From :
မန်စီမြို့နယ်၊ ကွတ်လုံကျေးရွာတွင် KIA မှ မန်ဝိန်းကြီးကျေးရွာမှ ရွာသား(၂)ဦး၊ ဖာဈာန် ကျေးရွာမှ (၃)ဦး၊ နောင်မွန်းကျေးရွာမှ(၇)ဦး၊ နမ့်တီးကျေးရွာမှ (၅)ဦး စုစုပေါင်းရွာသား (၁၇)ဦး အား ဖမ်းဆီးခေါ်ဆောင် ထားကြောင်း သိရှိရပါတယ်။
ယင်းတို့အနက်မှ မန်ဝိန်းကြီးကျေးရွာသား(၂)ဦးကို ကျေးရွာဥက္ကဋ္ဌနှင့် ၄င်းမိဘများက KIO အူလန်ပါမြို့နယ်မှူး အဆင့်ရှိဆလန်ကဘာဘရန်အောင်ထံမှ သွားရောက်ရွေးထုတ်ခဲ့ရကြောင်း သတင်းရရှိပါတယ်။
ဖာဈာန်ကျေးရွာမှ ရွာသား(၃)ဦးမှာ တရုတ်-မြန်မာနယ်စပ် နောင်တောင်ကျေးရွာဘက်သို့ ထွက်ပြေးသွား ခဲ့ပါတယ်။ ကျန်ရှိနေသေးသည့် ရွာသား(၁၂)ဦးအား ဘရန်အောင်မှ တပ်ရင်း(၁) အင်ဘာပါသို့ ပို့ဆောင်ခဲ့ ကြောင်း သတင်းရရှိပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်