Subscribe to our RSS Feed

ဘရာဇီးနိုင်ငံဆရာဝန်များ လူ့ဦးခေါင်းသို့ စိုက်ဝင်ခဲ့သော ခြောက်ပေရှည်သည့် သံချောင်း အောင်မြင်စွာ ဖယ်ရှား

From : မြဝတီ

(ရီယိုဒီဂျနေးရိုး သြဂုတ် ၁၈)
ဘရာဇီး နိုင်ငံ အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှ အသက် ၂၄ နှစ် အရွယ် အီဒူရာဒို လီတေး ဆိုသူ ဆောက်လုပ်ရေး လုပ်သားတစ်ဦးသည် ၄င်း၏ ဦးခေါင်းသို့ ခြောက်ပေ ရှည်သော သံချောင်း တစ်ချောင်း စိုက်ဝင် ခဲ့သည့် အတွက် ရီယိုဒီဂျနေး ရိုးမြို့ရှိ မီးဂယ်ကူတို ဆေးရုံသို့ အသက်ရှင် လျက် ရောက်ရှိ လာခဲ့ရာ အဆိုပါ ဆေးရုံမှ ဆရာဝန်များက ၄င်း၏ ဦးခေါင်းတွင် စိုက်ဝင်နေသောမှ သံချောင်းကို အောင်မြင်စွာ ဖယ်ရှား နိုင်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရသိရသည်။

အဆိုပါ သံချောင်းသည် အဆောက် အအုံ၏ ငါးလွှာမှ ပြုတ်ကျလာ ခြင်းဖြစ်ပြီး ၄င်း၏ ဦးခေါင်း တွင် ဆောင်းထားသော ဦးထုပ်ကို ထိုးဖောက်၍ ဦးခေါင်းသို့ စိုက်ဝင်ခဲ့ပြီး မျက်စိနှစ်ခု ကြားမှ ဖြတ်၍ ထိုးဖောက် ထွက်လာ ခဲ့ကြောင်း၊ ၄င်းသည် အသက်ရှင်လျက် ဆေးရုံသို့ ရောက်ရှိလာ ခဲ့ကြောင်း ၊ ဆေးရုံမှ အကြီး အကဲဖြစ်သူ လူဝစ်ဇ် အလက်ဇန်းဒါး အက်ဆင်ဂျာက သြဂုတ် ၁၇ ရက်တွင် ပြောကြား ခဲ့သည်။

ထို့နောက် ၄င်း၏ ဦးခေါင်းကို စစ်ဆေး မှုများပြုလုပ်ခဲ့ရာ ဆရာဝန်များက ငါးနာ ရီကြာခွဲစိတ် ကုသမှု ပြုလုပ်ခဲ့ ကြောင်း၊ ဦးခေါင်းမှ သံချောင်းကြီးကို ဆရာဝန်များက အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ကြောင်း အက်ဆင်ဂျာက ဆက်လက် ပြောကြားခဲ့သည်။ အဆိုပါ သံချောင်းကို ဖယ်ရှား နိုင်ခဲ့သော်လည်း ၄င်းသည် ဆေးရုံတွင် အနည်းဆုံး နှစ်ပတ်ကြာ ကုသမှုခံယူရ ဦးမည်ဖြစ် ကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်