Subscribe to our RSS Feed

တောင်သူတွေအတွက် ကွန်မိုဒီတီအိတ်ချိန်း ဖော်ဆောင်မည်


From : ခေတ်လူငယ်

တောင်သူတွေ ထုတ်ကုန်ပစ္စည်း ရောင်းချရာမှာ နစ်နာမှုမဖြစ်အောင် commodity exchange တွေ ဖွင့်ပေးဖို့ အစီအစဉ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။ Commodity exchange (ကုန်ပစ္စည်း အပြန်အလှန် ရောင်းဝယ်တဲ့နေရာ) ဆိုတာက တွင်းထွက်ပစည်း၊ စိုက်ပျိုးရေးပစ္စည်းတွေ အရောင်းအဝယ် လုပ်လို့ရသလို လက်ရှိပစ္စည်းတွေနဲ့ မထွက်သေးတဲ့ ကုန်ပစ္စည်းတွေကိုလည်း အရောင်းအဝယ်လုပ်လို့ရတဲ့ နေရာဖြစ်တယ်လို့ သိရတယ်။ Commodity exchange က ဂိုဒေါင်တွေမှာ ပဲဆန်တွေ ထားလိုက်တာနဲ့ အဲသည်လူကို စလစ်ပေးလိုက်တယ်။ ဥပမာ- ပဲတင်း ၁၀၀ ထားလို့ ဈေးမကြိုက်လို့ မရောင်းချင်သေးဘူးဆိုရင် ပေးလိုက်တဲ့ စလစ်ကို ဘဏ်မှာ သွားပေါင်လို့ ရတယ်။ ရောင်းလို့လည်း ရတယ်။ အိတ်စပို့ လုပ်ချင်ရင်လည်း တန်းလုပ်ပေးလိုက်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။ ကြိုရောင်းကြိုဝယ် လုပ်တာတွေဟာ ဈေးအတက်အကျ ကြမ်းလာတာ၊ အပြောင်းအလဲဖြစ်တာနဲ့ တချို့ကုန်သည်တွေက ကတိပျက်တာ၊ ထွက်ပြေးတာတွေ ရှိတဲ့အတွက် လယ်သမားတွေ အဓိက နစ်နာကြရတာ ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနဲ့ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကပဲ “commodity exchange မလုပ်လို့ မဖြစ်ဘူး။ မလုပ်ရင် ဈေးအပြောင်းအလဲဖြစ်တာနဲ့ ကုန်သည်တွေ ထွက်ပြေးမယ်၊ အဲဒီအခါ တရားစွဲရမယ်၊ နောက်ဆုံး လယ်သမားတွေ နစ်နာရတယ်၊ commodity exchange အောတိုမက်တစ် အရောင်းအဝယ် ဖော်ဆောင်ပြီးသား ဖြစ်မယ်၊ အရောင်းအဝယ်လုပ်တာနဲ့ တစ်ခါတည်း အခွန်ဆောင်ပြီးသားဖြစ်လို့ နိုင်ငံတော်ကလည်း အခွန်ကို ပြတ်ပြတ်သားသား ရမယ်” လို့ ပြောပါတယ်။ Commodity exchange ထဲမှာတော့ ပဲဈေး၊ ရွှေဈေးနဲ့ ဆန်ဈေးကွက်တွေ ပါဝင်မှာဖြစ်ပြီး ရန်ကုန်၊ မန္တလေးနဲ့ မုံရွာမြို့တွေမှာ တည်ဆောက်မှာ ဖြစ်တယ်လို့ ဆိုတယ်။ အဲသည်မြို့တွေရဲ့ ဆိပ်ကမ်းတွေကို အသုံးပြုနိုင်ဖို့အတွက် မြစ်နား၊ ကမ်းနားမှာ ဂိုဒေါင်တွေ တည်ဆောက်မှာ ဖြစ်တယ်လို့ ဆွေးနွေးပွဲက သိရကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်