Subscribe to our RSS Feed

တိုက်ပွဲသံများမကြားရသော်လည်း KIA မှ မသင်္ကာသူများကိုဖမ်းဆီးခြင်း လူသစ်စုဆောင်းခြင်းများပြုလုပ်

From : http://www.kachindailynews.com/2013/02/kia_17.html



ကချင်ပြည်နယ်မှာ စစ်ပွဲသံတွေရပ်စဲသွားခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ KIA တပ်ဖွဲ့တွေကတော့ မကြာခဏ ဆိုသလို သူတို့မသင်္ကာတဲ့လူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ၊ ဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသား လူငယ်တွေကိုလည်း အင်အားပြန်လည်ဖြည့်တင်းတဲ့အနေနဲ့ အဓမ္မဖမ်းဆီးတာတွေ ရှိနေသေးတယ်လို့ ဆဒုံး မြို့ခံတစ်ဦးက ပြောပါတယ်။

“ကျနော်တို့က တိုက်ပွဲသံတွေသိပ်မကြားရလို့ ၀မ်းသာပေမယ့်။ စိတ်အေးအေးနဲ့တော့ မနေရဲသေးဘူး။ KIA တပ်က  အစိုးရတပ်နဲ့ အဆက်အသွယ်ရှိတယ်လို့ ထင်တဲ့သူတွေကို မကြာမကြာ လာဖမ်းတာတွေရှိနေတယ်။ တစ်နေ့ကလည်း KIA စစ်သားတွေ သေနတ်ကိုယ်စီနဲ့ရောက်လာပြီး ရွာသားတစ်ဦးကို မသင်္ကာလို့ စစ်ဆေးဖို့ ရှိတယ်ဆိုပြီး
ဖမ်းခေါ်သွားတယ်” ဟု ပြောပြသည်။

အခုလို မကြာခဏ ဖမ်းဆီးမှုတွေပြုလုပ်သလို အဓမ္မလူသစ် စုဆောင်းမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ နော်ဝေးနဲ့ သြစတြေးလျနိုင်ငံအခြေစိုက်ဖြစ်တဲ့ ကချင်လူငယ် အဖွဲ့က KIA တပ်ဖွဲ့အနေနဲ့ ဒေသတွင်းရှိ တိုင်းရင်းသားလူငယ်တွေကို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းဆောင်စေတဲ့ ကိစ္စနဲ့ပက်သတ်လို့ မိဘဆွေမျိုးတွေက စိုးရိမ်ပူပန်လို့သာားသမီးတွေကို အဝေးကိုပို့ဆောင်ပြီး ရှောင်တိမ်းခိုင်းနေရတယ်။ အဲဒီအခြေအနေတွေကို စောင့်ကြည့်ပြီး ကူညီပံပိုးမှုတွေ ပြုလုပ်သွားမယ်။ တိကျတဲ့စုံစမ်းမှုတွေ ပြုလုပ်ပေးပြီး KIA ကို အဓမ္မလူသစ်မစုဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်