From : မြ၀တီ
ဖားကန့်မြို့၊ တာမခံကျေးရွာ၊ ရပ်ကွက်(၇)၊ အမှတ်(၇၂)နေ ဦးဝင်းမြင့်ထွန်း(ခ) ဖိုးလုံး (၅၃)နှစ်သည် ၁၆-၁၀-၂၀၁၂ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စု၊ ဘုံချောင်းကျေးရွာတွင် ဇနီးဖြစ်သူ သေဆုံးသွားသဖြင့် သမီးဖြစ်သူ မမေချိုလွင်(၁၇)နှစ် ၉ တန်း ကျောင်းသူ တွဲဘက် အထက(တာမခံ)နှင့်အတူ ဘုံချောင်းကျေးရွာသို့ သွားရောက်ခဲ့သည်။ ဖားကန့်-မိုးကောင်းလမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်လာရာ လုံးခင်းကျေးရွာအုပ်စု၊ ၆ မိုင်ကျေးရွာအနီး အရောက်တွင် ကေအိုင်ကေ(ကချင်)အဖွဲ့မှ ထောင်ထားသော မိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှု ဖြစ်ပွားရာအနီးတစ်ဝိုက် ကားလမ်းဝဲဘက်ရှိ တောင်ယာတဲအတွင်းမှ ကေအိုင်ကေ(ကချင်)အဖွဲ့ (၅)ဦးခန့်သည် အရပ်ဝတ်ဖြင့် ထွက်လာပြီး ဖြစ်ပွားမှု အနီးကျန်ရှိသော ၀ါယာကြိုးစများအား သိမ်းဆည်း၍ ကားလမ်းဝဲဘက်ခြမ်းသို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်အားသိသိခြင်း တပ်မတော် စစ်ကြောင်းများမှ လိုက်လံရှင်းလင်းဆောင်ရွက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ များအား ဖားကန့်ပြည်သူဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုရရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။ ဦးဝင်းမြင့်ထွန်းမှာ စိုးရိမ်ရပြီး ၊ မမေချိုလွင်မှာ စိုးရိမ်စရာမရှိကြောင်းသတင်းရရှိသည်။
Myanmar Express

1 comments:
တော်သင့်ကြပြီလို့ ထင်ပါတယ် ဒီလိုလုပ်နေယုံနဲ့ ပြေလည်မှုရနိုင်မယ်မထင်ပါဘူးဗျာ လူတွေရဲ့ အသက်ကို နည်းနည်းလေး တန်ဘိုးထားကြည့် ပေးပါအုံး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်