From :မောင်တင်
ဆေးကုသမှု ကုန်ကျစရိတ် သက်သာစေရေးအတွက် မြို့နယ်အခြေပြု ကျန်းမာရေး ကုန်ကျစရိတ် အကာအကွယ်ပေးရေး စီမံချက်ကို ကျန်းမာရေးဝန်ကြီးဌာနက စတင်အကောင် အထည်ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့က နေပြည်တော်ရှိ အမရာဟိုတယ်တွင် ကျင်းပသော မြို့နယ်အခြေပြု ကျန်းမာရေးကုန်ကျစရိတ် အကာအကွယ်ပေးရေး အစီအစဉ် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားသည်။ ကျန်းမာရေး အသုံးစရိတ် နည်းပါးခြင်း၊ ပြင်ငအကူအညီရရှိမှု နည်းပါးခြင်းတို့ကြောင့် ကျန်းမာရေးအတွက် ပြည်သူလူထုက ကုန်ကျခံ သုံးစွဲရသောစရိတ် များပြားသဖြင့် အဆိုပါစီမံချက်ကို အကောင် အထည်ဖော်ရခြင်းဖြစ်ကြောင်း ဒေါက်တာဖေသက်ခင်က ထပ်လောင်းပြောကြားသည်။ “ကျန်းမာရေး အာမခံက အိမ်နီးချင်း ထိုင်း၊ လာအို၊ အိန္ဒိယတို့မှာ အကုန်ရှိတယ်။ မြန်မာမှာတော့ အခုထိ မရှိသေးဘူး” ဟု အပတ်စဉ်ထုတ် ကျန်းမာရေးဂျာနယ်တစ်စောင်၏ အယ်ဒီတာချုပ်တစ်ဦးက ဆိုသည်။ ကျန်းမာရေး အာမခံချက်သည် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကို လူတိုင်းတတ်နိုင်အောင် လုပ်ဆောင်ပေးခြင်းဖြစ်ပြီး အာမခံကြေး လစဉ်ပုံမှန် ပေးသွင်းခြင်းဖြင့် လိုအပ်သည့်အချိန်တွင် ငွေကြေးပူပင်မှု နည်းပါးစွာဖြင့် ကုသနိုင်ကြောင်း ဒေါက်တာမြင့်ဦးက ပြောကြားသည်။ အောက်တိုဘာလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပသော အဆိုပါကျန်းမာရေး ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ပညာရှင်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) မှ ပညာရှင်များ တက်ရောက်ကြကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်