Subscribe to our RSS Feed

အခန်းကျဉ်းပြီး သံတမန်များဖြင့် ပြည့်နေကာ ပါတီဝင်သစ်များက အဟောင်းများကို မသိတာကြောင့် စုစုနွေးတို့ ကို မောင်းထုတ်ခြင်း ဖြစ်ကြောင်း NLD ပြန်ကြားရေးမှ Facebook ပေါ်တွင် သတင်း ထုတ်ပြန်


ပြီးခဲ့တဲ့ စင်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ NLD ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားကို လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး တက်ရောက်ခွင့်မရတာနဲ့ပတ်သက်ပြီး မစုစုနွေးက သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှ မကျေနပ်ချက် တစ်ခုရေးသားခဲ့ရာ NLD ပြန်ကြားရေး တာဝန်ခံ တဦးဖြစ်တဲ့ ဦးကြည်တိုး က အားကျမခံ ဖြေရှင်းချက် ထုတ်ပြန်မှုကို Facebook ကပဲ လုပ်ခဲ့ပါတယ်။




မစုစုနွေးတင်ထားတဲ့ "၀င်ခွင့်မရတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ငွေရတုအခမ်းအနား" ဆိုတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ပေးကြတဲ့မှတ်ချက်များစွာကို ဖတ်ကြည့်ပြီး အနည်းငယ် ရှင်းပြချင်ပါတယ်။ 

အဖွဲ့ချုပ်ရုံးချုပ်အဆောက်အဦးအကျယ်အ၀န်းကိုတော့ အားလုံးသိပြီးသားပါ။ အဖွဲ့ချုပ်အနေနဲ့ ဒီငွေရတု အခမ်းအနားကို ကျယ်ဝန်းသော နေရာတစ်ခုခုမှာ ငှားရမ်းအသုံးပြုလို့ရနိုင်ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ ခမ်းခမ်းနားနား စည်စည်ကားကား ကျင်းပချင်ကြပါတယ်။ ဒါပေမဲ့ ကျတော်တို့ တမင်မလုပ်ခဲ့တာပါ။ 

အဲဒီအတွက်ကုန်ကျမဲ့ သိန်းရာချီငွေတွေကို အလှုရှင်ရှိခဲ့ရင်တောင် အဖွဲ့ချုပ်နဲ့ ဆက်စပ်နေတဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကွန်ယက်များမှတဆင့် တကယ်လိုအပ်နေတဲ့ပြည်သူတွေ အတွက်သုံးမှာဖြစ်တဲ့ အတွက် ကျတော်တို့ အဖွဲ့ချုပ်ရဲ့ ၂၅ နှစ်ပြည့်ငွေရတုပွဲလေးကို ခပ်ကျဉ်းကျဉ်းလေးပဲစီစဉ်ခဲ့ပါတယ်။ 

အဲဒီအခမ်းအနားကို အခြားနိုင်ငံရေးပါတီအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့်သံတမန်များကိုသာ ဖိတ်စာနှင့် တကွ ဖိတ်ကြားခဲ့ပါတယ်။ 

အတွင်းမှာရှိနေတဲ့ အဖွဲ့ဝင်များဟာ အဲဒီနေ့အတွက် တာဝန်ကျတဲ့သူများသာ ဖြစ်ပါတယ်။ ၂၆ ရက်နေ့က ရုံးချုပ်မှာ အစည်းအဝေးလာတက်နေတဲ့ ရပ်ဝေးက တိုင်းနှင့်ပြည်နယ် ဥက္ကဌနဲ့အတွင်းရေးမှုးတောင် နေရာ မပေးနိုင်ခဲ့ပါဘူး။ 

အပြင်မှာပဲ အဖွဲ့ဝင်တွေ ပြည်သူလူထုတွေနဲ့ တသားတည်း နေကြ အားပေးခဲ့ကြရပါတယ်။ ဟုတ်ပါတယ်။ အဖွဲ့ချုပ်ကိုအဖိနှိပ်အချုပ်ခြယ်ခံဘ၀တွေမှာ တစ်သားတည်း ကျောချင်းကပ်လို့ ကြံ့ကြံ့ခံခဲ့ကြတဲ့ ဘ၀တွေ
ပေးဆပ်ခဲ့ကြရတဲ့ အဖွဲ့ဝင်ဟောင်းတွေအားလုံး ခုလိုပွဲမှာအားပေးချင်ကြတာပေါ့။ 

အဖွဲ့ချုပ်ကိုအားပေးတဲ့ထောက်ခံတဲ့ ပြည်သူပြည်သား အယုတ်အလတ်အမြတ်မရွေး တက်ချင်ကြတာပေါ့။ ပါဝင်ဆင်နွဲချင်ကြတာပေါ့။ မပြည့်ဝလိုက်တဲ့ ဆန္ဒကြောင့် ခံစားချက်တွေကိုလည်း နားလည်စာနာမိပါတယ်။ 

မစုစုနွေး ယခုလို ခံစားချက်တွေကို ထုတ်ဖေါ်လိုက်မိတာကိုလည်း နားလည်ပါတယ်။ စာနာမိပါတယ်။ 

မစုစုနွေးခင်ဗျာ၊ လုံခြုံရေးတာဝန်ယူထားရတဲ့ကလေးတွေကိုလည်းနားလည်ပေးပါ၊စာနာပေးပါ၊ သူတို့ အဖွဲ့ဝင်အသစ်ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ အဖွဲ့ဝင်ဟောင်းတွေကို မသိတာဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ 

သတိပြုစေချင်တာတစ်ချက်ကတော့ သူတို့တာဝန်ထမ်းဆောင်နေတာပါ။ အမူအယာ၊အပြောအဆို အားနည်းချက်ရှိရင်လည်း မစုစုနွေးက ကိုယ့်ဘ၀တစ်ခုလုံး အဖွဲ့ချုပ်အတွက် ဒေါ်အောင်ဆန်းစုကြည် အတွက် ဒီမိုကရေစီအရေးတော်ပုံအတွက် ပေးဆပ်အနစ်နာခံခဲ့သူပဲဗျာ။ နားလည်ပေးလိုက်ပါ။ 

စာနာမှုပေးလိုက်ပါ။ အဖွဲ့ချုပ်က သက်သာ ချောမွေ့ ဖြောင့်ဖြူးတဲ့လမ်းပေါ်မှာ အညိမ့်သားလျှောက်နေပြီလို့ မစုစုနွေးမြင်နေရင်တော့၊ ငါတို့က အနစ်နာခံခဲ့ရတာ သူတို့က အခွင့်သားယူလို့ဆိုတဲ့ အတွေးများ ၀င်နေ တယ်ဆိုရင်တော့ အဲဒါ လုံးဝမှားတယ်လို့ ကျတော်ရဲရဲကြီးပြောလိုက်ပါရစေ။ 

ဒီမိုကရေစီတိုက်ပွဲကြီးမပြီးသေးပါဘူး။ တိုက်ပွဲနည်းဗျူဟာနဲ့အသွင်သဏ္ဍန်သာပြောင်းလဲနေတာပါ။ ကျတော်တို့ မစုစုနွေးတို့လို အဖွဲ့ဝင်ဟောင်းတွေ၊ အဖွဲ့ဝင်သစ်တွေအားလုံး အတူတကွ ကျောခြင်းကပ်၊ ရင်ခြင်းအပ်လို့ ဆက်လက်တိုက်ပွဲဝင်ကြရအုန်းမယ်။ 

ဒီလိုအချိန်မျိုးမှာ မစုစုနွေး အမှတ်တမဲ့ ရည်ရွယ် ချက်မဲ့ တင်လိုက်မိတယ့် ပို့စ်ကို အမြတ်ထုတ်ပြီး နည်း အမျိုးမျိုးနဲ့ အဖွဲ့ချုပ်ကိုတိုက်ခိုက်လာကြတာကို မစုစုနွေး သဘောကျနေမယ်လို့ ကျတော်မထင်ပါဘူး။ 

ကျတော်တို့အနစ်နာခံခဲ့ကြရတယ်ဆိုရင်တောင်မှ အဲဒါဟာ ကျတော်တို့ ချစ်မြတ်နိုးစွာရွေးချယ်ခဲ့တဲ့ ခရောင်း လမ်းပါ။ 

အန်တီကိုယ်တိုင်တောင် မနေသာလွန်းလို့ ဒီစကားကိုပြောပြီးသားပါ။ ငွေရတုအခမ်းအနားသို့ တက်ရောက် ခွင့်မရကြတဲ့ အဖွဲ့ဝင်များ၊ ပြည်သူများအနေနဲ့ ရုံးအပြင်လမ်းမပေါ်ကနေ မိုးသဲသဲထဲမှာ တခဲနက်ထောက်ခံ အားပေးမှုပြသခဲ့တာကိုလည်း လေးစားစွာ မှတ်တမ်းတင်လိုက်ပါရစေ။ 

လေးစားမှုဖြင့် 

ကြည်တိုး 

ဗဟိုပြန်ကြားရေး 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 

17 comments:

Why diplomats? Are they also NLDs? Myanmar People beware!!! White Kalars and Black Kalars are coming.. Daw Su is leading them. Followed by NLD and numskulls and Muslims.

တော်လိုက်တာ။ရေးတတ်လိုက်တာ။ရွှီးတတ်
လိုက်တာ။nldတွေမိုက်ရိုင်းတာအခုမှမဟုတ်
ဘူး ပြင်ဦးလွင်တုန်းကလည်းဒီလိုပဲ။အဘွား
ကြီးနဲ့တွေ့ပြီးစာပေးဖို့လာတဲ့မိန်းကလေးကို
ထိုးကြိတ်လွှတ်တာအားလုးံသိတယ်။စုစုထွေး
မို့ဟိုလိုပြောဒီလိုပြောလုပ်တာ။ရီရတယ်။
ဟား-ဟား။

ဝင်ချင်သလား လာထား လာထား
အလကားတော့မရဘူးနော

ဟုတ်ပါတယ် ပါတီဝင်တွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကျောခြင်းကပ် ရင်ခြင်းကပ် တစ်ယောက်ပေါ်တစ်ယောက်ထပ် တက်ခွ ဖင်ခြင်းတွေပူးပြီး တိုက်ပွဲဝင်နေကြတာပါ

BCP had said that no perliment building .So they had done assembly 1985 at Gangle with just Tent at Pansie.They want people symlthy.NLD too doing this way,Last 1962 U Nu win that way using religious, but lost power too.NLD can win by sympthy, but country will becoming problem.They mentioen that they changed tatic. Their target is control power and get rid military.If this is correct, country will trouble.

စောက်ပိုတွေပြောမနေနဲ့ ....

...

nld ကတော့လိမ်လို့ ရရင်လိမ်မှာပဲ။

NLD လူမိုက်များက ဆယ်စုနှစ် တစ်ခုကြာ အတူဖြတ်သန်းခဲ့ကြတဲ့ NLD ပါတီဝင်များကို NLD ပါတီ ၂၅ နှစ်မြောက် ပွဲသို့ ၀င်ရောက်ခွင့် ပိတ်ပင်

2013 September 28

NLD ပါတီအတွင်းတွင် ဒေါ်စုကြည်အနီးရှိ အုပ်စုဖွဲ့ ဂိုဏ်းဂဏဖွဲ့ထားသူများက ပါတီတွင်းရှိ ပြိုင်ဘက်အုပ်စုငယ်များ နှင့် သူတို့ဩဇာကို မနာခံသည့် ပါတီဝင်များကို အနိုင်ကျင့်ရန် နေရာပေးပြီး မွေးထားသော NLD လူမိုက်များက ဆယ်စုနှစ်တစ်ခုကြာ အတူဖြတ်သန်း ပါဝင်ဆင်နွဲခဲ့ကြတဲ့ တကယ့် NLD ပါတီဝင် အစစ်အမှန် အချို့ကို NLD ပါတီရဲ့ ၂၅ နှစ်မြောက် အထိမ်းအမှတ်ပွဲကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

ဒီအထဲမှာမှ မစုစုနွေးရဲ့ သတင်းကတော့ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပလူပျံခဲ့ပါတယ်။ တခြားသော NLD ပါတီ ၂၅ နှစ်မြောက် ပွဲကို ပါဝင်ခွင့်မရခဲ့တဲ့ NLD ပါတီဝင်အချို့လည်း Facebook စာမျက်နှာပေါ်မှာ ပေါက်ကွဲ စာသားတွေနဲ့ အခုလို ရေးသားထားတာတွေ့ရပါတယ်။

“ကျနော်တို့ လူမိုက်ဂိုဏ်းကို ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးတာပါ။ အခုက မြန်မာနိုင်ငံမှာလည်း လူမိုက်ဂိုဏ်း တကယ်ရှိနေပြီ ဆိုတာ ဒီနေ့ NLD လူမိုက်တွေကို မြင်လိုက်ရမှ သိလိုက်ရတယ်။ ရုပ်ရှင်ဇာတ်လမ်းဆန်ဆန် ဖြစ်ရပ်ပေါ့။

NLD ၀င်များ NLD ပါတီ ၂၅ နှစ်မြောက် ပွဲ တက်ရောက်ဖို့ သွားတာကို လက်ရှိ NLD ပါတီဝင် အသစ်တွေက တန်းစီပြီး ပိတ်ဆို့ထားတယ်။ ပွဲတက်ရောက်ဖို့ သွားတဲ့ NLD ပါတီဝင်တွေ ရှေ့ဆက်တိုးရင် NLD လူမိုက်တွေက တစ်ခုခု တုန့်ပြန်မယ်လို့.. ကျွန်တော်ထင်တယ်...

ကျွန်တော်တို့ သွားတယ်ဆိုတာကလည်း ပါတီကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သွားခဲ့ကြတာပါ”

ဟု NLD လူမိုက်များက NLD ပါတီဝင် အစစ်အမှန်များကို NLD ပါတီ ၂၅ နှစ်မြောက် ပွဲတက်ခွင့်
ပိတ်ပင်ခဲ့တဲ့ အပေါ် ၁၉၉၂ ခုနောက်ပိုင်း NLD ပါတီဝင်တစ်ဦးက ပြောပြပါတယ်။

မစုစုနွေးရဲ့ Facebook စာမျက်နှာမှာတော့ အခုလို ရေးသားထားတာကိုလည်း တွေ့ရပြန်ပါသေးတယ်...

ဒီနေ့ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှစ်ဆယ့်ငါးနှစ့်ပြည့် ငွေရတုအခမ်းအနားကို ကျွန်မ သွားပါတယ်။

1990 ခုနှစ်၊ အသက်(၁၈)နှစ် ပြည့်ကတည်းက ဝင်ရောက်ခဲ့တဲ့ ပါတီ။ ကျွန်မဘဝရဲ့ အချိန်ထက်ဝက်ကျော် ပေးဆပ်ခဲ့တဲ့ပါတီ။ စစ်အစိုးရရဲ့ ဖိနှိပ်မှုအမျိုးမျိုးကို ကျွန်မ တတ်စွမ်းနိုင်သလောက် အတူတူ ရုန်းကန် ရင်ဆိုင်ခဲ့ရတဲ့ ပါတီမို့ ကျွန်မနဲ့လည်း သက်ဆိုင်တယ်လို့ ယူဆပြီး သွားရောက်ခဲ့တာပါ။

အတူတူ လက်တွဲ ရင်ဆိုင်ခဲ့ဖူးကြတဲ့ သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက်တွေနဲ့ ဆုံဆည်းချင်တာလည်း ပါပါတယ်။

ဒါပေမဲ့ အခန်းအနား ကျင်းပတဲ့ အရှေ့နားမှာတောင် ကျွန်မ ရပ်ခွင့် မရခဲ့ပါဘူး။ ကျွန်မ မသိတဲ့၊ ကျွန်မကိုလည်း မသိတဲ့ NLD ပါတီဝင် လုံခြုံရေးတာဝန်ကျတွေက ကျွန်မကို ခန်းမထဲကို ဝင်ခွင့်မပေးတဲ့အပြင်၊ အရှေ့မှာ လာမရပ်ဖို့တောင် တားဆီး ဖယ်ရှားခဲ့ကြပါတယ်။ ဒါ့ကြောင့် NLD ငွေရတုပွဲကို ကျွန်မ ပါဝင်ဆင်နွှဲခွင့် မရခဲ့ပါဘူး။

1990 ကတည်းက NLD ပါတီနဲ့အတူ တက်ကြွစွာ လှုပ်ရှားခဲ့ကြသူတွေ အတော်များများလည်း ကျွန်မလိုပဲ NLD ငွေရတုပွဲကို ဝင်ခွင့်မရခဲ့ကြပါဘူး .... ။

Oic, daw su, 88 all r standing from muslim side. We can see now also, daw su and 88 invite the oic to come to myanmar. Now start to fight in than twe(rakhine state). It is not first time.

လူမိုက်တွေကို NLD ပါတီမှာ
နေရာပေးထားတာကြာပီလေ

စုကြည်နားမှာကပ်နေတဲ့ ထမိန်ခြုံကောင်တွေက
လူမိုက်တွေကို NLD ပါတီမှာ နေ၇ာပေးထားပီး
သူတို့အုပ်စုထဲကမဟုတ်တဲ့ ပါတီဝင်တွေကို
လူမိုက်တွေကိုအသုံးချပီး
မိုက်မိုက်၇ိုင်း၇ိုင်းအနိုင်ကျင့်လာတာဘဲ့

ကြည်တိုး ဆိုတဲ့ NLD ကောင်
ဖါသယ်မပါးစပ်နဲ့
ပေါက်က၇တွေေ၇ှာက်ပြောနေလိုက်သေးတယ်
NLD ပါတီကမိုက်၇ိုင်းတာကအခုမှမဟုတ်ဘူး
အမြဲမိုက်၇ိုင်းနေတာလူတွေသိပီးသား
စောက်၇ှက်မ၇ှိဘူးလား
ခွေးမသား

ငါလည်း ကြည့်မရဘူး

မိုးကြိုးကြီးထပစ်တော့မှ..ထန်းလက်ကြီးနဲ့ကာပြန်ပြီ။ ပြင်ဦးလွင်မှာလဲ.. NLD အဖွဲ့ဝင်ဇနီးက အသနားခံစာလေး ဖွားစုကိုလိုက်ပေးဖို့..ရိုးရိုးသားသား ကြိုးစားတာကို ..ထုံးစံအတိုင်း ဘေးက ဦးကြည်တိုးတို့လို ပုဂ္ဂိုလ်တွေက ကောင်မလေးကို ဆွမ်းကြီးလောင်းပြီး..လူ့အခွင့်အရေးချိုးဖောက် ရိုက်နှက် ကန်ကျောက်ကြတယ်လို့..နက်ပေါ်မှာ ဖတ်လိုက်ရတော့..စိတ်ထိခိုက်မိပါတယ်။ ဖွားစုတော့ ဘေးက ဆရာတွေကြောင့် သိက္ခာကျပြီးရင်းကျဖြစ်တော့မှာဘဲ။..အာဏာရရင်..ဦးကြည်တိုးတို့ လမ်းဘေးက တွေ့သမျှလူတွေလိုက်ရိုက်နေအုံးမလားမသိဘူးရှင့်....

အ ခန်း ကျင်း တော့ မှောင် တာ ပေါ့ မှောင် တော့ မ မြင် ရဘူး လေ နောင် ကြ ရင် မျက် နှာ ကိုလက် နဲ့ စစမ်း ကြည့် ပေါ မ သိ ရ သေး ရင် တ ကိုယ် လုးံ စမ်း ကြည့် ပါ သူ့ အ သံ ဟုတ် မ ဟုတ် ရီ ပြ ခိုင်း နောက် ငို ပြ ခိုင်း နောက် ပြိး က ပြ ခိင်း ပေါ့ ဒါ့ ထက် သေ ချာချင် ရင် ဒုံ မိး နဲ့ ထိုး ကြည့် ပါ လွယ် လွယ် ဟာ ကို င တုးံ တွေ

ကိုယ့် ပါတီလေး နှစ်ပတ်လည်တောင် အဆင်
ပြေ အောင် စီစဉ်ဆောင် ရွက် မလုပ်နှိုင် ပဲနဲ့ နိုင် ငံ
အုပ်ချူပ် ချင်သေးတယ် ဘေးနား မှာလည်း
စောက်သုံး မကျတဲ့ ကောင်တွေပဲ ဝိုင်းဝိုင်းလည်
နေတယ်

NLD လူမိုက်ဂိုဏ်းက လူမိုက်တွေက ပြည်သူတွေကိုေ၇ာ ပါတီဝင်အချင်းချင်းကိုေ၇ာ သတင်းထောက်တွေကိုေ၇ာ တောက်ေ၇ှာက်အနိုင်ကျင့်လာတာတွေဟာ စုကြည်က စည်းစနစ်တကျ မထိန်းသိမ်းနိုင်လို့ဆိုတာထင်၇ှားနေတာဘဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်