Subscribe to our RSS Feed

ကမ္ဘာ့ ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ပထမဆုံး ပါဝင်ခွင့်ရပြီ


From : Pyi Myanmar Journal

ပေါ်တူဂီနိုင်ငံတွင် ကျင်းပမည်ဖြစ်သော ကမ္ဘာ့ ဖူဆယ် ဘောလုံးပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ ACE ဖူဆယ် ဘောလုံးအသင်းဟာ ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့် ပြိုင်ပွဲတစ်ရပ်အသွင်ဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်ကြောင်း ၆-၈-၂၀၁၂ ရက်က သိရသည်။ နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်သော အဆိုပါပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရန်အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တစ်ဆင့် လျှောက်ထားခဲ့ရာ ပါဝင်ခွင့်ကို သြဂုတ်လ ပထမပတ်အတွင်းမှာ ရရှိသွားခဲ့ကြောင်း သိရသည်။ “ဘောလုံးအဖွဲ့ချုပ်က မေးတယ်။ ဒီပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရပြီ။ ဝင်ပြိုင်မှာလားလို့ မေးတယ်။ ကျွန်တော်တို့လည်း ဝင်ပြိုင်ဖို့အတွက် အားကစားသမားအားလုံးကို ပတ်စပို့စပြီး လုပ်ခိုင်းနေပါပြီ” ဟု ACE ဖူဆယ် ဘောလုံးအသင်းပိုင်ရှင် ဒေါက်တာဖြိုးကိုကိုတင့်ဆန်းက ပြောကြားသည်။ မြန်မာနိုင်ငံမှ ဖူဆယ် ဘောလုံးအသင်းတစ်သင်း အနေဖြင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ဘဲ ယခုကဲ့သို့ ယှဉ်ပြိုင်ခွင့်ရခြင်းမှာ မြန်မာအသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ပြီး ဖူဆယ်အသင်း အနေဖြင့် အာရှအဆင့် ခြေစစ်ပွဲကိုသာ ဝင်ပြိုင်ခဲ့ဖူးကာ အာဆီယံအဆင့်တွင်မူ တတိယသာ ရရှိထားဖူးသည်ဟု သိရသည်။


Myanmar Express

1 comments:

Congratulation ပါ ။ ရ လဒ် ကောင်း တွေ ရ ပါ စေ လို့ ဆု တောင်း ပါ တယ် ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်