Subscribe to our RSS Feed

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိက္ခ ကြောင့် လူ သုံးသောင်းကျော်ကို ကယ်ဆယ်ရေးစခန်းများတွင်စောင့်ရှောက်ထားရှိ


From : စောမြင့်သန်း (ပေါက်တော) စစ်တွေ YPI

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိက္ခ ကြောင့် လူ သုံးသောင်းကျော်ကို ကယ်ဆယ်ရေးစခန်းများတွင်စောင့်ရှောက်ထားရှိ

ရခိုင်ပြည်နယ် ရှိ မြို့နယ် အသီးသီးတွင် ဖွင့်လှစ်ထားရှိသော ကယ်ဆယ်ရေးစခန်းပေါင်း ၃၇ခု ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် တိမ်းရှောင်ခဲ့ရသော အဖွဲ့များ စုစုစည်းစည်းဖြင့်နေနိုင်ရန် အတွက် ကယ်ဆယ်ရေးစခန်း ပေါင်း (၃၇) ခုကို လက်ရှိအနေဖြင့် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါကယ်ဆယ်ရေး စခန်းများတွင် လူဥင်္ီးရေပေါင်း ၃၁၈၈၄ ဦး ရောက်ရှိခိုလှုံနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ကယ်ဆယ်ရေးစခန်းများသို့ မရောက်ရှိကြသေး သူများလည်း ရှိကြောင်း သိရသည်။

" ပဋိပက္ခကြောင့် တိမ်းရှောင်နေရသူတွေ စုစုစည်းစည်းနေနိုင်ဖို့ ကျွန်တော်တို့ စခန်း ၃၇ ခု ကိုလက်ရှိ ဖွင့်လှစ်ပြီး ဖြစ်ပါတယ် စုစုပေါင်း လူဦးရေ ၃၁၈၈၄ ဦး ရောက်ရှိနေပါတယ်။ စခန်းကို မရောက်ကြသေး တဲ့သူတွေ လည်း ရှိပါလိမ့်မယ်" ဟု နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း က ပြောကြားသည်။

အလားတူ စစ်တွေမြို့တွင်လည်း ရခိုင်တိုင်းရင်းသားများအတွက် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၁၅ ခုအထိ ရှိပြီး လူဦးရေ ၅၆၉၀ ရှိကြောင်း သိရသည်။ မူစလင်လူမျိုးများအတွက် စုစည်းနေထိုင်ရန် စခန်း (၂)ခုဖွင့်လှစ်ပေးထားပြီး မူစလင်လူမျိုး ၁၈၈၈၆ ဦးအား သဲကျောင်းရွာတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထား ကြောင်း သိရသည်။

စစ်တွေမြို့တွင် ရခိုင် လူမျိုးနှင့် မူစလင်လူမျိုး စုစုပေါင်း ၂၄၅၇၆ ဦး ရှိကြောင်း နှင့် ရသေ့တောင်တွင် ကယ်ဆယ်ရေးစခန်း ၁၄ နေရာ ရှိပြီး သင့်တော်ရာ ဘုန်းကြီးကျောင်းများ နှင့် စာသင်ကျောင်းများတွင် ကယ်ဆယ်ရေးစခန်း ဖွင်လှစ်ထားရှိပြီး လူဦးရေ ၃၁၀၄ ဦး ရှိကြောင်း သိရသည်။

ပုဏားကျွန်းတွင် ကယ်ဆယ်ရေး စခန်း ၄ နေရာ ဖွင့်လှစ်ထားပြီး လူဦးရေအားဖြင့် ၂၇၀၄ ဦး ရှိကြောင်း သိရ သည်။ ပေါက်တောမြို့တွင် မူစလင် လူမျိုးများ အတွက် ကယ်ဆယ်ရေးစခန်း ၂ ခုဖွင့်ထားကာ မူစလင်လူမျိုးဦးရေ ၁၅၀၀ ရှိကြောင်း သိရသည်။

Myanmar Express

1 comments:

Hi, friends! I have found Myanmar news on FFI. check it
မြန်မာညီအစ်ကိုများ ကွန်မန့် လေးတွေ ကူညီရေးသားကြပါအုန်း

http://www.faithfreedom.org/features/news/muslims-riots-in-burma-leaves-a-trail-of-death-and-devastation/

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်