Subscribe to our RSS Feed

ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု အဆိုးရွားဆုံး ခံစားရမည့် ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံမှာ ဒုတိယနေရာ ရောက်ရှိနေပြီး အာရှမှေ


From : ရတနာပုံသတင်း

သြဂုတ်လ ၂၀ ရက်။ ။ ကမ္ဘာတစ်ဝန်းရှိ ရာသီဥတုဆိုးရွားမှုများကို ခံစားရမည့်နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံအနေဖြင့် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း မြန်မာ့စွမ်းအင် လိုအပ်ချက် စစ်တမ်းတွင် ဖော်ပြထားပါတယ်။ သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် The National Seminar Wrokshop on Energy, Enviroment and Climate Change တွင် အဆိုပါ မြန်မာ့စွမ်းအင် လိုအပ်ချက် စစ်တမ်းကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားတွင် “ဂျာမန် စောင့်ကြည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအန္တရာယ် အညွှန်းကိန်းမှ မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ ရာသီဥတု ဆိုးရွားမှုများကို ခံစားရမည့် နိုင်ငံများတွင် ထိပ်ဆုံးမှ သုံးနိုင်ငံအတွင်း ပါဝင်နေသည်ဟု ဆိုပါသည်” ဟု မြန်မာ့စွမ်းအင် လိုအပ်ချက် စစ်တမ်းကို ပြောကြားရာတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါတယ်။

အာရှဖွံ့ဖြိုးမှုဘဏ်မှလည်း အရှေ့တောင်အာရှဒေသ (အထူးသဖြင့် မြန်မာနိုင်ငံ) သည် ရာသီဥတု ပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေစွာ နေထိုင်နိုင်ရန် လိုအပ်သည့် ဒေသများတွင် ပါဝင်ကြောင်းကိုလည်း ဖော်ပြထားသည်ဟု အဆိုပါစစ်တမ်းတွင် ရေးသားထားပြန်ပါတယ်။ ကမ္ဘာတစ်ဝန်းရှိ ရာသီဥတုဆိုးရွားမှုများကို ခံစားရမည့်နိုင်ငံများစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေသည့်နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်ဖြစ်ပြီး ဒုတိယနေရာတွင် မြန်မာနိုင်ငံမှ ရပ်တည်နေခြင်း ဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။ ရာသီဥတုဆိုးရွားမှုများကို ခံစားရမည့် ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် အာရှမှ ခြောက်နိုင်ငံဖြင့် အများဆုံးပါဝင်နေပြီး အမေရိကအလယ်ပိုင်းမှ နှစ်နိုင်ငံ၊ ကာရေဘီယံကျွန်းစုမှ နှစ်နိုင်ငံပါဝင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေဖြင့် မာလာမုန်တိုင်း၊ နာဂစ်မုန်တိုင်းအပါအဝင် ခံစားခဲ့ရသည့် ရာသီဥတု ဖောက်ပြန်ဆိုးရွားမှုအရ ထိခိုက်ခဲ့သည့် ဖြစ်စဉ်များ နှစ်အပိုင်းအခြားလိုက် ခံစားရလျက် ရှိသည်။ ဂျာမန်စောင့်ကြည့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအန္တရာယ် ညွှန်းကိန်း တွက်ချက်ရာတွင် နှစ်အလိုက် ခံစားခဲ့ရသည့် ရာသီဥတု ဘေးအန္တရာယ်များကို အခြေခံ တွက်ချက်ထားခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ ယခု ၂၀၁၂ ခုနှစ် မိုးစပါးစိုက်ရာသီတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ပြင်းထန်စွာ ခံစားရသည့် အနေအထားရှိနေကြောင်း၊ မြန်မာနိုင်ငံအထက်ပိုင်းဒေသများ ဖြစ်သည့် မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဆိုးရွားစွာ မိုးခေါင်မှုဒဏ်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်လျက်ရှိပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသများ ဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးများနှင့် မွန်၊ ကရင်ပြည်နယ်တို့တွင်မူ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းသည့်ဒဏ်ကြောင့် ရေကြီးနစ်မြုပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားရလျက်ရှိကြောင်း သိရပါတယ်။

ရာသီဥတု ဒဏ်အများဆုံး ခံစားရသည့် နိုင်ငံများစာရင်း

၁- ဘင်္ဂလားဒေ့ရှ်၊

၂- မြန်မာ၊

၃- ဟွန်ဒူးရပ်စ်၊

၎- နီကရာဂွါ၊

၅- ဟေတီ၊

၆- ဗီယက်နမ်၊

၇- ဒိုမီနီကန်၊

၈- ပါကစ္စတန်၊

၉- မြောက်ကိုရီးယား၊

၁၀- ဖိလစ်ပိုင်တို့ ဖြစ်ကြပါတယ်။


Myanmar Express

1 comments:

ကဲ ကောင်းကြသေးရဲ့လား သစ်ပင် တွေကို လူလိုမခုတ်လို့ ဖြစ်ရတာ။ဝိသမ လောဘသမား သစ်ခုတ်တဲ့ကုမ္ပဏီတွေ ကြောင့် ဖြစ်ရတာ အော ခုတော့ သူတို့က အာရှ စီမ်းလန်း စိုပြေရေး ဆိုပဲ ရီစရာ ပြောတတ်တယ်။အင်္ဂလိပ် ကျွန်ပြုခဲ့ တုန်းကတောင် သူတို့လောက် မခုတ် ခဲ့ဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်