From : popular
တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကိစ္စနှင့် ဝိဇ္ဇာ-သိပ္ပံဘာသာတွဲများ တွဲခြင်း၊ ခွဲခြင်းကိစ္စရပ်တို့ကို လွှတ်တော်၌သာ အတည်ပြုတော့မည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
''လက်ရှိ အတိုင်းပဲသွားမ
Myanmar Express
တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကိစ္စနှင့် ဝိဇ္ဇာ-သိပ္ပံဘာသာတွဲများ တွဲခြင်း၊ ခွဲခြင်းကိစ္စရပ်တို့ကို လွှတ်တော်၌သာ အတည်ပြုတော့မည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
''လက်ရှိ အတိုင်းပဲသွားမ
ှာ လား ဒါမှ မဟုတ်ပြောင်းမှာလား၊ ဒါကို လွှတ်တော်မှာပဲ စုပေါင်း ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချတော့ မယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ထိုကဲ့သို့ ဆွေးနွေးမှုတို့ကို ယခုကျင်းပမည့် ပထမအကြိမ် ပဉ္စမပုံမှန်
အစည်းအဝေးတွင် ပြု လုပ်သွားဖွယ်ရှိလိမ့်မည်ဟု ဒုတိယ ဝန်ကြီးက ဆက်ပြောသည်။
နိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကို တစ်နိုင်ငံလုံး တွင်
ယခင်က တစ်စုံတည်းထုတ်၍ စစ်ဆေးမှုပြုခဲ့သော်လည်း ၂ဝဝဝ ခုနှစ်
နောက်ပိုင်းကာလမှစကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် အပါအဝင်
နိုင်ငံခြားစာ စစ်ဌာနမေးခွန်း ၁၁ စုံထုတ်ခြင်း တို့နှင့်အတူ ဝိဇ္ဇာ၊
သိပ္ပံနှင့် ဝိပ္ပံ ဘာသာရပ်ခွဲခြင်းတို့ကို ပညာရေး ဝန်ကြီးဌာနက
ပြုလုပ်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်မှ တွဲဖက် ပါမောက္ခတစ်ဦးက
ထိုစဉ်အချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်၍ မည်သို့သောမူဝါဒကို
အခြေခံကာ ဆောင်ရွက်ခဲ့သည်ကို သေချာမ ပြောနိုင်သော်လည်း မေးခွန်းအစုံ
များခြင်းကြောင့် မေးခွန်းလွယ်ခြင်း ခက်ခြင်းများ ဖြစ်လာကာ ညီမျှမှု
မရှိခြင်းတို့ကြုံလာပါကြောင်း သူ၏ အတွေ့အကြုံကို အခြေခံကာ ပြော သည်။
သို့သော်မေးခွန်းများခြင်း ကြောင့် မေးခွန်းလုံခြုံမှုတွင် ပို၍ စိတ်ချရ ကာ
ပေါက်ကြားရန် ခက် သည်ဟု တွဲဖက်ပါမောက္ခက ထပ် လောင်း ဆိုသည်။
ရန်ကုန် တက္ကသိုလ်က ကထိ က ဒေါက်တာတစ်ဦးကမူ လွှတ် တော် တွင် ဆွေးနွေးရန်
အစီအစဉ် ရှိမှုကိုကြိုဆိုခဲ့ပြီး ဝိဇ္ဇာ-သိပ္ပံတွဲခြင်း၊ ခွဲခြင်းကိုမူ
ဝါရင့်တက္ကသိုလ်ဆရာ အချို့က စင်ကာပူကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့်
အင်္ဂလန်GCE 'O' Level ကဲ့သို့သော စာမေးပွဲမေးခွန်းတို့ကို အခြေပြုကာ
၎င်းတို့လည်းခွဲထားသည်ကို ကြည့် ခြင်းဖြင့်ခွဲသည်က ကောင်းသည်ဟု
မှတ်ချက်ပြုသည်။
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်