Subscribe to our RSS Feed

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး နိုဝင်ဘာလဆန်း လက်မှတ်ထိုးမည်

From : ..rfa

aung-min-305
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ ပြည်တွင်းနိုင်ငံရေးပါတီ ၄၀ နီးပါးလောက်နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစိုးရအဖွဲ့ကဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းများအကြောင်း ရှင်းပြစဉ်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လာမယ့် နိုဝင်ဘာလဆန်းပိုင်းမှာ ကျင်းပဖို့ လျာထားပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖိတ်ကြားထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ ပြည်တွင်းနိုင်ငံရေးပါတီ ၄၀ နီးပါးလောက်နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့တာပါ။
ဒီနေ့ ဆွေးနွေးပွဲမှာ တင်ပြခဲ့တာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက အခုလိုပြောပါတယ်။
" နိုင်ငံရေးဆွေးနွေးပွဲ လုပ်လို့ရှိရင် တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုရှိဖို့လိုတယ်၊ ယုံကြည်မှုရှိဖို့နဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ပြင်ဆင်ဖို့ လိုတယ် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ပေးဖို့ အဲ့ဒါတွေ ထည့်သွင်းစဉ်းစားပေးပါဆိုပြီး ဆွေးနွေးခဲ့တယ်၊ ပါတီတွေကို ပြောတယ်ဆိုတာ ပြည်သူတွေကို ပြောတာပဲလေ၊ ပြည်သူကို ချပြတယ် ပြောပြတယ်ဆိုတာ ဒါကောင်းတဲ့ လက္ခဏာတွေ"
ဒီဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးတွေက ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးဖံွ့ဖြိုးတိုးတက်ရေးအတွက် အစိုးရက ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းချက်ကို http://www.rfa.org/burmese/news/peace-november-signature-09292013105459.html/b0929kke.mp3/inline.html မှာ နားဆင်နိုင်ပါတယ်။
 
 
.. www.MyanmarExpress.net
 

4 comments:

အစိုးရဆိုတာ တိုင်းပြည်အေးချမ်းမှ အလုပ်လုပ်ရတာ အဆင်ပြေသူများဖြစ်သည်၊ ထို့ကြောင့် အပစ်အခတ်ရပ်ဆဲရေးကို အမြဲအလိုရှိကြသည်။

သူပုန်ဆိုသူမှာ ကျီလန့်စာစားဖြစ်မှ ဓားပြတိုက်စား၊ ငွေတိုက်ဖောက်စား၊ ပြန်ပေးဆွဲစားလို့ရသူများ ဖြစ်သည်။ ထို့ကြောင့် ဒီအခြေအနေရောက်အောင် လူသတ်၊ မီးရှို့ လမ်းဗုံးထောင်စသည်တို့ လုပ်နေရသူများ ဖြစ်သည်။

ဝန်ကြီဦးအောင်မင်းတို့ စေတနာနှင့် အားထုတ်မှုကို အပြည့်အ၀ ယုံကြည်၏။ သို့သော် တစ်ဖက်အင်အားစုများသည် ငြိမ်းချမ်းရေးယူလို့ တွက်ချေကိုက်လျှင် အပစ်ရပ်လိမ့်မည်၊ သူပုန်လုပ်ပြီး သစ်ခိုး ဆက်ကြေးကောက် ဆက်လုပ်တာ ပိုဝင်ငွေကောင်းလျှင် ဆက်ချကြလိမ့်မည်၊

လူမျိုးစုအရေး တိုင်းရင်းသားအရေးဟု ဗန်းပြပြောဆိုနေသည်များမှာ လိမ်ဆင်တွေဖြစ်သည်၊ သူတို့ လုပ်ရပ်ကြောင့် အများဆုံးသေကျေ ဆင်းရဲရသူများမှာ သူတို့ တိုင်းရင်းသားတွေပင်ဖြစ်သည်၊

အခြေခံဥပဒေအရ ပြည်နယ်သားများ၏ တရားဝင်ရွေးကောက်ခြင်းကို ခံရသူများသည်သာ တိုင်းရင်းသား ခေါင်းဆောင်များ စင်စစ်ဖြစ်တော့သည်၊ နှစ်ချီပြီး သေနတ်ကိုင်မိုက်လုံးကြီးတိုင်း လူမျိုးစု တိုင်းရင်းသား ခေါင်းဆောင်များဟု သတ်မှတ်လို့ မရနိုင်။

Don't worry. Peace process will fail again.. Tat-Ma-Daw will drive them out again. There will be blood shed again. The same old story of Myanmar since 1948. Wise people (like us) will take shelter in Monasteries and live peacefully with our Sayar Daws.

Oic, daw su, 88 all r standing from muslim side. We can see now also, daw su and 88 invite the oic to come to myanmar. Now start to fight in than twe(rakhine state). It is not first time.

ငါ လဲ ထိုး မယ် အိမ် က မိန်း မ နဲ့ ရန်ဖြစ် နေ ရ တာ ငြိး ငွေ့ လာ ပြိ ညိမ်း ချမ်း ရေး လက် မှတ် ထို့း မှ ဖြစ် တော့ မယ် ကြာ လာ ရင် ငတ် တော့ မှာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်