Subscribe to our RSS Feed

စာနယ်ဇင်း ကောင်စီကို သမ္မတ အတည်ပြု ဖွဲ့စည်းမည်

From : Popular


 မြန်မာနိုင်ငံတွင် ပထမဆုံး ဖြစ်လာမည့် စာနယ်ဇင်း ကောင်စီကို လာမည့် ဇွန်လတွင် သမ္မတက အတည်ပြု ဖွဲ့စည်းပေး သွားမည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း က ပြောသည်။
အတည် မပြုရသေးသည့် မီဒီယာ ဥပဒေကြမ်းအခန်း (၄) တွင် ပါဝင်မည့် စာနယ်ဇင်း ကောင်စီကို အမြုတေ အဖွဲ့အစည်း အနေဖြင့် စတင်ဖွဲ့စည်းရာ တွင်မြန်မာ ဂျာနယ် လစ် ကွန်ရက်(MJN) မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း (MJA) နှင့် မြန်မာ သတင်းသမားများ သမဂ္ဂ (MJU) အသင်းသုံးသင်းမှ ကိုယ်စားလှယ် များ ပါဝင်ရန် ဖိတ်ကြားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းက ယခုလ ၁၃ ရက်နှင့် ၁၄ ရက် တို့တွင် ပြောသည်။
ထို့အပြင် ပြည်ထောင် စုဝန်ကြီးက ဖွဲ့စည်းမည့် စာနယ်ဇင်းကောင်စီ နှင့် ပတ်သက်၍ သဘောထားနှင့် အကြံပြုချက်များ ပေးရန်လည်း ထိုအသင်းများသို့ ပြောကြားခဲ့ သည်။
ကောင်စီတွင် ပါဝင်မည် ဆိုပါ ကအသင်းများမှ အမည် စာရင်းများ နှင့် အကြံပြူချက် သဘောထားများ ကို ယခုလ မကုန်မီ ပြန်ကြားရေးသို့ ပေးအပ်ရမည် ဖြစ်သည်။
စာနယ်ဇင်း ကောင်စီသည် လွတ်လပ်သော အဖွဲ့အစည်း အဖြစ် တည်ရှိသင့်ပြီး အစိုးရ၏ လွှမ်းမိုးချုပ်ကိုင်မှု မရှိဘဲ သီးသန့် ဖြစ်သင့်သည် ဟု သတင်းစာပညာ သင် ကြားပေး သူတစ်ဦးက ပြောသည်။
ဆက်ပြီး ၄င်းက လွတ်လပ်သော အဖွဲ့အစည်း အနေဖြင့် ကောင် စီကရှိနေမှသာ စတုတ္ထ မဏ္ဍိုင်မှ အုပ်ချုပ်ရေး၊ တရား စီရင်ရေးနှင့် ဥပဒေ ပြုရေး မဏ္ဍိုင် သုံးရပ်ကို ထောက်ပြ ဝေဖန်ရာတွင် ကြားနေ အဖြစ် တည့်မတ် ပံ့ပိုးပေးနိုင်မည်ဟု ပြောသည်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်