Subscribe to our RSS Feed

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ကျောင်းပေါင်း ၄၈၀ ကျော် ခေတ္တပိတ် ထားရ

From : .MRTV4

ဧရာဝတီတိုင်း ဒေသကြီး အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မြစ်ရေကြီးမှု တွေကြောင့် မြို့နယ်ပေါင်း ၁၃ မြို့နယ်ရှိ အခြေခံပညာ ကျောင်းပေါင်း ၄၈၀

ကျော်ကို ခေတ္တပိတ်ကာ ပညာသင်ကြားမှုများ ရပ်ဆိုင်းထား ရတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို တိုင်းဒေသကြီး အတွင်း ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှု တွေကြောင့် ပုသိမ် မြို့နယ်ရှိ အခြေခံပညာ ကျောင်း ၉၀ ကျော်၊ ကန်ကြီးတောင့် မြို့နယ်ရှိ အခြေခံပညာကျောင်း ၄၀ ကျော်၊ ကျောင်းကုန်း မြို့နယ်ရှိ အခြေခံပညာကျောင်း ၇၀ ကျော်၊ ကျုံပျော် မြို့နယ်ရှိ အခြေခံပညာကျောင်း ၂၀ ကျော်နဲ့ ရေကြည် မြို့နယ်ရှိ အခြေခံပညာကျောင်း ၅၀ ကျော်တို့ကို ယာယီ ပိတ်ထား ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် သာပေါင်း မြို့နယ်မှ အခြေခံပညာ ကျောင်းပေါင်း ၁၀၀ ကျော်၊ ဇလွန် မြို့နယ်မှ အခြေခံပညာကျောင်း ၂၀ ကျော်၊ လေးမျက်နှာ မြို့နယ်မှ အခြေခံပညာကျောင်း ၁၄ ကျောင်း၊ အင်္ဂပူ မြို့နယ်မှ အခြေခံပညာကျောင်း ၇ ကျောင်းနဲ့ အိမ်မဲ မြို့နယ်မှ အခြေခံပညာကျောင်း ၂ ကျောင်း ကိုလည်း ယာယီ ပိတ်ထား ရတယ်လို့ သိရပါတယ်။ ဒါတင်မကဘဲ ညောင်တုန်း မြို့နယ်မှ အခြေခံပညာကျောင်း ၁ ကျောင်း၊ ပန်းတနော် မြို့နယ်မှ အခြေခံပညာကျောင်း ၂၀ ကျော်နဲ့ ဓနုဖြူ မြို့နယ်မှ အခြေခံပညာကျောင်း ၂၀ ကျော် ဟာလည်း ရေကြီးမှု တွေကြောင့် စာသင်ကြားမှုတွေ ခေတ္တ ရပ်ထားရတာ ဖြစ်ပါတယ်။ အဆိုပါ ကျောင်းတွေ ပိတ်ထားမှုကို သြဂုတ်လ ၃ ရက်နေ့မှ စတင် ပိတ်ထား ခဲ့တာ ဖြစ်ပြီး အဲ့ဒီ ကျောင်းတွေကို ဒေသအလိုက် ရေပြန်ကျ ချိန်မှသာ ပြန်လည် ဖွင့်လှစ်ပြီး အစားထိုး အစီအစဉ်များနဲ့ ပညာ သင်ကြားရေး အစီအစဉ် တွေကို ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။




Myanmar Express

1 comments:

ISLAM VIRUS PDF ရပြီ။
စာမျက်နှာပေါင်း ၄၀၀ ကျော်ပါသည်။

http://www.mediafire.com/?9f4nhwplh68bgyu

pdf ပြုလုပ်ပေးသာ " phonegyi " ကို အထူးကျေးဇူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်။

ISLAM VIRUS PDF ကို အားလုံးထံရောက်အောင် Share ပေးကြပါခင်ဗျား။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်