Subscribe to our RSS Feed

ဥပဒေပြု လွှတ်တော်သို့ လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီ အာဏာလွှဲပြောင်းပေးအပ်

From : မြဝတီ


(ထရီပိုလီ သြဂုတ် ၉)
လစ်ဗျား အသွင် ကူးပြောင်းရေး ကောင်စီက အသစ် ရွေးချယ် တင်မြှောက် ထားသည့် ဥပဒေပြု လွှတ်တော် အဖွဲ့ အား အာဏာ လွှဲပြောင်း ပေးအပ်ခြင်း အခမ်း အနားကို သြဂုတ် ၈ ရက် ညပိုင်း က မြို့တော် ထရီပိုလီ ၌ ကျင်းပခဲ့ ကြောင်း သိရသည်။

လစ်ဗျား ခေါင်းဆောင် ဟောင်း မူအာ မာဂ ဒါဖီ ၏ နှစ်ပေါင်း လေးဆယ်ကျော် အုပ်ချုပ်မှု ချုပ်ငြိမ်းခဲ့ ရပြီး တစ်နှစ် အကြာ တွင် အသွင် ကူးပြောင်းရေး ကောင်စီ ဥက္ကဋ္ဌ မူစတာ ဖာအဗ္ဗဒူ ဂျာလီက ဇူလိုင် ၇ ရက်တွင် ရွေးချယ် တင်မြှောက် ခဲ့သည့် ကိုယ်စားလှယ် ၂ဝဝ ဦး ပါဝင်သည့် ဥပဒေပြု လွှတ်တော် ဥက္ကဋ္ဌ မူဟာမတ် အလီ ဆာလင် ထံသို့ လွှဲပြောင်း ပေးအပ် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခမ်း အနားသို့ အသွင် ကူးပြောင်းရေး ကောင်စီ အဖွဲ့ ဝင်များ၊ လူမှု အဖွဲ့ အစည်း များမှ ကိုယ်စား လှယ်များ နှင့် သံတ မန်များ တက်ရောက် ခဲ့ကြောင်း သိရသည်။ ဥပဒေပြု လွှတ်တော် အဖွဲ့ သည် ကြားဖြတ် အစိုးရ အဖွဲ့ကို ဖွဲ့စည်း သွားမည် ဖြစ်ပြီး နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို ရေးဆွဲ ၍ ရွေးကောက် ပွဲများ မတိုင်မီ အထိ အုပ်ချုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဥပဒေပြု လွှတ်တော် အဖွဲ့ သည် ဥက္ကဋ္ဌ အသစ် နှင့် ဒုတိယ ဥက္ကဋ္ဌ အသစ် နှစ်ဦးတို့အား တစ်ပတ် အတွင်း အမည် စာရင်းကြေ ညာရန် သဘော တူညီခဲ့ ကြောင်း သိရ သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်