Subscribe to our RSS Feed

မိုက်ကယ်အဲရစ် နှင့် ဒေးဗစ်လှမြင့် မိန်းမ အမေ စုကြည်က Burma လား?Myanmar လား?

From :  အောင်သော်အောင်


 ကျွန်တော်တို့ရဲ့ကမ္ဘာကျော်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမေစုအနေနဲ့ တတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် အမေရိကန်ကို စက်တင်ဘာလလယ်ကစပြီး ၁၇ ရက်ကြာခရီးသွားခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း အမေစုသွားရောက်ခဲ့တဲ့၊ ပြောခဲ့တဲ့၊ လုပ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ရပ်များ၊ အကြောင်းအရာများကြောင့် မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ တော်တော်ကို ဂုဏ်ယူစရာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံတကာအလယ်မှာ အမေစုကြောင့် မြန်မာတွေမျက်နှာပွင့်ခဲ့ရတယ်ပေါ့။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲဘ၀င်မကျခဲ့တာက Burma ဆိုပြီး သုံးနှုန်းသွားတာကိုပါပဲ။ ယခင်ထိုင်း နိုင်ငံခရီးစဉ်နဲ့ အင်္ဂလန်ခရီးစဉ်တွေမှာလည်း Burma ဆိုတဲ့စကားလုံးတွေ ပလူပျံခဲ့ပါတယ်။ ဒီအပေါ် မှာလည်း မီဒီယာကနေ ရေးကြ၊ ပြောကြ၊ ဆွေးနွေးကြတာတွေ၊ တာဝန်ရှိသူ/အဖွဲ့တွေက တရားဝင် အသိပေးတာ၊ ကာယကံရှင်က ပြန်ဖြေတာအားလုံး သိရှိပြီးဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်ကာလအတွင်း အမေစုက တရားဥပဒေစိုးမိုးရေးဆို ပြီး ကြိမ်ဖန်များစွာပြောခဲ့တာ သတိထားမိပါတယ်။ အဲဒီနောက် ပြည်သူ့လွတ်တော်မှာလည်း ဥပဒေ စိုးမိုးရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။ Burma ဆိုတဲ့အသုံးအနှုန်းနဲ့ ပတ်သက်ပြီး အမေစုရဲ့တုံ့ပြန်ဖြေကြားခဲ့တာ၊ ယခုတစ်ခါ အမေရိကန်ခရီးစဉ်မှာ ထပ်ပြီးသုံးတာတွေ ကို ဆက်စပ်ပြီး အမေစုပြောပြောနေတဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ စကားလုံးနဲ့ဆက်စပ်မြင်ကြည့်ပါ တယ်။ တရားဥပဒေစိုးမိုးရေးဆိုတာကို အမေစုက ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲတော့မသိဘူးဗျ။ ကျွန်တော်နားလည်တာတော့ တရားဥပဒေနဲ့အညီပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ပြည်သူတွေကရော၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကရော လိုက်နာစောင့်ထိန်းခြင်းပါပဲ။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၂ မှာ “နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်” ဟုခေါ်တွင်စေရမည်လို့ အတိအလင်း ဖော်ပြထားပါတယ်။ UN အပါအ၀င် ကျင့်ဝတ်နားလည်တဲ့ နိုင်ငံအတော်များများကလည်း မြန်မာလို့ ခေါ်ဝေါ်နေပါပြီ။ အမေစုအနေနဲ့ ဘာကြောင့် မြန်မာလို့မခေါ်နိုင်၊ မသုံးနိုင်ဖြစ်နေရတာလဲ၊ အမေစုက တရား ဥပဒေစိုးမိုးရေးဆိုပြီး မကြာခဏပြောခဲ့တာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ကျမ်းသစ္စာ ကျိန်ဆိုတာတွေကို မေ့သွားသလား။ ကိုယ်တိုင်က တရားဥပဒေစိုးမိုးရေးလို့ ကြားကောင်းအောင် အော်အော်နေပြီး နိုင်ငံတကာအလယ်မှာ ဘာကြောင့် Burma ကို သုံးနေတာလဲလို့ စဉ်းစားမိပါတယ်။ မြန်မာနိုင်ငံ အင်္ဂလိပ်နယ်ချဲ့လက်အောက်ကျရောက်ခဲ့ပြီး သွေးစုပ်ချယ်လှယ်ခံခဲ့ရတာ၊ နယ်ချဲ့ အင်္ဂလိပ်တွေက တိုင်းရင်းသားအချင်းချင်းသွေးကွဲအောင်ဖန်တီးပြီး နိုင်ငံနာလန်မထူနိုင်အောင် အကြံ ကြီးခဲ့တာတွေကို ပြည်သူတွေအားလုံးသိနေခဲ့ကြတာဖြစ်ပါတယ်။ အခုအချိန်ကာလမှာ ပြည်သူတွေ အနေနဲ့ အတိတ်သမိုင်းက ခံခဲ့ရတာတွေကို သဘောထားကြီးကြီးထားပြီး မေ့နိုင်အောင်၊ သင်ပုန်းချေ နိုင်အောင်လုပ်ပြီး နိုင်ငံတကာမှာ မြန်မာလို့ဝင်ဆန့်အောင် တက်လှမ်းနေချိန်မှာ အမေစုက မြန်မာ ပြည်သူတစ်ရပ်လုံးကို သူ့ကျွန်ဘ၀က ခေါ်ဝေါ်ခဲ့တဲ့ Burma ဆိုတဲ့စကားလုံးနဲ့ ခြောက်လှန့်နေ တာလား။ အမေစုအနေနဲ့ကော Burma အနေနဲ့ ခံယူတာလား။ ဒါမှမဟုတ် အင်္ဂလန်နိုင်ငံသား မိုက်ကယ်အဲရစ်ရဲ့ဇနီးတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံသားတွေကို ကျွန်စိတ်သွင်းချင်တာနဲ့ Burma လို့ ခေါ်တာလား စသည်ဖြင့် လားပေါင်းများစွာနဲ့ အမေစုရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ Burma ဆိုတဲ့ စကားလုံးများကို နားလည်အောင်၊ မြင်အောင်ကြည့်နေပေမယ့် ဒီနေ့အထိတော့ ရေးရေးတောင် မမြင် သေး၊ နားမလည်သေးဘူး ဖြစ်နေပါတယ်။ 

 Myanmar Express 

9 comments:

It is make a any differend burma or Myanmar
Can u explain to me why ?
I been in us 16yrs most people know only Burma
ဒါကတော့ သူပြောသာ မမှား ဘူးလို့ ကျွှန်တော်ယူဆတယ်
ဒါဆိုရင် ဒို့ တိုင်ပြည်ရဲ့ ပြည်ထောင်ဆု တိုင်းရင်းသာ အလံ ကို
ဘာ့ကြောင့် ဘယ်သူကပြောင်းလဲ ခဲ့သာလဲ ?
အဲ့ဒါကို ခင်ဗျား ရေးပြပါ လား ? ပြီးတော့ ခင်ဗျား အဖေ နာယက
ကြီးရဲ့ သမီးအကြောင်း ကိုကော ခင်ဗျားရေး ရဲလား ?
သတင်းထောက် ကောင်းမှန်ရင် သတ္တိ့ ရှိ့ ရင် ခင်ဗျား ရေးရဲရမယ်
မရေးရင် ခင်ဗျားဟာ ကြံ့ရဲ့ချီး ကိုစား တဲ့သူလို့ ကျွှန်တော် ယူဆ
တယ်။
ငါအမြဲတမ်း အလေးပြု တဲ့
ဒို့ ပြည်ထောင်ဆုရဲ့ အလံ
ငါအမြဲတမ်း သတိ့ရတဲ့ အမိ့မြေ
ငါအရမ်း ပဲချစ်မီ့တဲ့ ဒို.့ တိုင်ရင်းသား
ခတ္တ်အဝေး ရောက် မြန်မာ ပြည်သား

It is make a any differend burma or Myanmar
Can u explain to me why ?
I been in us 16yrs most people know only Burma
ဒါကတော့ သူပြောသာ မမှား ဘူးလို့ ကျွှန်တော်ယူဆတယ်
ဒါဆိုရင် ဒို့ တိုင်ပြည်ရဲ့ ပြည်ထောင်ဆု တိုင်းရင်းသာ အလံ ကို
ဘာ့ကြောင့် ဘယ်သူကပြောင်းလဲ ခဲ့သာလဲ ?
အဲ့ဒါကို ခင်ဗျား ရေးပြပါ လား ? ပြီးတော့ ခင်ဗျား အဖေ နာယက
ကြီးရဲ့ သမီးအကြောင်း ကိုကော ခင်ဗျားရေး ရဲလား ?
သတင်းထောက် ကောင်းမှန်ရင် သတ္တိ့ ရှိ့ ရင် ခင်ဗျား ရေးရဲရမယ်
မရေးရင် ခင်ဗျားဟာ ကြံ့ရဲ့ချီး ကိုစား တဲ့သူလို့ ကျွှန်တော် ယူဆ
တယ်။
ငါအမြဲတမ်း အလေးပြု တဲ့
ဒို့ ပြည်ထောင်ဆုရဲ့ အလံ
ငါအမြဲတမ်း သတိ့ရတဲ့ အမိ့မြေ
ငါအရမ်း ပဲချစ်မီ့တဲ့ ဒို.့ တိုင်ရင်းသား
ခတ္တ်အဝေး ရောက် မြန်မာ ပြည်သား

daw su hmar.. colonial.. amone ma pyay thay dae moral dwe shit nay thaE dae..but she will not become president MYANMAR COUNTRY we are against her so much,,THE MOST OF CITIZENS DISLIKE HER CHRACTERISTICS..

[JINGO]

ကျော်လွင် ဆိုတဲ့ကောင်၊ အမျိုးဂုဏ်ဖျက်ပြီး ကိုယ့်ကောင်းစားရေးဘဲကြည့်ပြီး ကုလားနဲ့ အင်္ဂလိပ်ကို လင်လုပ်၊ အမျိုးမစစ်တဲ့ မျိုးဆက်တွေမွေးထုတ်၊ အခြေနေလေး ၈၈ မှာပေးလာတော့ မြန်မာ(ဒီကောင်မ ပြောတော့ ဗမာပေါ့) နိုင်ငံကိုချစ်သလိုလို လုပ်ပြီး နေရာယူလာတဲ့ ဒီ အမျိုးယုတ်မ ဘက်က မင်းက စောက်စိ ကန်းပြီး နာနေရတာလဲ ခွေးမျိုးရဲ့။

she is still have slave mind

u need to study more my son,, dont know no commet about politics

u r right ,, she is thar ku.. shameless

this photo girl is aung san's daughter?

ဟေ့ကောင်အမည်မသိတဲ့ကောင် မင်းက ဘာစောက်ဆင့်ရှိနေလို့လဲ မြန်မာနိုင်ငံကို ခု့နိုင်ငံတစ်ကာမှာခေါင်းပြန်ထောင်လာအောင်ဘယ်သူလုပ်ပေးတာလည်း မင်းပထွေးနဖူးပြောင်က ဘာတစ်လုံးမှ အင်္ဂလိပ်လိုမပြောတက်တော့ ဘယ်သူကပိုပြောပေခဲ့တာလည်း ဟားဟား ချီးဦးနှောက်နဲ့တက်မလာနဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်