စစ်တွေမြို့ မြို့သူကြီးရပ်ကွက် မီးလောင်မှု ယနေ့ နံနက်တွင် ဖြစ်ပွား ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့ သူကြီးရပ်ကွက်တွင် ယနေ့ နံနက် ၁ နာရီခန့်က ဘင်္ဂါလီ များ ၀င်ရောက်မီးရှို့မှုကြောင့် မီးလောင်မှု ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်တွေတွင် စတင်တည်ငြိမ်စပြုနေပြီဟု ဇွန်လ ၁၄ ရက်နေ့များတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦး က ပြည်တွင်း / ပြည်ပ မီဒီယာများကို အသိပေးပြောကြားခဲ့သော်လည်း မီးလောင်မှု ဖြစ်စဉ် အချို့ ရှိနေသေးကြောင်း သိရသည်။
ယနေ့ ဇွန် ၁၅ ရက် နံနက် ၁ နာရီခန့်ကလည်း စစ်တွေမြို့ မြို့သူကြီးရပ်ကွက် သည် ရခိုင်လူမျိုးများ အများဆုံးနေထိုင်သည့် ရပ်ကွက်ဖြစ်ပြီး ဘင်္ဂါလီ အချို့လည်း နေထိုင်လျက် ရှိကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင်မူ အဆိုပါ ဘင်္ဂါလီ လူမျိုးများသည် မြို့သူကြီး ရပ်ကွက် (ပါဒလိတ်ချိတ်) တွင် ဘင်္ဂါလီများက မိမိအိမ်ကို ကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးသွားသဖြင့် ရခိုင်လူမျိုးတို့ ၏ နေအိမ်အပါအ၀င် အိမ်အလုံး ၆၀ ခန့် မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
မီးလောင်ရာသို့ မီးသတ်ကား ၄ စီး နှင့်အတူ ဒေသခံပြည်သူများ ကပါ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် နံနက် ၄ နာရီဝန်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်