Subscribe to our RSS Feed

ပြည်ခိုင်ဖြိုးပါတီမှ နေပြည်တော်၊ ပျဉ်းမနား ဘိုးဘွား ရိပ်သာ ဆေးခန်းဆောက်လုပ်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ပျဉ်းမနား ဘိုးဘွားရိပ်သာ၊ ဆေးခန်းဆောက်လုပ်ရာတွင် အသုံးပြုရန် အတွက် အလှူငွေ ပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ (၃၀) ရက်နေ့ ညနေပိုင်းက အဆိုပါ ဘိုးဘွားရိပ်သာ အလုပ်အမှုဆောင် အဖွဲ့ရုံးခန်း၌ ပြုလုပ်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နီနီဝင်း၊ ပျဉ်းမနားမြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီး၊ ပျဉ်းမနား ဘိုးဘွားရိပ်သာ တွဲဖက်အတွင်းရေးမှူး ဦးအောင်ရွှေနှင့် အလုပ်အမှုဆောင် အဖွဲ့များ တက်ရောက်ကြသည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး  (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး၊ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နီနီဝင်း တို့ နေပြည်တော်၊ ပျဉ်းမနား ဘိုးဘွားရိပ်သာ ဆေးခန်းဆောက်လုပ်ရန် အတွက် အလှူငွေ ပေးအပ်လှူဒါန်းစဉ်
အခမ်းအနားတွင် အလှူရှင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းတင်ပြပြီး ဆေးခန်းဆောက်လုပ်ရာတွင် အသုံးပြုရန်အတွက် အလှူငွေ များ ပေးအပ်လှူဒါန်းရာ ပျဉ်းမနားမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမှတ်ကြီးမှ လက်ခံရယူပါသည်။


ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး  (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး၊ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နီနီဝင်း တို့ နေပြည်တော်၊ ပျဉ်းမနား ဘိုးဘွားရိပ်သာ ဆေးခန်းဆောက်လုပ်ရန်အတွက် ပျဉ်းမနားမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီး၊ ဘိုးဘွားရိပ်သာ အလုပ်အမှုဆောင် အဖွဲ့တို့နှင့် ဆွေးနွေးစဉ်
ဆက်လက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးသည် ပျဉ်းမနားမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီး၊ ဘိုးဘွားရိပ်သာ အလုပ်အမှုဆောင် အဖွဲ့တို့နှင့်အတူ ပြည်သူ များအား အခမဲ့ ဆေးကုသနိုင်ရန် အတွက် လိုအပ်သည်များ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးကြပါသည်။

၎င်းနောက် ဘိုးဘွားရိပ်သာ တွဲဖက်အတွင်းရေးမှူးမှ ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားပြီး အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ သည် ဆောက်လုပ်ဆဲ ဆေးခန်းအား သွားရောက်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။

 Myanmar Express 

2 comments:

ဘယ်လောက် လှုတာလဲ ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်