Subscribe to our RSS Feed

ရွာသားများ ထင်းရှာသွားရာမှ မိုင်းနင်းမိ၍ ဒဏ်ရာရ

From :http://www.kachindailynews.com/2013/02/blog-post_6360.html


အစိုးရတပ်နဲ့ KIA တပ်ဖွဲ့အကြား တိုက်ပွဲသံတွေ ရပ်စဲနေပေမဲ့ ကချင်ပြည်နယ်နေရာ အနှံအပြားမှာ တိုက်ပွဲ ကာလအတုန်းက KIA တပ်ဖွဲ့တွေ ထောင်ခဲ့တဲ့ မိုင်းအကြွင်းအကျန်တွေကြောင့် ကချင်ပြည်သူတွေမကြာခဏ ထိခိုက် ဒဏ်ရာရတာတွေဖြစ်နေပါတယ်။

 “ကျွန်တော်က ရွှေကူမြို့နယ်၊ စီသော်ရွာကပါ၊ ၁၄ ရက်နေ့က အိမ်သုံးဖို့ တောထဲသွားပြီး ထင်းရှာကြတယ်။ ထင်းရှာနေတုန်း ၀ုန်းခနဲ အသံကြားတော့ လန့်သွားတယ်။ အော်သံကြားလို့ ကြည့်လိုက်တော့ ဦးဇော်အောင်နဲ့ ဦးမြင့်သန်းက KIA ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒဏ်ရာနဲ့ လဲနေတယ်လေ။ အခုတော့ သူတို့ကို ဗန်းမော်ဆေးရုံကို ပို့လိုက်ပြီး သူတို့ ဆေးကုခံနေတယ်။ KIA တပ်ကမိုင်းတွေ ထောင်ထားမှန်းတော့ သိတယ်။ ထင်းကလဲ မရှာလို့မရဘူးလေ။ မိုင်းနင်းပြီး သေမှာတော့ကြောက်တာပေါ့၊ ကြောက်လဲ ရှာနေရတာပဲ” ဟု ရွာသားတစ်ဦးက ပြောပြသည်။
ဒေသခံတွေက ထမင်းချက်ဖို ထင်းမရှိမဖြစ်လိုပါတယ်။ မိုးရာသီရောက်ရင်အသုံးပြုဖို့ မိုးမကျခင် ထင်းရှာထားရတာပါ။ အခုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့ အစိုးရနဲ့ KIA နှစ်ဘက်စလုံး ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး တိုက်ပွဲသံ တွေမကြားရပေမဲ့ ကချင်ပြည်သူတွေကတော့ KIA ထောင်ခဲ့တဲ့ မိုင်းအန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။ ရွာသားတွေကတော့ KIA တပ်ဖွဲ့ကို သူတို့ထောင်ထားတဲ့ မိုင်းတွေကို ပြန်ပြီး ရှင်းပေးစေချင်တယ်လို့ပြောပါတယ်။

. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်