Subscribe to our RSS Feed

အသက်ကြီးသော်လည်း ဘွဲ့တစ်ခုမရသေးသော ကျောင်းသားများအတွက် ရန်ကုန် အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်း

From :mon




ရန်ကုန် အဝေးသင်တက္ကသိုလ်မှ အွန်လိုင်းအဝေးသင် ဥပဒေ ဒီပလိုမာသင်တန်းကို www.yudeonline.com.mmတွင် ဖွင့်လှစ်သင်ကြားလျက်ရှိပြီး၊ တက္ကသိုလ်တစ်ခုခုမှ မည့်သည့်
ဘွဲ့ရမဆို လျှောက်ထားနိုင်ကြောင်း သိရသည်။


အဆိုပါသင်တန်းကို Semester နှစ်ခုခွဲ၍ သင်ကြားပေးမည် ဖြစ်သည်။၊ Semester တစ်ခုလျှင် ၅ လကြာ သင်ကြားပေးမည်ဖြစ်ပြီး၊ Semester နှစ်ခုအတွက် ၁ဝ လကြာမည်ဖြစ်ကြောင်း သိရသည်။ Semester တစ်ခုစီကို အောက်တိုဘာလနှင့် ဧပြီလတို့တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး၊ နှစ်စဉ် မတ်လနှင့် သြဂုတ်လမှာ စာမေးပွဲဖြေဆိုရမည်ဖြစ်သည်။ စာမေးပွဲကာလများကို အွန်လိုင်းမှ
ကြေငြာပေးသွားမည်ဖြစ်ပြီး၊ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ၅ ရက်တိုင် ဖြေဆိုရမည်ဖြစ်သည်။ သုံးနာရီမေးခွန်း ဖြစ်ကြောင်းလည်း သိရသည်။

၎င်းအွန်လိုင်း အဝေးသင် ဥပဒေ ဒီပလိုမာသင်တန်းကို အလုပ်မပျက် ICT နည်းပညာဖြင့် သင်ကြားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ၄င်းသင်တန်း တက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းမှ
တဆင့် လျှောက်ထားနိုင်မည်ဖြစ်ပြီး၊ သင်တန်းစာမေးပွဲကိုလည်း အွန်လိုင်းမှပင် ဖြေဆိုရမည် ဖြစ်သည်။ Assignment များကိုလည်း အွန်လိုင်းမှပင် ဖြေဆိုရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ဆရာများက အွန်လိုင်းမှပင် စစ်ဆေးပေးသွားမည်ဟု သိရသည်။

၎င်းအွန်လိုင်းဥပဒေ ဒီပလိုမာသင်တန်းကို ၂ဝဝ၂ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ထားခဲ့သော်လည်း လူသိနည်းနေပြီး၊ ၄င်းသင်တန်း ပြီးဆုံးပါက Diploma in Law (online) ဘွဲ့ရရှိမည်ဖြစ်ကြောင်း သိရသည်။

 www.MyanmarExpress.net
 

4 comments:

"""88 ကျောင်းသားအိုတွေဘာလဲ သိပြီ"""
1.ဘင်္ဂါလီ အ ရေးမှာ ကုလားတွေဘက်ကရပ်ပြီး ယုတ်မာစွာ
ဟောင် ခဲ့တဲ့ မြ အေး
2.လူသတ်သမားမိုးသီးကို မ ယောင် ရာဆီလူးတွေ့ဆုံ
ဆွေးနွေးခဲ့တဲ့ 88
3.ကချင် ပြည်နယ်ကို ဟန်ရေးပြ သွားရောက်ခဲ့ပြီး
ဘာမှအကျိုးမထူးပဲ ပြန်လာတဲ့ 88
4.နိုင် ငံတကာက ဆုကြေးငွေတွေ ထောက်ပံ့ငွေ တွေနဲ့
ဘာအလုပ်တခုမှ လုပ်စရာမလိုပဲ ထိုင် စားနေတဲ့ 88မိသားစု
5.စာပေ ဟောပြောပွဲ တွေ လက်မလည်အောင် ဟောနေရတဲ့
88
6.စာအုပ်ထုတ်ရောင်းစား လက်မှတ်ထိုးပွဲတွေလုပ်ပြီး
အလုပ်မရှိ လအု သန်းရှာတဲ့ 88
7.တခုခုဖြစ်တိုင်း ကြေငြာချက်တွေထုတ်ပြန် အာတွေချောင် ပြီး
လေ သေနတ် ထထပစ်တဲ့ 88
8.ဘာတခုမှ အဖြစ် ရှိ အောင် လက်ကြောတင်း အောင်
မလုပ်ခဲ့ဖူးပဲ နေရာတကာ ဆရာလုပ်ချင် တဲ့ 88
လက်စသတ်တော့ တိုင်းပြည်အတွက် တကယ့်အမှိုက် ဆိုတာ ဒီလိုကောင် တွေကိုးးးးးး
မှားတဲ့အချက်ပါရင် ထောက်ပြပါ

၈၈ ကောင်တွေ ၂၀၁၅ မ ရောက်ခင် သေပါစေ

ဘာ ပဲပြော ပြော ၈၈ များ ဒီ နိင် ငံရဲ့ ဘွဲ့ တွေကို အ ထင် သေး တယ် ဆို ရင် နိုင် ငံတစ် ခု ခု မှာ ဘွဲ့ ယူ လိုက် ပါ ဒါ မှပို ပြီး ဟော ပြော ရ တာ ကောင်း မှာ

ကျီပွေ့ အတက်ပေါက်ကုန်တော့မှာဘဲ

ပညာလိုအိုသည်မရှိတဲ့

လိုချင်မှုရှိပါ့မလားကြည့်ရအုံးမယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်