Subscribe to our RSS Feed

ကချင် ပြည်နယ် အတွင်းရှိ တိုင်းရင်းသား ပြည်သူ များအား တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များက ကျန်းမာရေး ဆောင်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိ

From : မြဝတီ


တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များ အနေဖြင့် သွားလာရေး ခက်ခဲသော ဒေသ များတွင် နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ကျန်း မာရေး စောင့်ရှောက်မှု လုပ်ငန်း များကို ဆောင်ရွက် ပေးလျက်ရှိရာ ကချင်ပြည်နယ် အတွင်း ဖေဖော်ဝါရီ ၁၄ ရက်က နယ်လှည့် ဆေးကုသရေး အဖွဲ့(၁) နှင့် (၂)သည် ပူတာအိုနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၅၉ ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့ (၃) သည် မူလာရှီဒီး ရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၆၁ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့(၄)သည် မချမ်းဘောနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၆၃ဦး၊ နယ်လှည့် ဆေးကုသရေး အဖွဲ့ (၅)သည် ကောင်းမှု လုံရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ၈၂ ဦး စုစုပေါင်း ဒေသခံ ပြည်သူ ၄၆၅ ဦးတို့အား လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက် ကုသမှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။
တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့များ အနေဖြင့် ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်အထိ ကချင်ပြည်နယ် အတွင်း ဒေသခံ ပြည်သူ ၃၄၄၉ ဦးနှင့် ကယားပြည်နယ် အတွင်း ဒေသခံ ပြည်သူ ၆၂ဝ၁ ဦးတို့အားလည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်း ဖေဖော်ဝါရီ ၄ ရက်မှ ၁၄ ရက်အထိ ဒေသခံ ပြည်သူ ၁၇၁ ဦးအား လည်းကောင်း ကျန်းမာရေး စောင့်ရှောက် မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်