From : Hmuu Zaw
ဒီကိစ္စနဲ့ပတ်သက်လို့လည်း အခု ကျွန်တော်တို့ အမျိုးမျိုးတွေ ဝေဖန်နေတာတွေ အမျိုးမျိုးတွေ ပြောဆိုနေတာတွေ ရှိပါတယ်။
အဲဒီတော့ ပထမအချက်ကတော့ ကျွန်တော် ခုနက ဥက္ကဌတာဝန်ကို ဆက်ပြီးတော့ ကျွန်တော့်ကို တာဝန်ပေးတဲ့ ကိစ္စပါ။ အဲဒီတော့ ဒီဟာ ဥပဒေနဲ့ မညီဘူး ဆိုပြီးတော့ ဒီလိုတွေ ဝေဖန် နေတာတွေ၊ သုံးသပ်တာတွေ ရှိပါတယ်။
အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ကြည်လို့ရှိရှင် ဥက္ကဌက ပါတီကနေ ထွက်စရာ မလိုပါဘူး။ ဥက္ကဌဟာ ပါတီက ထွက်ရမယ်လို့လည်း မပါ ပါဘူး။ နောက်တစ်ခုက ဥက္ကဌတာဝန်ကနေ ထွက်ရမယ် ဆိုတာလည်း မပါပါဘူး။ သို့သော်လည်း တိတိကျကျ ပြဌာန်းထားတာကတော့ သမ္မတဖြစ်ရင် သမ္မတဟာ သမ္မတရဲ့သက်တမ်းကာလအတွင်းမှာ ပါတီလုပ်ငန်းများ မလုပ်ရဆိုပြီးတော့ ဒီလို တိတိကျကျနဲ့ ကျွန်တော်တို့ ပြဌာန်းထားတာ ရှိပါတယ်။ ကျွန်တော် ဥက္ကဌ ဆိုသော်လည်းပဲ ကျွန်တော်ရဲ့လုပ်ငန်းတွေ လုပ်လို့ မရပါဘူး။ ကျွန်တော်ရဲ့ လုပ်ငန်းတွေက ဟိုမှာ ရှိနေလည်း ကျန်တဲ့လူတွေက လွှဲပြောင်းပြီး လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ပါတီဥက္ကဌဖြစ်ပြီးတော့ ရွေးကောက်ပွဲမှာ အနိုင်ရတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ အခုလို သမ္မတ ဖြစ်လာတာ ဖြစ်တယ်။
အဲဒီတော့ နောက်ထပ် ၂၀၁၅ ရွေးကောက်ပွဲမှာရော ခုနကလို သမ္မတ ထပ်ပြီးတာ့ အရွေးခံဦးမလားဆိုရင် ဒီမေးခွန်းတွေ အနောက်နိုင်ငံတွေမှာလည်း ကျွန်တော့်ကို မေးပါတယ်။
ကျွန်တော့်ကို လိုလားလို့ပဲ မေးတာလား၊ စိုးရိမ်လို့ပဲ မေးတာလား ကျွန်တော်လည်း မသိဘူး။ ခုနကလို ဒါတွေလည်း မေးကြပါတယ်။ မေးကြတော့ ကျွန်တော် ဖြေပါတယ်။ ဒီမှာတော့ ဒီအတိုင်းပဲ ဖြေရမှာပဲ။ ဒီကနေ့အထိတော့ ကျွန်တော်သည် ကျွန်တော့်အသက်အရွယ်အရ၊ ကျွန်တော့် ကျန်းမာရေးအရ သက်တမ်းတစ်ခုပဲ လုပ်မယ်လို့ ဒီကနေ့အထိ ကျွန်တော် ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ဟိုမှာတော့ ကျွန်တော်ဖြေလိုက်ပါတယ်။ သူတို့ကလည်း သိပ်လိုလားနေတော့ ။ ကျွန်တော်ကတော့ ဒီကနေ့အထိ ကျွန်တော့်သည် ပထမသက်တမ်းတစ်ခုပဲ လုပ်မယ်။ သို့သော်လည်းပဲ တိုင်းပြည်ရဲ့အခြေအနေ၊ ပြည်သူရဲ့ဆန္ဒ၊ ဒါတွေ ကျွန်တော်တို့ ဖြစ်လာလို့ရှိရင် ကျွန်တော်တို့ စဉ်းစားပါ့မယ် ဆိုပြီးတော့ ကျွန်တော် ဖြေခဲ့ပါတယ်။ အခုလည်း ခုနကလို ဒီအတိုင်းပဲ ဖြေရမှာ ဖြစ်ပါတယ်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်