Subscribe to our RSS Feed

ပြည်တွင်းဂျာနယ်များ သူများသတင်းယူလျှင် ကိုယ်ချင်းစာသောအားဖြင့် ပိုက်ဆံပေးရန် မေသင်္ကြန်ဟိန်း တိုက်တွန်း

From : မေသင်္ကြန်ဟိန်(မြစ်မခ)
အယ်ဒီတာချုပ်၊ မြစ်မခ မီဒီယာ
ရွှေမြစ်မခ မီဒီယာဂရု ကုမ္ပဏီလီမီတက်ခ်၊ ရန်ကုန်မြို့။




မြစ်မခ မီဒီယာအနေဖြင့် အွန်လိုင်းမှ စာဖတ်သူများအတွက် myitmakhamediagroup.com  အမည်ဖြင့် website ထားရှိပြီး သတင်းထူးများကို အခမဲ့ ၀န်ဆောင်မှု ပေးနေပါသည်။

ထိုသို့ ၀န်ဆောင်မှု ပေးနိုင်ရေးအတွက် မြစ်မခ မီဒီယာသတင်းအဖွဲ့မှ ပြည်တွင်းပြည်ပ သတင်းဋ္ဌာနများသို့ သတင်းရောင်းချပေးခြင်းနည်းလမ်းဖြင့်( သတင်းအေဂျင်စီလုပ်ငန်း)  လုပ်ကိုင်ပြီး ရပ်တည်လျက်ရှိပါသည်။

မြစ်မခ မီဒီယာ၏ ၀က်ဆိုက်ဖြစ်သော myitmakhamediagroup.com မှ သတင်းများကို အွန်လိုင်းမီဒီယာအချို့မှ ပြန်လည် ကူးယူဖော်ပြနေခြင်းကို တွေ့မြင်ရသည့်အတွက် ၀မ်းမြောက်စွာ ကျေးဇူးတင်ရပါသည်။

သို့ပါသော်လည်း ပုံနှိပ်မီဒီယာမှ ကျင့်ဝတ်စောင့်ထိန်းခြင်းမရှိသူ အချို့က အွန်လိုင်းစာဖတ်သူများအတွက် အခမဲ့ ၀န်ဆောင်မှုပေးနေသော  မြစ်မခ မီဒီယာမှ သတင်းများကို တပုဒ်လုံးသော်လည်းကောင်း၊ အပိုဒ်လိုက်သော်လည်းကောင်း ခိုးယူဖော်ပြခြင်းများ ကြုံတွေ့နေရသောကြောင့် မြစ်မခ မီဒီယာ၏ သတင်းအေဂျင်စီလုပ်ငန်းကိုလည်း ထိခိုက်လျက်ရှိပါသည်။

ထို့ကြောင့် အွန်လိုင်းမီဒီယာ၏ ကျင့်ဝတ်ကို ထိန်းသိမ်းလိုက်နာခြင်းအားဖြင့် မြစ်မခ မီဒီယာမှ သတင်းများကို ကူးယူဖော်ပြလိုပါက သတင်းတပုဒ်လုံးကို copy လုပ်ပြီး  မိမိမီဒီယာတွင် ပြန်လည်း ဖော်ပြခြင်း နည်းလမ်းကိုရှောင်ကြဉ်ကာ မြစ်မခ မီဒီယာရဲ့ ၀က်ဆိုက်လင့်ကိုသာ ကူးယူဖော်ပြပေးပါရန်  မေတ္တာရပ်ခံ ပါသည်။

ထို့အတူ ပုံနှိပ်မီဒီယာများကလည်း မြစ်မခမီဒီယာမှ သတင်း တပုဒ်ချင်းသော်လည်းကောင်း အပိုဒ်လိုက်သော်လည်းကောင်း သတင်းတိုအနေဖြင့်သော်လည်းကောင်း  သုံးစွဲပါက ကိုယ်ချင်းစာသောအားဖြင့် ထိုက်သင့်သော ၀န်ဆောင်မှု စရိတ်များ ပေးကြပါရန် မေတ္တာရပ်ခံပါသည်။

(ရှေ့နေခ အကုန်မခံနိုင်တဲ့အတွက် တရားမစွဲနိုင်သေးပါရှင်:P)

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်