From : ရန်ကုန်တိုင်းမ်း
ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်ကို တစ်နာရီလျော့ ချသတ်မှတ် လိုက်ကြောင်း သိရသည်။
ွ ရခိုင်ပြည်နယ် ပဋိပက္ခအရေးကြောင့် ညမထွက်ရ အမိန့်ကို စစ်တွေမြို့တွင် ၂၀၁၂ ခုနစ် ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ ရာ ယခုအခါ ၂ လတိုင်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယခုအခါ စစ်တွေမြို့တွင်လည်း ည ၆ နာရီ မနက် ၆ နာရီအထိ ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်ကို အချိန်တစ်နာရီ လျော့ချ လိုက်ပြီ ဖြစ် ကြောင်း သိရသည်။
"စစ်တွေမြို့မှာ စပီကာတွေနဲ့ မြို့ကို ပတ်ပြီး လိုက်အော်ပေးနေပါတယ် ၊ဒီနေ့ညနေ ၄ နာရီလောက် ကနေစအော်ပေးနေ တာပါ ၊ အရင်ကဆိုရင် ည ၆ မနက် ၆ မထွက်ရ အမိန့်ကို ဒီနေ့ကနေစပြီး ည ၇ နာထိထွက်လို့ ရပြီ တော့၊မနက်ဆိုရင် လည်း ၅ နာရီဆိုတာနဲ့ စထွက်လို့ရပါပြီ ၊ ကျွန်တော်တို့ကတော့ ဒီညမထွက်ရ အမိန့်ကို ဖြစ်နိုင်မယ်ဆိုရင် အမြန်ဆုံး ရုတ်သိမ်းချင်ပါတယ် ၊ ဒါပေမယ့် တစ်ဖက်က လည်း ပြန်လည် တည်ဆောက်ရေး ကို လုပ်နေတဲ့ ကာလမှာ မလိုလား အပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေချင်တဲ့အတွက် ဒီညမထွက်ရ အမိန့်ကို သေချာစွာ သုံးသပ်ပြီးမှ အခုလို တစ်နာရီလျော့ချလိုက်တာ ဖြစ်တယ်လို့ ထင်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် ပြည်သူတစ်ယောက်အနေနဲ့ ဒါကိုကြိုဆိုပါတယ် "ဟု စစ်တွေမြို့ခံတစ်ဦးက ပြောကြားသည်။
စစ်တွေမြို့တွင် ၂ လကြာ ညမထွက်ရအမိန့်အရ ည ၆ နာရီမှ မနက် ၆ နာရီ ညမထွက်ရအချိန်ကို ည ရနာရီ မှ မနက် ၅ နာရီ သို့ လျော့ချလိုက်သော် လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေ အရ ကျောက်တော်မြို့ ကိုပါ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ယခု သြဂုတ် လ ၈ ရက်နေ့က စတင် ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။
ယခုအခါ ရခိုင်ပြည်နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသော မြို့နယ် ၇ မြို့နယ် အထိ ရှိလာပြီဖြစ်သော် လည်း စစ်တွေမြို့တွင် ပထမဆုံး ညမထွက်ရအချိန်ကို စတင်လျော့ချလိုက်ခြင်း ဖြစ်ပြီး ပုံမှန် ညမထွက်ရ အမိန့်ကိုမူ မောင်တော ၊ဘူးသီးတောင် ၊ကျောက်ဖြူ ၊သံတွဲ၊ ရမ်းဗြဲ ၊ စစ်တွေ ၊ နှင့်ကျောက်တော်မြို့ တို့တွင် ယခင်အတိုင်း ထုတ်ပြန်ထားဆဲဖြစ်ကြောင်း သိရသည်။
Myanmar Expressွ ရခိုင်ပြည်နယ် ပဋိပက္ခအရေးကြောင့် ညမထွက်ရ အမိန့်ကို စစ်တွေမြို့တွင် ၂၀၁၂ ခုနစ် ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ ရာ ယခုအခါ ၂ လတိုင်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယခုအခါ စစ်တွေမြို့တွင်လည်း ည ၆ နာရီ မနက် ၆ နာရီအထိ ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်ကို အချိန်တစ်နာရီ လျော့ချ လိုက်ပြီ ဖြစ် ကြောင်း သိရသည်။
"စစ်တွေမြို့မှာ စပီကာတွေနဲ့ မြို့ကို ပတ်ပြီး လိုက်အော်ပေးနေပါတယ် ၊ဒီနေ့ညနေ ၄ နာရီလောက် ကနေစအော်ပေးနေ တာပါ ၊ အရင်ကဆိုရင် ည ၆ မနက် ၆ မထွက်ရ အမိန့်ကို ဒီနေ့ကနေစပြီး ည ၇ နာထိထွက်လို့ ရပြီ တော့၊မနက်ဆိုရင် လည်း ၅ နာရီဆိုတာနဲ့ စထွက်လို့ရပါပြီ ၊ ကျွန်တော်တို့ကတော့ ဒီညမထွက်ရ အမိန့်ကို ဖြစ်နိုင်မယ်ဆိုရင် အမြန်ဆုံး ရုတ်သိမ်းချင်ပါတယ် ၊ ဒါပေမယ့် တစ်ဖက်က လည်း ပြန်လည် တည်ဆောက်ရေး ကို လုပ်နေတဲ့ ကာလမှာ မလိုလား အပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေချင်တဲ့အတွက် ဒီညမထွက်ရ အမိန့်ကို သေချာစွာ သုံးသပ်ပြီးမှ အခုလို တစ်နာရီလျော့ချလိုက်တာ ဖြစ်တယ်လို့ ထင်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် ပြည်သူတစ်ယောက်အနေနဲ့ ဒါကိုကြိုဆိုပါတယ် "ဟု စစ်တွေမြို့ခံတစ်ဦးက ပြောကြားသည်။
စစ်တွေမြို့တွင် ၂ လကြာ ညမထွက်ရအမိန့်အရ ည ၆ နာရီမှ မနက် ၆ နာရီ ညမထွက်ရအချိန်ကို ည ရနာရီ မှ မနက် ၅ နာရီ သို့ လျော့ချလိုက်သော် လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အခြေအနေ အရ ကျောက်တော်မြို့ ကိုပါ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ယခု သြဂုတ် လ ၈ ရက်နေ့က စတင် ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။
ယခုအခါ ရခိုင်ပြည်နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသော မြို့နယ် ၇ မြို့နယ် အထိ ရှိလာပြီဖြစ်သော် လည်း စစ်တွေမြို့တွင် ပထမဆုံး ညမထွက်ရအချိန်ကို စတင်လျော့ချလိုက်ခြင်း ဖြစ်ပြီး ပုံမှန် ညမထွက်ရ အမိန့်ကိုမူ မောင်တော ၊ဘူးသီးတောင် ၊ကျောက်ဖြူ ၊သံတွဲ၊ ရမ်းဗြဲ ၊ စစ်တွေ ၊ နှင့်ကျောက်တော်မြို့ တို့တွင် ယခင်အတိုင်း ထုတ်ပြန်ထားဆဲဖြစ်ကြောင်း သိရသည်။
2 comments:
ကုလား ကျူးကျော်သူတွေကို သနားနေလို့ မရဘူး...
ကျွန်တော်တို့ သား မြေးတွေ နေဖို့ မြန်မာနိုင်ငံ ကြီး တည်တံ့နေ ရမည်..
ရှေးက ဘိုး ဘွား ဘီ ဘင် တွေက ကျွန်ုပ်တို့ အတွက် နိုင်ငံ (မြေ)ပေးခဲ့သည်..
ကိုယ်တွေ လက်ထက်မှ ညံ့ရာ မရောက်ကြဖို့ ...
တစ်မျိုးသားလုံးကို သတိပေးချင်သည်...
... မြန်မာနိုင်ငံသည် မြန်မာတစ်မျိုးသားလုံးအတွက်ဖြစ်သည်....
မူလအတိုင်း ပြန်ဖြစ်သွားတာ ကြာပေါ့။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်