From :မူးဇော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ပထမအကြိမ် နေပြည်တော်တွင်ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယခု ဖြစ်ပွားလျက်ရှိနေသော ကချင်ပြည်နယ်ရှိ တိုက်ပွဲများနှင့်ပတ်သတ်၍ ပြောကြားခဲ့သည်။နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က
" ကေအိုင်အိုစစ်သားတစ်ယောက်ဆုံးရှုံးတာလဲ တိုင်းပြည်အတွက်ဆုံးရှုံးတာပဲ။ မြန်မာစစ်သားဆုံးရှုံးတာလဲ တိုင်းပြည်အတွက်ဆုံရှုံးတာပါပဲ ။ ကချင်မှာဖြစ်နေတဲ့ ပဋိပက္ခတွေမှာ သနားစရာအကောင်းဆုံးက KIO နဲ့ စစ်တပ်ကြားရောက်နေတဲ့ တိုင်းရင်းသားတွေပဲ။ နောက် ဒီ ပဋိပက္ခကြောင့် နှစ်ဘက်စစ်သည်တွေ အကျအဆုံးအလွန့်အလွန်ကိုများပြားတယ်။ ကျွန်တော်ငွေကြေးအားဖြင့် ဘယ်လောက်ပျက်စီးဆုံးရှုံး တယ်ဆိုတာ အတိအကျမပြောနိုင်ပေမယ့် ဒါဟာတိုင်းပြည်တစ်ခုလုံးရဲ့ ဆုံးရှုံးမှုပါပဲ။ "ဟုပြောကြားခဲ့သည်။
Myanmar Express

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်