Subscribe to our RSS Feed

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၏ သတင်းစာရှင်းလင်းပွဲ နေပြည်တော်တွင် ပြုလုပ်


From : ရန်ကုန်တိုင်းမ်း

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၏ သတင်းစာရှင်းလင်းပွဲတစ် ရပ်ကို နေပြည်တော် တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များအနေဖြင့် နုတ်ထွက်ရန် မရှိကြောင်း အဆိုပါသတင်းစာ ရှင်းလင်း ပွဲတွင် အတိအလင်းပြောကြားလိုက်သည်။

လွှတ်တော်ရေး ရာကော်မ ရှင်၊ ကော်မတီများ အနေဖြင့် ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းများ အဖြစ် သတ်မှတ်ခြင်း မပြုကြောင်း ကို အဆိုပါ ခုံရုံးမှ ဆုံးဖြတ်ခြင်း အပေါ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ၃၀၁ဦးက လက်မှတ်ရေး ထိုးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲင ယ်(၄) အရ ဖောက်ဖျက်ကျူး လွန်ခြင်းနှင့် ပုဒ်မခွဲ ငယ်(၅)အရ တာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် နိုင်ငံ တော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား မိမိတို့ဆန္ဒအ လျောက် ဩဂုတ် ၂၁ရက် နောက် ဆုံး ထား ၍ တာဝန်မှ နုတ်ထွက်သွား စေရေး ကို အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ချေပ ပြောဆို လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ အဖွဲ့အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ပေးရသည့် အဖွဲ့ဖြစ်သည့် အတွက်
(၁). နိုင်ငံတော်ကို သစ္စာစောင့်သိတယ်
(၂).ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း ဖောက်ဖျက်မကျူးလွန်ဘူး
(၃).အကျင့်ပျက်မှု မရှိဘူး
(၄) ခုံရုံးအဖွဲ့ အရည်အချင်းပျက်ယွင်းမှုလည်း မရှိဘူး
(၅).ခုံရုံးအဖွဲ့တာဝန်ကျေပြွန် ပျက်ယွင်းမှုလည်း မရှိဘူး ဟူသည့် အစရှိသည့် အချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း မရှိသည့် အတွက် ယင်းအဖွဲ့မှနှုတ်ထွက်ရန်မရှိကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ဥက္ကဋ္ဌဦးသိန်းစိုးနှင့် အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်ကြိုင်၊ဦးခင်ထွန်း၊ဦးထွန်းကြည် ၊ဒေါက်တာတင်အောင်အေး ၊ဒေါ်ခင်လှမြင့်၊ဒေါ်မိမိရီ၊ဦးစိုးသိမ်း၊ဦးသန်းမြင့်တို့ ပါဝင်ကြောင်းသိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်