ပါတီတွင်း ရင်ကြားမစေ့နိုင်ပဲ အချင်းချင်း ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပြီးနောက် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး တစ်ခုကို မနေ့က ရွှေဂုံတိုင်မှာ အရေးပေါ်ကျင်းပခဲ့ရပြီး ပါတီတွင်း ငြိမ်းချမ်းရေးအတွက် ငြိမ်းချိမ်းရေးနိုဘယ်ဆုရှင်ကိုယ်တိုင် အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ဒီအစည်း အဝေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် နာယက ဦးတင်ဦးနဲ့ သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင် အပါအဝင် ပါတီ ထိပ်ပိုင်းခေါင်းဆောင် (၁ဝ) ဦးလောက် တက်ရောက်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့သီတင်းတပတ်ကျော်လောက်က ဧရာဝတီတိုင်း မြောင်းမြမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တချို့ ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်ပြီး သွားရောက် စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ အန်အယ်လ်ဒီ ဗဟိုက စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ မြောင်းမြခရိုင်တွင် ပါတီတွင်း စုန်းမ ရှိတယ်ဆိုပြီး မြောင်းမြမြို့က အန်အယ်လ်ဒီအဖွဲ့ဝင် ၃၀၀ ကျော်က ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင်တွေရဲ့ဆုံးဖြတ်ချက်နဲ့အဖွဲ့ ဝင် ၃ ဦးပါ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဒီနေ့ဖွဲ့စည်းလိုက်ပြီလို့ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။
"ကျနော်တို့ ဆုံးဖြတ်ပြီးပါပြီ။ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ရန်ကုန်တိုင်းက ၃ ယောက်နဲ့ ဖွဲ့ပြီးတော့ ရန်ကုန်တိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးတင်ရှိန်၊ ရန်ကုန်တိုင်းကော်မရှင်အဖွဲ့ဝင် ဦးဘိုဘိုဦးနဲ့ ဦးအေးနိုင်ရယ်ပါ။ အမြန်ဆုံးသွားရောက်ဖို့နဲ့ အမြန်ဆုံး အစီရင်ခံဖို့ ကျနော်တို့ လုပ်ထားပါတယ်။ မြောင်းမြကိစ္စတခုကိုပဲ စစ်ပါမယ်။ ဘာကြောင့်လဲ၊ ဘာကိုဆန္ဒပြတာလဲ၊ ဘာဖြစ်တာလဲ သိဖို့လိုတယ်လေ။"
မြောင်းမြမြို့က အန်အယ်လ်ဒီ ပါတီဝင် ၃၀၀ ကျော်ဟာ ပါတီတွင်း စည်းလုံးညီညွတ်မှု ပျိုကွဲပြီး ဩဂုတ် ၁၂ ရက်နေ့ က မြောင်းမြ အန်အယ်လ်ဒီရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။
ဒါ့အပြင် ကော့သောင်း NLD ကလည်း ပါတီတွင်း ဒီမိုကရေစီ မရှိဘူးဆိုပြီး ဆန္ဒပြခဲ့ပြန်ပါသေးတယ်။
ငြိမ်းချမ်းရေးနိုဘယ်ဆုရင် ဥက္ကဌ လုပ်နေတဲ့ NLD ပါတီတွင်းမှာ အချင်းချင်း မငြိမ်းမချမ်းဖြစ်နေမှုအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို လူထုက စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိပါတယ်။
Myanmar Express
1 comments:
ရင်ကြားမစေ့ နိုင်၇င်လဲ အမေစုက ဖင် ကြားမှာ စေ့သွားကြောင် လုပ်နိုင်၇ဲ့သားနဲ့ .. မေမေစု တပည့်တွေ ဘယ်နှစ်ယောက်၇ှိပီးလဲ မေမေစု၇ဲ့ ဖင်ကြားမှာ စေ့ သွားကြတာ.. ရင်ကြားလောက်ကတော့ အဟင့်... ဆွဲစေ့ မလိုက်မယ်..
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်