From : ခေတ်လူငယ်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သြဂုတ် ၂၁ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ကြေညာလိုက်သည်။ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ပြည်ပသတင်းဌာနများနှင့် ပြည်ပအဖွဲ့အစည်းအချို့၏ မဟုတ်မမှန် ချဲ့ထွင်၍ လုပ်ကြံထုတ်လွှင့်နေသည့် သတင်းအမှားများကို အခြေခံပြီး ပြည်ပမှ လူပုဂ္ဂိုလ်တစ်ဦးချင်းကလည်းကောင်း၊ အဖွဲ့အစည်း အချို့ကသော်လည်းကောင်း၊ သဘောထား ထုတ်ပြန်မှုများ ပြုလုပ်လျက် ရှိနေပါသည်။ အဆိုပါ အကြမ်းဖက်မှုများမျာ မတူကွဲပြားကြသည့် ဘာသာနှစ်ခုအကြား ဖြစ်ပွားသော ပဋိပက္ခမဟုတ်သလို၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာလည်း မဟုတ်ကြောင်း ထင်ရှားလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခုအတွင်း လူ့အဖွဲ့အစည်း အစိတ်အပိုင်း နှစ်ရပ်အကြား ရာဇ၀တ်မှုတစ်ခုကို အကြောင်းပြု၍ နောက်ဆက်တွဲ ဖြစ်ပွားသော အကြမ်းဖက်မှုများသာ ဖြစ်ပါသည်။ ဤအကြမ်းဖက်မှုများကြောင့် နှစ်ဖက်စလုံးမှ (၈၈)ဦး အသက်ဆုံးရှုံးကြရာတွင် ရခိုင်တိုင်းရင်းသား ၃၁ ဦးနှင့် မူစလင်ဘာသာဝင် ဘင်္ဂါလီလူမျိုး ၅၇ ဦး ပါဝင်ကြောင်း တွေ့ရှိရပါသည်။ အလားတူ အသိုင်းအ၀ိုင်း နှစ်ဖက်လုံးမှ ဘာသာရေး အဆောက်အအုံများ၊ လူနေအိမ်ခြေများ မီးလောင်ဖျက်ဆီးခံခဲ့ရပါသည်။ အထက်ပါ ပျက်စီးဆုံးရှုံးမှု၊ သေကျေဒဏ်ရာရရှိမှုများကို သုံးသပ်ကြည့်လျှင် လူမျိုးစုတစ်စုက အခြားလူမျိုးစု တစ်စုအပေါ် တစ်ဖက်သတ် ဖိနှိပ်ညှင်းပန်းခြင်း မဟုတ်သည်မှာ ထင်ရှားလှပေသည်။ ထိုသို့ ဖြစ်ပျက်မှုကိုလည်း တရားဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ် အရေးယူရန် စုံစမ်းရေး ကော်မတီတစ်ရပ်ကို ချက်ချင်းဖွဲ့စည်း၍ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။ မြန်မာအစိုးရအနေဖြင့် မူစလင် ဘာသာဝင်တို့အပေါ် အကြမ်းဖက်မှု မူဝါဒများ မည်သည့်ကာလတွင်းမှ ကျင့်သုံးခြင်း မရှိခဲ့ပါ။ အစိုးရအနေဖြင့် ဤသို့သော မူဝါဒမျိုး ကျင့်သုံးကြောင်းဖြင့် အဖွဲ့အစည်းအချို့မှ စွပ်စွဲရေးသားမှုများကို လုံးဝပယ်ချပါသည်။ အာကြမ်းဖက်မှုများကြောင့် ဒုက္ခရောက်ကြရသည့် ပြည်သူများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကူညီပံ့ပိုးရေးအတွက် အစိုးရက နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့်လည်း ခွဲခြားမှုမရှိဘဲ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အခြေစိုက် သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများအား အခြေအနေမှန်များ သိရှိနိုင်ရေးအတွက် သက်ဆိုင်သည့် ၀န်ကြီးများက ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည့်အပြင် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပြီး အခြေအနေမှန်များကို လေ့လာသိရှိနိုင်ရန် စီစဉ်ပေးခဲ့ပါသည်။ အိုအိုင်စီ အတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာရောက်လိုကြောင်း အဆိုပြုလာသည့်အတွက် ၄င်းအဆင်ပြေချိန် လာရောက်ရန် ဖိတ်ခေါ်ထားပြီး ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ယင်းပဋိပက္ခနှင့် စပ်လျဉ်း၍ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသား အကျိုးစီးပွား တိုးတက်ရေး အကြံပေးရန်အတွက် အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို သြဂုတ် ၁၇ ရက်တွင် နိုင်ငံတော် သမ္မတရုံးမှ ဖွဲ့စည်းပေးခဲ့ပြီဖြစ်ပါသည်။ ထိုသို့ ဖွဲ့စည်းခြင်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ထောက်ခံကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်စပ်လျဉ်း၍ မြန်မာအစိုးရ၏ ဆောင်ရွက်မှုများအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ သတင်းထုတ်ပြန်ချက်၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သဘောထား ထုတ်ပြန်ချက်များမှာ ဖြစ်ရပ်မှန် အခြေအနေများကို ထပ်ဟပ်ဖော်ပြနေခြင်းဖြစ်၍ ကြိုဆိုပါသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် အုပ်စုချင်း အပြန်အလှန် လက်တုံ့ပြန် အကြမ်းဖက်မှုများသာဖြစ်၍ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပါသည်။ ဘာသာရေးအရ ဖိနှိပ်ချုပ်ချယ်မှု၊ နှိပ်စက်ညှင်းပန်းမှုကြောင့် ဖြစ်ပွားသည့်ကိစ္စ မဟတ်ုပါ။ ဤကိစ္စကို ဘာသာရေး အကြောင်းပြပြီး နိုင်ငံရေးအရ ဒေသတွင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ပုံဖော်ရန် ကြိုးပမ်းလုပ်ဆောင်မှုများကို မြန်မာနိုင်ငံ အနေဖြင့် လက်ခံမည်မဟုတ်ပါ။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် သမိုင်းစဉ်တစ်လျှောက် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မူစလင်၊ ဟိန္ဒူနှင့် အခြားကိုးကွယ်မှုများကို လွတ်လပ်စွာ ကိုးကွယ်ကြသူများအကြား စည်းလုံးညီညွတ်စွာနှင့် သဟဇာတရှိစွာ နေထိုင် နိုင်ငံဖြစ်ပါသည်။ သို့ဖြစ်ရာ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသတွင်း ပြန်လည်ရရှိနေပြီဖြစ်သော တည်ငြိမ်အေးချမ်းမှုများကို ထိခိုက်စေမည့် ပြင်ပမှ ၀င်ရောက်စွက်ဖက်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများကို ရပ်တန့်သင့်ပြီဖြစ်ကြောင်းနှင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သူများ အကြား ပြန်လည် သင့်မြတ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အတွက်သာ အားပေးဆောင်ရွက် သင့်သည်ဟု ဖော်ပြပါရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၂၂ ရက်ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
Myanmar Express

4 comments:
ရိုဟင်ဂျာကိစ္စမှာ နိုင်ငံတော်မှအလွန်သတိကြီးစွာ ကိုင်တွယ်ရမည့် အရေးကိစ္စ ဖြစ်ပါသည်၊ ပြဌာန်းထားပြီးသော ဥပဒေအတိုင်း တိတိကျကျ အကောင်ထည်ဖေါ်ဆောင်ရွက်ရန်လိုအပ် သလို ပြည်တွင်း ပြည်ပမှ နိုင်ငံရေးအရထောက်ခံမှုရရှိစေရန် လိမ္မာပါးနပ်စွာ ဆောင်ရွက်ရန်လိုအပ်ပါသည်။ ရေတိုဖြေရှင်းရန် ကိစ္စများရှိနေသလို ရေရှည်ပြင်ဆင်ဆောင်ရွက်ရန်များလည်းရှိပါသည်၊ဥပဒေအရတရားဝင်နိုင်ငံသားဖြစ်ခွင့်ရသူများအားလည်းဥပဒေအတိုင်း အကျိုးခံစားခွင့်ရှိသလို တရားမ၀င်သုများကိုလည်း ဥပဒေအတိုင်းအရေးယူရန်လိုအပ်ပါသည်။ ရေရှည်မဟာဗျူဟာဖေါ် ထုတ်ဆောင်ရွက်ရပါမည်။ လူဝင်မှု ကြီးကြပ်ရေးအင်အားတိုးမြှင့်သင့် သလို လုံခြုံရေးအင်အားများလည်းလုံလောက်စွာအသုံးပြုရန်လိုအပ်နေ ကြောင်းသိသာထင်ရှားလှပါသည်။ နိုင်ငံတောသမ္မတကြီးမှ လိုအပ်သလိုဆောင်ရွက်သွားနိုင်ပါ ရန်တင်ပြအပ်ပါသည်၊ အရေးကြီးလှသော သမိုင်းအလှည့် အပြောင်းဖြစ်သွားနိုင်ပါသဖြင့် နိုင်ငံသားတစ်ယောက်အနေနှင့်တင်ပြအပ်ပါသည်။
Ur writting is ture, but now at moungdaw thay kun bow village dark musq distory?
Mr.president you are not really strong enought .You doing great but need to be strong. If you are really care about pressure from any other country you'll be loser for ever.You should follow foot step of Israel .OIC they cant do nothing to Israel.Because they are strong mind to protect for their country.Mr.president never ever forget about how our rakhaing peoples painful in rakhaing state.Mr.president just remember that '' No Pain No Gain''.
အုပ်စုချင်းအပြန်အလှန် လက်တုန့် ပြန်မှု ဆိုသော်လည်း ရခိုင်ပြည်နယ်တွင် ဘင်ဂလီအများစု ၀င်ရောက်နေပြီဖြစ်သဖြင့် လူမျိုးရေးအရ မိမိတို့ ၏ရခိုင်တိုင်းရင်းသားများပေါ်တွင် ထပ်မံအကြမ်းဖက် အနိုင်အထက်ပြုကျင့်မှုများ ထပ်မံဖြစ်ပွါးဦးမည်ဖြစ်ပါသည် ယခုတစ်ကြိမ်တွင်အလျှော့ပေး လက်ခံလိုက်ပါက နောင်လာမည့်ကာလအချိန်တခုတွင် ရခိုင်ပြည်သည် ကုလားပြည်နယ် ဖြစ်သွားနိုင်မည့်အခွင့်အရေးရရှိသွားမည်ဖြစ်ပါသည် မိမိတို့ နိုင်ငံအတွင်းတရားမ၀င် ၀င်ရောက်နေထိုင်ကြသော ဘင်ဂလီကုလားများအား ပြတ်ပြတ်သားသား မောင်းထုတ်ပေးပါရန် နိုင်ငံတော်အစိုးရသို့ ပန်ကြားအပ်ပါသည်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်