From :
hot news
မြန်မာနိုင်ငံတွင် လက်ရှိဖြစ် ပေါ်နေသောသဘောတရားအရ မြန်မာနိုင်ငံတွင် ဆေးကုသစရိတ် ကြီးမားခြင်း၊ ဆေးဝါပစ္စည်းလုံ လောက်စွာမရှိခြင်း၊ ကျမ်းမာရေး အထောက်အကူပြုစက်ပစ္စည်းလုံ လောက်မျှတစွာမရှိခြင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှုသည်လူတိုင်း လက်လှမ်းမမီခြင်းစသည့်အဖြစ် အပျက်များဖြစ်ပေါ်လျက်ရှိကြောင်း လေ့လာသိရှိရသည်။
သို့ရာတွင်ကျန်းမာရေးဝန်ကြီး ဌာနမှ ကျန်းမာရေးလူတိုင်းလက် လှမ်းမီစေရေးအတွက် မြို့နယ်အခြေ ပြုကျန်းမာရေးကုန်ကျစရိတ် အား ကာကွယ်ပေးရန်စဉ်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးဒေါက်တာဖေသက် ခင်ကပြောကြားသည်။ “ကျွန်တော် တို့မြန်မာနိုင်ငံမှာ လွန်ခဲ့သော ဆယ်စုနှစ်များက ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာကဏ္ဍာငွေ ရှာဖွေဖြည့်တင်းရေးမှာ သိသာထင် ရှားစေတဲ့စိန်ခေါ်မှုတွေရှိခဲ့ပါတယ်။ အဲဒါတွေကတော့ နိုင်ငံတော် အစိုးရ၏ကျန်းမာရေးအသုံးစရိတ် ထည့်ဝင်မှုနည်းပါးခြင်း၊ ပြင်ပအကူ အညီရရှိမှုနည်းပါးခြင်းတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြည်သူများမှ ကျခံသုံးစွဲရသော စရိတ်များဟာ ပိုမိုများပြားပါတယ်။ အဲဒါကြောင့် ကျန်းမာရေးစောင့် ရှောက်မှုကို လူတိုင်းလက်လှမ်းမီ စေရန် ရည်ရွယ်၍ဆေးကုသမှု ကြောင့် ပြည်သူလူထုငွေကြေး အခက်အခဲဖြစ်ပေါ်လာမှုကို လျော့နည်းစေရန် စီစဉ်ဆောင် ရွက်လျက်ရပါတယ်”ဟု ကျန်းမာရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်မှပြောကြား ခဲ့သည်။
အချို့သောပါတီများမှ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အခမဲ့ဆေးခန်းများဖွင့်လှစ်ပေး ထားပါသော်လည်း ကျန်းမာရေး စောင့်ရှောက်မှုအတွက်ဆေးပေးရာ တွင် ရောဂါအားပိုမိုထိရောက်မည့် ဆေးများပေးမှုသည်လျော့နည်း လျက်ရှိကြောင်းတွေရှိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်