From :သန့်ဇင်ဝင်း(မြစ်မခ)
ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကဏ္ဍမှာ (၅)နှစ်တာကာလအတွင်း (၅၀)ရာခိုင်နှုန်း တိုးတက်လာကြောင်းနှင့် မကြာမီကာလအတွင်း ရာနှုန်းပြည့်တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော(၅)နှစ်က နှစ်နိုင်ငံကုန်သွယ်မူမှာအမေရိကန်ဒေါ်လာ(၉၅)မီလီယံခန့်ရှိရာမှ ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၁၅၀)မီလီယံအထိ တိုးတက်လာလာသဖြင့် ငါးနှစ်တာကာလ အတွင်း အမေရိကန်ဒေါ်လာ(၅၅)မီလီယံခန့် တိုးတက်လာပြီး မကြာမီနှစ်များအတွင်း အမေရိကန်ဒေါ်လာ (၂၀၀)မီလီယံအထိ တိုးတက်လာနှိင်ကြောင်းသိရသည်။
“ဒီလိုကုန်သွယ်မူရာနှုန်းပြည့်တိုးတက်လာနိုင်တာဟာ ဗီယက်နမ်ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံစီးပွားကူးသန်းဝန်ကြီးဌာနတို့ဟာအလွန်ပဲ ရင်းနှီးကျွမ်းဝင်ပါတယ်၊ ကျွန်တော်တို့ အစိုးရကပူးပေါင်းဆောင်ရွက်မူတွေ၊ပံပိုးမူတွေကို လုပ်ခဲ့တယ်။ ဒီဟာက နှစ်နိုင်ငံ ကုန်သွယ်မူ မြင့်မား တိုးတက်ကြီးမားတဲ့ အကြောင်းအရင်းပါပဲ”ဟု စီးပွားကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှစတင်၍ ကုန်စည်ပြပွဲ(၇)ကြိမ်မြောက် ကျင်းပခဲ့ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း အဓိကတင်သွင်းသည့် ၄င်းတို့၏ ကုန်စည်ပစ္စည်းမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းဈေးကွက်ဖြစ်ပြီး မြန်မာနှင့်ဗီယက်နမ် တိုက်ရိုက်ပျံသန်းသည့်လေကြောင်းလိုင်းများလည်းရှိကြောင်း သိရသည်။
ထိုအပြင် Vietnam Expo 2012 ပြပွဲအား အောက်တိုဘာ (၂၅) ရက်မှ (၂၈) ရက် နေ့အထိ တပ်မတော်ခန်းမ၌ ပြခန်းပေါင်း (၁၁၈)ခန်းအား ကုမ္ပဏီပေါင်း (၈၁) ခုက ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။
“ဗီယက်နမ်နိုင်ငံဟာ အာဆီယံ အသင်းဝင်နိုင်ငံဖြစ်ပြီး ယခုနှစ်တွေမှာ စီးပွားရေး တိုးတက် နေတဲ့ နိုင်ငံဖြစ်တယ်။ မြန်မာနိုင်ငံနှင့်လည်း ချစ်ကြည်ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေး ရှိတဲ့ နိုင်ငံလည်းဖြစ်တယ်။ မြန်မာနိင်ငံနဲ့ ဗီယက်နမ်နိုင်ငံ ကုန်သွယ်မူတန်ဘိုးဟာနှစ်စဉ် တစ်နှစ် ထက် တစ်နှစ်တိုးတက် နေတယ်။ ဒီပြပွဲ့ကြီးအောင်မြင်ဖို့ကို UMFCCI က အတတ်နိုင်ဆုံး ပူးပေါင်း ပါဝင်သွားမှာဖြစ်တယ်။ နောင်ကုန်သွယ်မူလမ်းကြောင်းတွေ ကောင်းလာရင် ဒီထက်ပို တိုးတက်လာမှာဖြစ်တယ်”ဟုUMFCCI မှအလုပ်အမူ ဆောင် ကော်မတီဝင် ဦးထွန်းအောင်က ပြောသည်။
အဆိုပါ ဗီယက်နမ်ကုန်စည်ပြပွဲတွင် စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်များ၊ ဆေးရုံလုပ်ငန်း သုံးပစ္စည်များ၊ အလှကုန်ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်