Subscribe to our RSS Feed

အစ္စရေး စစ်ဘက်သည် ဆိုက်ဘာ စွမ်းပကား များအား မြှင့်တင် လုပ်ဆောင်လျက် ရှိသည် ဟု ဆို

From : မြဝတီ
 

 အီရန် နိုင်ငံက ဆိုက်ဘာ တိုက်ခိုက်မှုများ ပိုမို လုပ်ဆောင်လျက် ရှိသည်ဟု အစ္စရေး ဝန်ကြီးချုပ် နေတန် ညာဟုက ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) အနေဖြင့် ဆိုက်ဘာ စစ်ဆင်ရေး ဆိုင်ရာ စွမ်းပကား များအား တိုးမြှင့်ရန် လုပ်ဆောင်လျက် ရှိကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့ Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။ ဆိုက်ဘာနှင့် ဆက်စပ်သော လှုပ်ရှားမှုများကို တုံ့ပြန် လျက်ရှိသည့် အထူး တပ်ဖွဲ့များကို အထောက် အကူ ဖြစ်စေရန် အစ္စရေး ငွေရှာကယ် ၁ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၆၂ သန်း) ရင်းနှီးမြှုပ်နှံသွားရန်IDFက စီစဉ်လျက် ရှိပါသည်။ အဆိုပါ ဆိုက်ဘာ ခြိမ်းခြောက် မှုများသည် IDF အတွက် သာမက အစ္စရေး နိုင်ငံ တစ်နိုင်ငံလုံးအပေါ် အကျိုး သက်ရောက်မှု ရှိနိုင်သည့် ကိစ္စရပ် တစ်ရပ်ဖြစ်ကြောင်း အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာလ ၁၆ ရက်နေ့တွင် Ha'aretz နေ့စဉ် သတင်းဌာနသို့ ပြောကြားခဲ့ ပါသည်။ ထို့အပြင် အဆိုပါ ခြိမ်းခြောက်မှုသည် အစ္စရေး နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ ကဏ္ဍရပ်များ အတွက် အဓိကကျပြီး အထူးသဖြင့် ခေတ်မီ နည်းပညာ များ ဆိုင်ရာ ကဏ္ဍရပ်တစ်ခုလုံး အတွက် လွန်စွာ အရေးကြီးကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ ပါသည်။ အီရန် နိုင်ငံသား ဟတ်ကာများ အနေဖြင့် အစ္စရေး နိုင်ငံ၏ ကွန်ပျူတာ ကွန်ရက် အတွင်းသို့ ဝင်ရောက် ဖျက်ဆီး နိုင်ရေးအတွက် နေ့စဉ်နှင့်အမျှ ကြိုးပမ်းလျက် ရှိကြောင်း ဝန်ကြီးချုပ် နေတန်ညာဟုက အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ အမေရိကန်နှင့် ပင်လယ်ကွေ့ ဒေသ နိုင်ငံများတွင် ဆိုက်ဘာ တိုက်ခိုက် ခံရမှုများ စဉ်ဆက်မပြတ် ပေါ်ပေါက် ခဲ့ပြီးနောက် အမေရိကန် နိုင်ငံ၏ အကျိုး စီးပွားများကို ဆန့်ကျင်ရေး "Cyber-Pearl Harbor" အစီအစဉ် အတွက် အီရန် ဟက်ကာများက တိုက်ခိုက် ရန် ကြိုးစားလာ နိုင်ကြောင်း အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များက လွန်ခဲ့သော ရက်သတ္တပတ် အတွင်း ပြောကြားခဲ့ ပါသည်။ မကြာသေး မီ ရက်သတ္တပတ် အတွင်း အမေရိကန် ဘဏ်များနှင့် ချိတ်ဆက် ထားသည့် ကွန်ပျူတာ ကွန်ရက်များအား ဟတ်ကာများက ဝင်ရောက် တိုက်ခိုက်ခဲ့ ကြောင်းနှင့် သြဂုတ်လ အတွင်းကလည်း ဆော်ဒီ အာရေဗျနိုင်ငံ Aramco ရေနံ ကုမ္ပဏီ၏ ကွန်ပျူတာကွန်ရက် တစ်ခုအတွင်းသို့ ကွန်ပျူတာ ဗိုင်းရပ်စ်များ ထည့်သွင်းကာ ကွန်ပျူတာ ၃ဝ,ဝဝဝ ကျော်မှ အချက်အလက်များကို ဖျက်ဆီး ပစ်ခဲ့ကြောင်း သိရှိရ ပါသည်။ 

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်