Subscribe to our RSS Feed

'' ဒုသမ္မတဘယ်သူဖြစ်မလဲ ... ''

From : ဒေါက်တာ မျိုးချစ်

တပ်မတော် သားအစု အဖွဲ့မှ ဒုသမ္မတဖြစ်လာသော ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် ကျန်းမာရေး အခြေ အနေကြောင့် ဇူလိုင်လ ၂ ရက်နေ့တွင်နှုတ်ထွက်လွှာ တင်သွင်း ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင် သံကြားမှ ဇူလိုင်လ ၄ ရက်နေ့တွင် ကြေညာ ခဲ့ပါသည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နှုတ်ထွက် သွားသော ဒုသမ္မတ နေရာတွင် ၇ ရက်အတွင်း အစားထိုး ခန့်အပ်ရန် ဖြစ်သော်လည်း ယခုအချိန်ထိ ဒုသမ္မတသစ် ခန့်အပ်နိုင်ခြင်း မရှိသေးချေ။


ဒုသမ္မတ လောင်းအဖြစ် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ယခင် ဗိုလ်ချုပ် ကြီးဟောင်း ဦးမြင့်ဆွေအား အမည်စာရင်း တင်သွင်း ထားသော်လည်း ဦးမြင့်ဆွေသည် အခြေခံ ဥပဒေတွင် ပါရှိသော အချက်များနှင့် ကိုက်ညီမှုမရှိဟု လွှတ်တော် အသိုင်းအဝိုင်းမှ ဝေဖန်မှုများ ရှိခဲ့ကြောင်း သတင်း ထွက်ပေါ်ခဲ့ ပါသည်။
ပြည်ခိုင်ဖြိုး ပါတီနှင့် နီးစပ်သော အသိုင်း အဝိုင်းအနေဖြင့် တပ်မတော်တွင် ဗိုလ်ချုပ် အဆင့်ဖြင့် တာဝန် ထမ်းဆောင်ခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဖြစ်သူ လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦးအား ဒုသမ္မတ နေရာအတွက် မျှော်မှန်း လျက်ရှိကြသည်။ စစ်ဘက်နှင့် နီးစပ်သော အသိုင်း အဝိုင်း ဘက်မှလည်း ယခင် ဗိုလ်ချုပ်ကြီးဟောင်း လက်ရှိ ကော်မရှင်ဥက္ကဌ ဦးတင်အေးနှင့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းတို့အား ရွေးချယ် နိုင်ကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။

ဦးဌေးဦးသည် တပ်မတော်တွင်တာဝန်ထမ်းဆောင်စဉ်တွင် လည်းကောင်း၊ပြည်ခိုင် ဖြိုးပါတီ၌ တာဝန် ထမ်းဆောင်စဉ် တွင်လည်းကောင်း ပေါင်းသင်း ဆက်ဆံရေးပြေပြစ်ပြီး ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လက်ရင်း တပည့် တစ်ဦးအဖြစ် နာမည်ရှိသူ တစ်ဦးဖြစ်ပါသည်။

ဦးတင်အေးသည် ဗိုလ်ချုပ်ကြီး တာဝန်ထမ်း ဆောင်စဉ်က တပ်မတော်၏ စစ်လက်နက် ပစ္စည်းကိစ္စ များနှင့် တပ်မတော်၏ ဦးပိုင် ကော်ပိုရေးရှင်းကို ဦးဆောင်ခဲ့  သူတစ်ဦး ဖြစ်ပါသည်။ တပ်မတော် တစ်ရပ်လုံး၏ သက်သာချောင်ချိရေး ကိစ္စရပ်များအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ခဲ့သူ ဖြစ်ပြီး စီးပွားရေး အမြင်ရှိသူ တစ်ဦး ဖြစ်ပါသည်။



ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းသည် လက်ရှိရေတပ် ဦးစီးချုပ် ဖြစ်ပြီး ၎င်းသည် ရေတပ်နှင့် ပတ်သက်၍ တိုးတက် ခေတ်မီအောင် စွမ်းဆောင်နိုင်သူ တစ်ဦးဟု အသိအမှတ်ပြုခံရသူ တစ်ဦးဖြစ်ပါသည်။ခေတ်မီ စစ်ရေယာဉ်နှင့် လက်နက်ပစ္စည်းများ များစွာ တည်ဆောက် တပ်ဆင်မှုများ ပြုလုပ်ခဲ့သူ ဖြစ်ပါသည်။


နေပြည်တော် ဝန်ထမ်းရပ်ကွက်နှင့် နီးစပ်သော အသိုင်းအဝိုင်း ကလည်း ဦးတင်အေးနှင့် လက်ရှိ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုတို့အားရွေးချယ်နိုင်ကြောင်း သတင်းများ ထွက်ပေါ် လျက်ရှိပါသည်။ ဗိုလ်ချုပ်ကြီး ကိုကိုသည် အလုပ်လုပ် ကိုင်ရာတွင် တိကျပြတ်သား မှုရှိသဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ လည်း အသိအမှတ်ပြုထား ခြင်းခံရသူတစ်ဦး ဖြစ်ပါသည်။
ဒုသမ္မတ ရာထူးနှင့် ပတ်သက်၍ အသိုင်းအဝိုင်း အမျိုးမျိုးတို့က ထင်ကြေး အမျိုးမျိုးပေးကာ ခန့်မှန်း ကြလျက် ရှိသကဲ့သို့ လွှတ်တော် ကိုယ်စားလှယ် အများစုကလည်း တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့မှ တင်သွင်းခံရမည့် ဒုသမ္မတလောင်း အမည်စာရင်းကို စိတ်ဝင် တစား မျှော်လင့် စောင့်စားလျက် ရှိကြောင်း သိရှိရပါသည် ။

Myanmar Express

4 comments:

သူရဉီးရွှေမန်းပဲဖြစ်သင့်ပါတယ်။

ဘ ယ် သူ တ က် တ က် လ စာ တိုးေ ပး ။။။။။။။။။။။ ဟိဟိ

ဘယ်သူတက်တက် အကုန်လုံးက စည်းကမ်းကောင်းမွန်တဲ့ သူတွေချည်းဘဲ

ဟို ကို့ယို့ကားယား ဖွတ်ဒေါင်းများနဲ့တော့

ဘာမှမဆိုင်ဘူး

အဲဒီ လူရမ်းကားအုပ်စုကို ပေးကြည့်ပါလား

နိုင်ငံပါပျက်စီးသွားမယ်။

When you vote for the Vice President you must be very careful to choose, the Vice President would be considered for future President, Vice President has a greater chance to become a President in year 2015. Many Vice Presidents uesd to become the Presidents in many Countries in world's record.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်