Subscribe to our RSS Feed

မြန်မာ-စင်ကာပူ နှစ်နိုင်ငံပူးပေါင်း ၍ အချိုရည်နှင့် ဘီစကွတ်စက်ရုံ တည်ထောင်

From : မြဝတီ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးသည် ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့မှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးတင်စိုး၊ တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၁၄ ရက် နံနက် ၈ နာရီက မင်္ဂလာဒုံစက်မှုဇုန် ကုမ္ပဏီ လီမိတက်သို့ရောက်ရှိပြီး မြေကွက် အမှတ် B-67 ၌ မြန်မာ URC ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်မည့် စားသောက်ကုန် ထုတ်လုပ်ရောင်းချမည့် စက်ရုံမြေနေရာကို လည်းကောင်း၊ ရွှေပြည်သာစက်မှုဇုန် (၁)မြေတိုင်းအမှတ် (၅၁)မြေကွက်၌ ဆောက်လုပ်မည့် ကောင်းထက်မြန်မာ ကုမ္ပဏီလီမိတက်၏ အချိုရည်နှင့် ဘီစကွတ်စက်ရုံမြေ နေရာကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ကမာရွတ်မြို့နယ် ရွှေပိတောက်ရိပ်မွန်ရှိ Kaung Htet (Myanmar Manufacturing & Distribution Co.,Ltd.) ရုံးခန်း၌ စင်ကာပူနိုင်ငံရှိ ကုမ္ပဏီများနှင့် ပြည်တွင်းမိတ်ဖက် ကုမ္ပဏီတို့၏ သဘောတူညီ ချက်ဖြင့် မြန်မာနိုင်ငံ၌ တည်ဆောက်မည့် အချိုရည်နှင့် ဘီစကွတ်စက်ရုံ တည်ထောင်ပြီး ပူးပေါင်းဆောင်ရွက် သွားမည့် အစီအစဉ်များအား တိုင်းဒေသကြီး ဝန်ကြီးနှင့်အဖွဲ့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


Photo: စက်ရုံသစ်များ မြန်မာ-စင်ကာပူ နှစ်နိုင်ငံပူးပေါင်းတည်ဆောက် အချိုရည်နှင့် ဘီစကွတ်စက်ရုံ တည်ထောင်  ရန်ကုန် သြဂုတ် ၁၈  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးသည် ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့မှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးတင်စိုး၊ တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၁၄ ရက် နံနက် ၈ နာရီက မင်္ဂလာဒုံစက်မှုဇုန် ကုမ္ပဏီ လီမိတက်သို့ရောက်ရှိပြီး  မြေကွက် အမှတ် B-67 ၌ မြန်မာ URC ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်မည့် စားသောက်ကုန် ထုတ်လုပ်ရောင်းချမည့်    စက်ရုံမြေနေရာကို လည်းကောင်း၊ ရွှေပြည်သာစက်မှုဇုန် (၁)မြေတိုင်းအမှတ် (၅၁)မြေကွက်၌ ဆောက်လုပ်မည့် ကောင်းထက်မြန်မာ ကုမ္ပဏီလီမိတက်၏ အချိုရည်နှင့် ဘီစကွတ်စက်ရုံမြေ နေရာကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်မည့် အစီအစဉ်များကို  ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ကမာရွတ်မြို့နယ် ရွှေပိတောက်ရိပ်မွန်ရှိ Kaung Htet (Myanmar Manufacturing & Distribution Co.,Ltd.) ရုံးခန်း၌ စင်ကာပူနိုင်ငံရှိ ကုမ္ပဏီများနှင့် ပြည်တွင်းမိတ်ဖက် ကုမ္ပဏီတို့၏ သဘောတူညီ ချက်ဖြင့် မြန်မာနိုင်ငံ၌ တည်ဆောက်မည့် အချိုရည်နှင့် ဘီစကွတ်စက်ရုံ တည်ထောင်ပြီး ပူးပေါင်းဆောင်ရွက် သွားမည့် အစီအစဉ်များအား တိုင်းဒေသကြီး ဝန်ကြီးနှင့်အဖွဲ့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ပြီးနောက် တိုင်းဒေသကြီး  ဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်