From :ဒီမိုပါပါကြီး
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်ရပ်ကျေး NLD ပါတီရုံးမှ ရပ်ကျေးညီလာခံကျင်းပဖို့အတွက် ညီလာခံကော်မရှင် အမည်စာရင်း ကိုတင်ပြခြင်းနဲ့ အတည်ပြုဆုံးဖြတ်နိုင်ဖို့ အစည်းအဝေးကို့  အောက်တိုဘာလ 23 ရက်နေ့ ညနေ 7နာရီ30 မိနစ်မှာကျင်းပခဲ့ပါတယ်၊ ဒါပေမယ့် NLD ပါတီရဲ့ရပ်ကွက်အဆင့်လောက် ညီလာခံကျင်းပဖို့ ကော်မရှင်အမည်စာရင်းကို အပြိုင်တင်သွင်းခဲ့ကြပြီး သူကတော့ ကော်မရှင်မှာပါသင့်တယ်ငါကတော့ရော ကော်မရှင်မှာမပါရဘူးလားဆိုတဲ့ စကားသံတွေနဲ့ အချင်းချင်းစကားများ၊ ရန်ဖြစ်ပါတော့တယ်၊ ဒီအစည်းအဝေးကိုတော့ခရိုင်ညီလာခံကျင်းပရေးက ဝေလှိုင်ထွန်း၊ ဒေါ်ခင်လှဌေးနဲ့ ပါတီဝင် (၃၀)ကျော်လောက်တက်ရောက်ခဲ့ပေမယ့် အလိုရမက်ကြီးလှတဲ့ NLD ပါတီဝင်တွေရဲ့ ရပ်ကျေးအဆင့်လောက် ညီလာခံကျင်းပရေးကော်မရှင်လောက်ကို မက်မောကြတော့ ရိုက်ပွဲတွေဖြစ်ပြီးတော့ ရပ်ကျေးညီလာခံကျင်းပရေးကော်မရှင် အရွေးခံဖို့လာတဲ့ ပါတီဝင် (၉)ဦးကတော့ ခေါင်းကွဲ၊ ထိပ်ပေါက်နဲ့ ဆေးရုံမှာ သွားကုနေပါပြီ နောက်ပြီးတော့လဲ ပါတီရုံးကို ဖျက်သိမ်းဖို့ ဆောင်ရွက်နေပြီလို့ သိရပါတယ်။
Myanmar Express

7 comments:
တကယ်နိုင်ငံတော်ကိုချစ်ရင်အလုပ်လုပ်ကြပါ။အလုပ်မလုပ်ဘဲရန်ဖြစ်နေရင် နေရာလုနေ အာဏာမက်နေကြရင်ကျနော်တိုတိုင်းပြည်ဘယ်တော့မှတိုးတက်မှာမဟုတ်ဘူး။
မှန်ပါ့
တခါမှနေရာမရတာ ရချင်တာပေါ့လို့
စောက်ရှက်.......
ဒါပေါ့လို့ 
ပိုက်ဆံနဲ့အခွင့်အရေးရရင် အမတ်လုပ်ချင်တာပေါ့နော် ဟိဟိဟိဟိ
ဒေါ်စုရေ ကိုယ့်ပါတီဝင်တွေ အရင်ထိန်း ပြီးမှသမ္မတ လုပ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်