိုပါ Wi-Fi ရှိသောနေရာ တိုင်းတွင် ဝန်ဆောင်ခထပ်မံပေး ဆောင်စရာမလိုဘဲ အခမဲ့အသုံးပြု နိုင်မည်ဖြစ်ပြီး Redlink ၏ အင် တာနက်ဆားဗစ်အစီအစဉ်များ ကို ဝယ်ယူသုံးစွဲခြင်း မရှိသူများ အနေဖြင့် အဆိုပါ Wi-Fi ထားရှိ ရာနေရာများတွင် Wi-Fi အသုံး ပြုခပေးဆောင်ကာ သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ အများပြည်သူနှင့် ဆိုင်သောနေရာများတွင် Redlink Wi-Fi အသုံးပြုနိုင်ရန် အသင့်ဖြစ် နေပြီး Redlink ၏ customer များအနေဖြင့် နိုင်ငံတကာအထိ အင်တာနက် အခမဲ့သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။
.. www.MyanmarExpress.net

8 comments:
su kyi ,, are u can do?
ကုလား တွေ မြန်မာနိုင်ငံသား
ဖြစ်အောင် လုပ်နေရလို့ပါ
အဲဒါ ပြီးရင် မြန်မာတွေ အတွက်
လုပ်ပေးမှာပေါ့ စု ကို မဲပေးပါအုံး
သမ္မတ ဖြစ်ရင် အလုပ်ပိုလုပ်နိုင်
အောင် ပေါ့
ကုလား တွေ မြန်မာနိုင်ငံသား
ဖြစ်အောင် လုပ်နေရလို့ပါ
အဲဒါ ပြီးရင် မြန်မာတွေ အတွက်
လုပ်ပေးမှာပေါ့ စု ကို မဲပေးပါအုံး
သမ္မတ ဖြစ်ရင် အလုပ်ပိုလုပ်နိုင်
အောင် ပေါ့
Rubbish english!!!
I never see before this kind of usage,
"ARE U CAN DO" ?
Haahaha....ver y funny
Rubbish English!
I never see before this kind of usage,
"ARE U CA DO" ???
HAHAHAH.....very funny
HOW MUCH TOE NAING MAN GOT MYANMAR LAND AND OTHER THINGS ,WHO IS FUCKING BUSINESS IN MYANMAR ,ALSO TAYZA ,ZAW ZAW,DRUG GROUP AND THAN SWE SAW FAMILY GROUP ,NOW THEY ARE SHOWING LIKE THAT.FUCKING DOING NOTHING IT FOR POOR PEOPLE,THEY SHOULD 75 % OF OWN THEIR MONEY DONATE TO MYANMAR POOR PEOPLE RIGHT NOW.WE WILL CHEER THEM.WIFI IS SMALL THING FOR THEM.WE WILL KEEP IN OUR MINE,ONE DAY WE WILL TAKE BACK ALL FROM THEM AS LIKE AS YEAR 1962 ,NWY WIN STYLE.FUCKING THAN SWE FAMILY,WHO IS VERY INPORTANT AND TAY ZA AND TOE NAINE MAN AND ZAW ZAW AND DRUGH GROUP. WE WOULD LIKE TO SAY ALL ARE MORTHER FUCKER AND NOW OUR MYANMAR FARMER AND VENDER ARE ALMOST VERY POOR IN MYANMAR.MYANR EXPRESS PLEASE ISSUE THE MESSAGE DO NOT DELETE IT .IF YOU DELETE IT YOU ALSO SAME GROUP OF THEM.

ဦးတိုးနိုင်မန်း ကျေးဇူးကြောင့် ဝိုင်ဖိုင် အခမဲ့ သုံးနိုင်တော့မည်
"Redlink ၏ အင် တာနက်ဆားဗစ်အစီအစဉ်များ ကို ဝယ်ယူသုံးစွဲခြင်း မရှိသူများ အနေဖြင့် အဆိုပါ Wi-Fi ထားရှိ ရာနေရာများတွင် Wi-Fi အသုံး ပြုခပေးဆောင်ကာ သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။"
ဘယ်မှာလဲ.. အခမဲ့ သုံးနိုင်မယ်ဆို.. အတော်ရီစရာကောင်းတယ်.. လူတွေက စာမဖတ်တတ်တာကြနေတာဘဲ....
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်