Subscribe to our RSS Feed

မြန်မာနိုင်ငံသတင်းစာ ဆရာများအသင်းကမိဇ္ဈိမ သတင်းဌာနမှ ဦးစိန်ဝင်းကို ထုတ်ပယ်ပေးရန်


သြဂုတ်လ-၁၁-ရက် ၂၀၁၂-ခုနှစ်မှာ မြန်မာနိုင်ငံသတင်းစာ ဆရာများအသင်းကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်ဆိုသော သတင်းကိုဖတ်ရ ကြားရသည်။ ဥက္ကဌအဖြစ် မောင်ဝံသက ရွေးချယ်ခံရပြီး ဗဟိုဦးစီးအဖွဲ့ဝင် (၅၅)ဦး ရွေးချယ်ကာ အလုပ်အမှုဆောင် (၂၁) ဦးဖြင့် အောင်မြင်စွာဖွဲ့စည်းခဲ့သည်ဟု ကြေညာထားသည်။ Online ကိုယ်စားပြု ဗဟိုဦးစီးဝင် (၃) ဦး ရွေးချယ်ထားရာ ဦးနေဘုန်းလတ်၊ ဦးစိန်ဝင်း၊ ဦးအေးချမ်းဟိန်းတို့ကို ရွေးချယ်ခဲ့သည်ဟု ဖေါ်ပြကြေညာထားသည်။

ဦးစိန်ဝင်းမှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ အကိုဖြစ်သူဦးစိုးနိုင် (ဒေါက်တာ ဇော်ဝင်းအောင် (DVB–FTUB အတွင်းရေးမှူး)၏ မိန်းမဖြစ်သူ ဒေါ်သင်းသင်းအောင် (WLB-မိဇ္ဈိမ အုပ်ချုပ်ရေးမှူး)ကို ကြာခိုခိုးယူပေါင်းသွားသူအား အကြောင်းပြု၍ ရောက်ရှိလာသူဖြစ်သည်။ ဦးစိန်ဝင်းမှာ ရဖျူဂျီအဖြစ်နေလာရာက မိဇ္ဈိမသတင်းဌာန လုပ်ကြစဉ် အင်တာနတ်မှ သတင်းတင်ရုံသူအဖြစ်သာ လုပ်ကိုင်နေခဲ့သူဖြစ်သည်။ ၂၀၀၀-ခုနှစ် လောက်မှာ သတင်းများကိုအင်တာနတ်မှ တင်ပေးနေသော်လည်း ဦးစိန်ဝင်းမှာ မည်သည့်သတင်းတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်၊ ကဗျာတစ်ပုဒ်၊ ၀တ္ထုတစ်ပုဒ်၊ သီချင်းတစ်ပုဒ်၊ ရေးသားခဲ့သူမဟုတ်ချေ။ ထို့အတူ စာအုပ်တစ်အုပ်လည်း ရေးသားဖြန့်ချီခဲ့သူ မဟုတ်သလို နယူးဒေလီမြို့ရှိ စာပေသမားဖွဲ့စည်းခဲ့သော ပန်းစကားဂျာနယ်၊ စာပန်းအိမ်စာရေးဆရာများအဖွဲ့၌ ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့။ ၄င်းအဖွဲ့အစည်းတို့မှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စာပေရေးသားကြသော စာရေးဆရာများကို စုပေါင်းဖွဲ့စည်းထားကြခြင်းဖြစ်ရာ သတင်းတစ်ပုဒ်၊ စာတစ်ပုဒ် မရေးသားတတ်သူ ဦးစိန်ဝင်းကို အဖွဲ့ဝင်အဖြစ် မရွေးချယ်မဖိတ်ခေါ် မခန့်အပ်ခြင်းဆိုသည်မှာ စဉ်းစားကြည့်သူတိုင်း သိရှိကြမည်ဖြစ်သည်။ အထူးသဖြင့် -DVB- အသံလွှင့်အစီစအဉ်တွင် ဇတ်လမ်းပမာများကို အပတ်စဉ် စနေနေ့တိုင်း ရေးသားထုတ်လွှင့်ခြင်း၊ ဆောင်းပါးများထုတ်လွှင့်ခြင်းတို့၌ မည်သည့်ဇတ်လမ်းပမာ၊ မည်သည့်ဆောင်းပါး တစ်ပုဒ်တလေကိုမျှ မရေးသားခဲ့သော မိဇ္ဈိမအယ်ဒီတာဟု နာမည်ခံသည့် ဦးစိန်ဝင်းဖြစ်သည်။

ကွန်ပျူတာကနေပြီး သတင်းတင်ခြင်းနှင့် အင်တာနက်မှသတင်းများကို ကူးယူဖေါ်ပြနေသူလောက်ကို မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းတွင် သတင်းစာဆရာကြီးလိုလို စာရေးဆရာကြီးလိုလို ကဗျာဆရာကြီးလိုလို အနုပညာရှင်များကြီးများနှင့် အတူဓါတ်ပုံတွဲရိုက်ခြင်း။ အဖွဲ့အစည်းတွင် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် ခန့်အပ်ထားခြင်းမှာ လွန်စွာအကျည်းတန် စေလှပါသည်။ ကွန်ပျူတာမှ အင်တာနက်သတင်းတင်ခြင်းမှာ လူတိုင်းတတ်ကြရာ စာမဖွဲ့လောက်သော အတတ်ပညာသာ ဖြစ်ပါသည်။ ထို့ကြာင့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၏ ဂုဏ်သိက္ခာညိုးနွမ်းစေမည့် ၄င်းဦးစိန်ဝင်းအား ဗဟိုဦးစီးအဖွဲ့ ဝင်အဖြစ်မှလည်းကောင်း၊ မြန်မာနိုင်ငံ စာရေးဆရာများအသင်းအဖွဲ့ဝင်များ အဖြစ်မှ လည်းကောင်း အမြန်ဆုံးထုတ်ပယ်ရန် လိုအပ်နေပါသည်။

မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းသည် သမိုင်းတစ်ခေတ်တွင် ဂုဏ်ကျက်သရေရှိသူများသာ ပါဝင်ပတ်သက်သော စာပေအနုပညာရှင်များ ဖြစ်ကြပါ၍ စာတစ်လုံး၊ ကဗျာတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်၊ အယ်ဒီတာ့အာဘော် စာညွန်၊့ လေးချိုး၊ ကာချင်း၊ တြာချင်း၊ ရတု ၊ရကန်၊ ဒွေးချိုး၊ တစ်ကြောင်းတလေမျှ မရေးသားတတ်သူကို ယခုကဲ့သို့ ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ်မှ မထုတ်ပယ်ဘဲထားပါက မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းအနေဖြင့် အဖတ်ဆည်မရသော ဂုဏ်သိက္ခာများ ကျဆင်းနိုင်ဘွယ် ရှိပါကြောင်း အသိပေးအပ်ပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်