From : Hmuu Zaw
မကြာခင်ရက်ပိုင်းအတွင်းက လာရောက်ခဲ့သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှာ စစ်တပ်ကအရာရှိတွေ ပါဝင်နေမှု နှင့် ပတ်သက်ပြီး AP သတင်းဌာနမှ မေးမြန်းချက်။
ပြီးခဲ့တဲ့အပိုင်းက ကျွန်တော်တို့ အဓိကကတော့ လူ့အခွင့်အရေးကိစ္စတွေနဲ့ပတ်သက်ပြီး တော့ technical assistant နည်းပညာတွေ၊ အသိပညာတွေ အကူအညီပေးတဲ့ အပိုင်းတွေ ဆွေးနွေးပွဲ တစ်ခုလာပြီးတော့ လုပ်တာဖြစ်ပါတယ်။ စောစောကပြောသလိုပဲ တပ်က ပုဂ္ဂိုလ်တွေလည်းပါလာတာ သိရပါတယ်။ နောက်တစ်ခါ အမေရိကန်က နိုင်ငံခြားရေး ဒုဝန်ကြီးတို့ဘာတို့ ပါလာပါတယ်။ အဲဒီတော့ ကျွန်တော်ကတော့ နိုင်ငံခြားရေး ဒုဝန်ကြီးနဲ့ တွေ့လိုက်ပါတယ်။ တပ်ကအကြီးအကဲနဲ့တော့ မတွေ့ဖြစ်ပါဘူး။ အဓိကကတော့ လူ့အခွင့် အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ နည်းပညာပေးတဲ့ ဆွေးနွေးပွဲပဲဖြစ်ပါတယ်။ လောလော ဆယ်တော့ အမေရိကန်နဲ့ကျွန်တော်တို့နဲ့တပ်ချင်းပေါင်းပြု ပြီးတော့ လုပ်ဖို့ပြုဖို့ ဒါတွေတော့ အစီအစဉ်မရှိပါဘူး။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်