- CV Form များကို Singapore Accountant အလုပ်နှင့် ကိုက်ညီသော CV Form ဖြစ်ရမည်။
- အလုပ်လျောက်သောအခါ နည်းစနစ်မှန်ကန်စွာ အလုပ်ရှင်စိတ်ဝင်စားအောင် လျှောက်နိုင်ရမည်။
- Interview မေးခွန်းများကို စနစ်တကျ နည်းစနစ်မှန်ကန်စွာဖြေနိုင်ရမည်
။
- နေထိုင်ခွင့် (S pass, EP ) လျှောက်သော အခါ Reject မဖြစ်အောင် ဘယ်လိုကြိုတင်ပြင်ဆင်ရမည်။
လုပ်ငန်းခွင်ထဲ ၀င်ရောက်သောအခါ
- Singapore နိုင်ငံတွင်သုံးနေသော (SAP, MYOB, UBS, Peach Tree, Quick Book, ACCPAC ) စသော Accounting Software များကို သိထားရမည်။
- လစဉ်တိုင်း Singapore Accountant များ မလုပ်မဖြစ် အစိုးရသို့ တင်သွင်းရသော GST, CPF, IR8A, Form C စသော ကိစ္စများကို မည်သို့ လုပ်ကိုင်ရမည်ကို လက်တွေ့ သိရှိထားရမည်။
- လုပ်ငန်းခွင်တွင်ရှိနေသော အလုပ်သမား S Pass, Work Permit (Low Levy, High Levy) များအတွက် နေခွင့် Permit များကို အစိုးရသို့ မည်သို့ လျောက်မည်၊ ဆေးစစ်ချက်များ နှင့် MOM Officer များကို မည်သို့ Appointment လုပ်မည်၊ Insurance Claim , Medical Claim, Hospital Claim များကို မည်သို့ တင်ရမည် ကို သိရှိထားရမည်။
- လုပ်ငန်း ခွင်တွင်ရှိနေသော အလုပ်သမားများ၏ လစာများကို မည်သို့ တွက်မည်၊ Over time, Day Shift နှင့် Night Shift များကို မည်သို့တွက်မည်ကို သိရှိထားရမည်။
- နေ့စဉ်အရောင်းစာရင်းများ ၊ အ၀ယ်စာရင်းများးကို GST ကွာပာမူ့ မရှိအောင်မည်သို့ စာရင်းသွင်းမည်၊ ရရန်ရှိသော Customer များသို့ Statement များ အကြွေးများကို ဖုန်း (သို့ ) email ဖြင့် မည်သို့ ပြောဆို ရေသားမည် ကို သိရှိထားရမည်။
- နိုင်ငံခြားနှင့် အရောင်းအ၀ယ်ပြုလုပ်လျှင် မည်သို့ ပြုလုပ်မည် ( T T and LC) ၊ Third Party ( Logistic Company) များနှင့် မည်သို့ပူးတွဲလုပ်ဆောင်မည်၊ GST (F5 , F8 ) မည်သို့ Claim ရမည် ကိုသိရှိထားရမည်။
- ပေးရန်ရှိများကို Cheque ဖြင့်ပေးလျင် Cancel Cheque မဖြစ်စေရန် Cheque ကိုစနစ်တကျထုတ်တတ်စေရန် သိရှိထားရမည်။
- ဘဏ်နှင့် ကိုက်ညီရှင်းတမ်းရေးဆွဲခြင်း (Bank Reconciliation) ၊ ကြိုတင်ပေးများ (Prepaid), ပေးရန်ရှိများ (Accrual), တန်ဖိုးလျော့များ (Depreciation) များနှင့် လချုပ်မည်သို့ ချုပ်မည်ကိုသိရှိထားရမည်။
- အရှုံးအမြတ်စာရင်း ( Profit & Loss and Balance Sheet) များကို မည်သို့ ပြုလုပ်မည်။ Supporting Documents များနှင့် သူဌေးနားလည်သဘောကျစေရန် မည်သို့ တင်ရမည်ကို သိရှိထားရမည်။ (Financial Reporting)
- နှစ်တိုင်း Accountant များ ပြုလုပ်ရမည်ဖြစ်သော ၀င်ငွေခွန် ( IR8A) , အမြတ်ခွန် ( Corporate Tax) , ECI (Estimated Chargeable Income) , Form C, စားသုံးခွန် ( GST), Audit Schedule စသော အကြောင်းအရာများကို သိရှိထားရမည်။
2 comments:
autocad နဲ့ သွားချင်ရင်ဘာတွေပြင်သွားရမလည်း ကူညီပေးစေချင်တယ်ဗျာ
အဲဒီလောက်တာ သိရင်တော့ဗျာ accountant မလုပ်တော့ဘူး။ consultant ပဲလုပ်တော့မယ်ဗျာ။ ဟိဟိဟိဟိ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်