Subscribe to our RSS Feed

စစ်တွေမြို့နယ်အတွင်းရှိ မြို့နယ် ၄ ခု ကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်

From : အောင်ဘုန်း


၂၀၁၂ ခုနှစ် ဇွန်လ(၁၅)ရက်နေ့မှ စတင်၍ စစ်တွေမြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ခုကို တားမြစ်ဧရိယာအဖြစ် သတ်မှတ်ထားပြီး လုံခြုံရေးတင်ကြပ်ရန် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရှိရသည်။ တားမြစ်ထားသည့်ရပ်ကွက်(၄)ခုမှာ နာဇီရပ်ကွက်၊ စက်ရုံစုရပ်ကွက်၊ ကုန်တန်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက် တို့ဖြစ်ကြောင်းသိရသည်။ အဆိုပါ တားမြစ်ထားသည့်ရပ်ကွက်(၄)ခုအတွင်းနေထိုင်သော လူမျိုးခြားများမှာပြင်ပသို့ထွက်ခွာခြင်းမပေးကြောင်း၊ ထို့အတူပြင်ပမှရခိုင်လူမျိုးများကိုလည်း အတွင်းသို့ဝင်ခွင့်မပြုကြောင်းသိရှိရသည်။ စစ်တွေမြို့နယ်အတွင်းရှိ နေအိမ်များကို မီးရှို့ရန်နှင့် ဆူပူအောင်ဆောင်ရွက်သူများနှင့်ကျူးလွန်သူဟု ယူဆသူများကို ဖမ်းဆီးစစ်ဆေးထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရှိ ကွပ်ကဲရေးရုံးမှ သိရှိရသည်။ ဇွန်လ(၁၃)ရက်နေ့နံနက်ပိုင်းတွင် (၄)ဦး၊ ညပိုင်းတွင် ၂၉ ဦး၊ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် (၂)ဦး၊ ညပိုင်းတွင်(၁၄) ဦးတို့ဖြစ်ကြောင်းသိရှိရသည်။ အဆိုပါဖမ်းဆီးစစ်ဆေးနေသူများထဲမှ ၁၃ ဦးကို အာမခံပေးခဲ့ပြီး ကျန်လူများကို ဖမ်းဆီးထားဆဲရှိကြောင်းသိရှိရသည်။


 Myanmar Express 


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်