Subscribe to our RSS Feed

ပြည်ပမီဒီယာများ၏ မသာမာမှုများကို မျက်ဝါးထင်ထင် သူတို့  မြင်တွေ့ သွားခဲ့ ရလေပြီ


From : ခိုင်အောင်ကျော် ( နယူးယောက် )

ရခိုင်ပြည်နယ်၌ ဖြစ်ပျက်နေသော ပဋိပက္ခများမှာ ပြည်ပမီဒီယာများကြောင့် မီးခိုးမဆုံး မြေဆုံး အကြီးအကျယ် ဂယက်ထဖြစ်ခဲ့ သည် ။ လက်နက်ဆိုလို့  အပ်တိုတချောင်းပင် မကိုင်ခဲ့ ရသော ရခိုင်လူမျိုးများမှာ ကမ္ဘာကျော် လူသတ်သမားတွေလို ဖြစ်ခဲ့ သည် ။ လက်နက်ကိုင်ထားသော စစ်တပ်ကလည်း တချက်မျှ မပစ်ခတ်ခဲ့ ရဘဲနှင့် လူသတ် ၊ မုဒိမ်းကျင့် ၊ ဓါးပြတိုက်သူများအဖြစ် စွပ်စွဲခံခဲ့ ရသည် ။ ယင်းသို့  စွပ်စွဲမှုများစွာဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားသော ရခိုင်ပြည်နယ်ကို ကုလသမ္မဂမှ တပ်များ မစေလွှတ်ခင် နိုင်ငံတကာက သံအမတ်တွေ စုလာကြသည်လား မပြောတတ် ။ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေးစုံစမ်း စစ်ဆေးရေး အစီရင်ခံစာ တင်သွင်းသူ ကင်တာနားပါ လာသည် ။ သူတို့ တွေကို မြန်မာအစိုးရမှ ရန်ကုန်ရှိ နိုင်ငံခြားရေးဝန်ကြီးဟောင်းရုံးခမ်းမမှာပင် သတင်းစာရှင်းလင်းပွဲ ပေးခဲ့ သည် ။

နောက် ရခိုင်ပြည်နယ်သို့  ဒုက္ခသည်များနှင့် မျက်နှာစုံညီ တွေ့ ဆုံနိုင်ရန် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရက စီစဉ်ဆောင်ရွက်ပေးခဲ့ သည် ။ ရခိုင်ပြည်နယ်အနှံ့ ဒုက္ခသည်များရှိရာ စခမ်းတိုင်းတွင် သူတို့ တွေ တွေ့ ဆုံကြသည် ။ ပြီးနောက် နယ်စပ်ရေးရာဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်မှူးကြီး သိန်းဋ္ဌေး နှင့် သံတမန်များ ၊ ကုလသမ္မ၈ အထူးကိုယ်စားလှယ် Mr Tomas Qjea Quintanas ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ၀န်ကြီးများသည် ရခိုင်ပြည်နယ်အစိုးရရုံး၌ ကျင်းပသည့် ရခိုင်ပြည်နယ် သံတမန်လေ့လာရေး ခရီးစဉ်အပေါ် ပြန်၍သုံးသပ်သည့် အစည်းအဝေး ကို သြဂုတ်လ-၁-ရက်နေ့ တွင် ပြုလုပ်ကြသည် ။

အင်ဒိုးနီးရှား ၊ ကမ္ဘောဒီးယား ၊ ဘရာဇီး ၊ ကူဝိတ်၊ လာအို ၊ ဆော်ဒီအာရေဗီးယား ၊ ပါကစ္စတန် ၊ အီဂျစ် ၊ အိန္ဒိယနိုင်ငံ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ သံတမန်တို့ က ယခုလို သုံးသပ်ကြသည် ။ မိမိတို့ ၏ ခရီးစဉ်မတိုင်မှီ ပြည်ပသတင်ဋ္ဌါနများနှင့် မီဒီယာအမျိုးမျိုးမှတဆင့် သိရှိခဲ့ ရသည့်  အတည်ပြုနိုင်ခြင်းမရှိသော အကြောင်းအရာနှင့် သတင်းအချက်အလက်များသည် ဇူလိုင်လ-၃၀ရက်တွင် ပြုလုပ်ခဲ့ သော သတင်းစာရှင်းလင်းပွဲပါ အချက်အလက်များ ၊ ယခုမြေပြင်တွင် ကိုယ်တွေ့  တွေ့ မြင်ခဲ့ ရသော ပကတိ လက်ရှိအခြေအနေမှန်များသည် လွန်စွာကွာဟလျှက်ရှိပါကြောင်း ၊ မြန်မာနိုင်ငံအစိုးရမှ ရိုးသားပွင့်လင်းစွာ ကိုယ်တွယ်ဖြေရှင်း ဆောင်ရွက်နေသည်ကို တွေ့ မြင်ရ၍ အထူးပင် လေးစားဂုဏ်ယူကြရပါကြောင်း သုံးသပ်ပြောဆိုတင်ပြခဲ့ ကြသည် ။

သံတမန်များက သူတို့ နိုင်ငံအစိုးရထံတွင် အဖြစ်ပျက်အမှန်များကို တင်ပြသွားပါမည်ဖြစ်ကြောင်းလည်း ပြောဆိုသွားသည်ကို တွေ့ ရသည် ။ ထို့ ကြောင့် ကမ္ဘာ့အလယ်တွင် ကမ္ဘာကျော် လူသတ်သမားလို နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ သော ရခိုင်လူမျိုးများနှင့် တပ်မတော်သည်လည်း နိုင်ငံတကာ အစိုးရများ၏ အလယ်တွင် သိက္ခာမကျ ဖြစ်ကြရပါပြီ ။ ဗြိတိန်နိုင်ငံတွင် မွတ်ဆလင်ဘာသာဝင်တွေ မြန်မာနိုင်ငံမှာ -၂၀၀၀၀- ကျော် သေဆုံးနေရပါသည်ဟု စာတမ်းထိုးကာ ဆန္ဒပြနေသောသူတို့ သည်လည်း ယခုလို နိုင်ငံတကာ သံတမန်များ၏ အမြင်များကို သိရှိသွားကြပြီဖြစ်ရာ ဆက်၍ ကမ္ဘာကို လိမ်ညာမရမှန်းတော့ သိလောက်ပါပြီ ။

နိုင်ငံတကာသံတမန်များနှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် ကင်တာနားတို့ မှာ ယခုမှ ပြည်ပမီဒီယာတို ၏ မသာမှုများကို မျက်ဝါးထင်ထင် တွေ့ မြင်ကြရပါပြီ ။ သူတို့ တွေ လုပ်၍ ကမ္ဘာတည်သရွေ့ ကျွန်ဘ၀လုံးလုံးဖြစ်သွားမည့် လူမျို၍ လူမျိုးပျောက်သွားမည့် အရေးကို ယခုတော့ မြန်မာနိုင်ငံအစိုးရနှင့် တကွ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ မှ အသက်ပေးကာကွယ် စောင့်ရှောက်ခဲ့ ကြပါပြီကော ။ ဤနေရာမှနေ၍ သမ္မတကြီး ဦးသိန်းစိန်ကိုလည်း အထူးပင်လေးစား ကျေးဇူးတင်ပါကြောင်း ပြောကြားလိုသည် ။ ဘဘဦးတင်ဦးနှင့် -၈၈- ကျောင်းသားခေါင်းဆောင် ကိုကိုကြီး တို့ ကိုလည်း အထူးပင် ကျေးဇူးဥပကာရ ပြုပါကြောင်း မှတ်တမ်းတင်ထားပါကြောင်း ပြောကြားလိုပါသည် ။ တချိန်တည်းမှာပင် နိုင်ငံရေးခေါင်းဆောင်တဦးပီပီ ဒေါ်အောင်ဆန်းစုကြည်၏ နယ်ခြားချင်းကပ်လျှက်ရှိနေသော နှစ်နိုင်ငံမှာ နယ်စပ်ဖြတ်ကျော်မှုများ ရှိနေတတ်၍ ခိုးဝင်မှုများ ၊ လျော့ရည်းနေသော တရားဥပဒေစိုးမိုးမှုများ ၊ လာဘ်စားမှုများကို ပပျောက်သွားရန် ဆောင်ရွက်ရမည် ဆိုသော စကားကိုလည်း လေးလေးနက်နက် ထောက်ခံသည် ။ စင်စစ်အားဖြင့် ယခုအချိန်တွင် ပြည်သူ့ လွှတ်တော်မှ ဥပဒေတရပ်ဖြင့် ဆောင်ရွက်ရမည့် လူဝင်မှု ဥပဒေကို ရေးဆွဲ ရမည်ဖြစ်သည် ။ ခိုးဝင်လာသူများအား နယ်နှင်ဒဏ်ပေးရမည့်သူများကို စိစစ် ဆောင်ရွက်ရန် လိုနေပြီဖြစ်သည် ။ မည်သို့ ပင်ဆိုစေ ခုတော့ ပြည်ပမီဒီယာများ၏ မသာမာမှုများကို သံတမန်များ ၊ အစိုးရများ ၊ ကုလသမ္မဂမှ တာဝန်ရှိသူများမှာ မျက်ဝါးထင်ထင် မြင်တွေ့ သွားကြပါလေပြီ ။။။။။။။။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်