ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား နယ်မြေကျော်လွန် ဖွဲ့စည်းထားသော Transnational Institute (TNI) အဖွဲ့မှ Researcher Mr.Tom Kramer ခေါင်းဆောင်သော အဖွဲ့ဝင် (၈) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ ညနေပိုင်း(၃) နာရီ (၄၀) မိနစ် အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။
အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား နယ်မြေကျော်လွန် ဖွဲ့စည်းထားသော Transnational Institute (TNI) အဖွဲ့မှ Researcher Mr.Tom Kramer ခေါင်းဆောင်သော အဖွဲ့လာရောက်တွေ့ဆုံစဉ်
အထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ နယ်မြေကျော်လွန် ဖွဲ့စည်းထားသော Transnational Institute (TNI) အဖွဲ့မှ Researcher Mr.Tom Kramer အား အမှတ်တရလက်ဆောင် ပေးအပ်စဉ်
ထိုသို့တွေ့ဆုံရာတွင် လက်ရှိကျင့်သုံးလျှက်ရှိသော ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်မှု ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့် ရည်မှန်းနိုင်ငံတော်သစ် ထူထောင်နိုင်ရန် ကြိုးပမ်းနေမှု အခြေအနေများ၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်နှင့်အညီ နိုင်ငံတကာ ဆက်ဆံရေးအား ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးအတွက် ပူးပေါင်းဆောင် ရွက်နေမှုအခြေအနေများအား ရင်းနှီးပွင်လင်းစွာ ဆွေးနွေးကြသည်။
ထို့နောက် Transnational Institute (TNI) အဖွဲ့မှ Researcher Mr. Tom Kramer နှင့် အဖွဲ့ဝင်များမှ သိလိုသည်များကို မေးမြန်းရာ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ရှင်းလင်းပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက TNI အဖွဲ့ဝင်များကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြကြောင်း သတင်းရရှိသည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်