Subscribe to our RSS Feed

လွှတ်တော်အစည်းအဝေးများ နိုဝင်ဘာ ၂၇ ရက်ထိ ကျင်းပမည်

From : 7day

ယခုကျင်းပလျက်ရှိသည့် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများ၏ ပဉ္စမပုံမှန်အစည်းအဝေးကို ယနေ့ အောက်တိုဘာ ၁၈ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပရန် လျာထားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။

သို့သော်အကြောင်းအရာများပေါ်မူတည်၍ ကျင်းပမည့်ရက် ပိုလျှင်လည်း ပိုသွားနိုင်ကြောင်းဆက်လက်ပြောသည်။
သူရဦးရွှေမန်းက ယနေ့ကျင်းပသည့် ပြည်သူ

့လွှတ်တော်အစည်းအဝေးတွင် ပုသိမ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့် တင်သွင်းသည့် "လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်နှင့် အချိန်ကြာမြင့်စွာ ကင်းကွာနေမှုမရှိစေရေး၊ နယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်နိုင်ရေးအတွက် တစ်နှစ်လျှင် ၆ လထက် မပိုသော ကာလအထိသာ လွှတ်တော်ပုံမှန်အစည်းအဝေးများ ကျင်းပရန်၊ လွှတ်တော်များသို့ တိုက်တွန်းကြောင်း" အဆိုကို ပြန်လည်ရှင်းလင်းရာတွင် အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။

လက်ရှိလွှတ်တော်ကျင်းပနေမှုပုံစံသည် သတ်မှတ်ထားသည့် လ မရှိသော်လည်း တစ်နှစ်လျှင် ခြောက်လ၊ ခုနစ်လ ပတ်ဝန်းကျင်သာ ကျင်းပနေခြင်းဖြစ်ကြောင်း ဦးရွှေမန်းကပြောသည်။

လွှတ်တော်ကျင်းပချိန်ကို သတ်မှတ်ခြင်းကိုခွင့်ပြုလိုက်ပါက လုပ်ငန်းတာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်မည်မဟုတ်သဖြင့် ဦးဝင်းမြင့်တင်သွင်းသည့် အဆိုအား မှတ်တမ်းတင်ထားရန်သာ ဥက္ကဋ္ဌကပြောကြားသည်။
 
Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်