Subscribe to our RSS Feed

တိုင်းပြည်နှင့် တပ်မတော်အပေါ် သစ္စာမဲ့ကြသည့် ပြည်သူများမှ ကေအိုင်အေ အပစ်ရပ်ကြည့်ပါဟု မည်သည့် အချိန်တွင် မည်သူတွေ တိုက်တွန်းကြမည်နည်း

From : http://www.oppositeyes.info/2013/01/blog-post_9799.html

ပြည်ထောင်စု မြန်မာနိုင်ငံတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရကို ဝေဖန်၊ တပ်မတော်ကို သုံး သပ်၊ ၀န်ထမ်းများ၏ အားနည်းချက်များကို ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ် တတ်ကြ သည့် မြန်မာ ပညာရှင် များ သည် ယနေ့ ကချင်ဒေသအတွင်း ကေအိုင်အေနှင့် ဖြစ်ပွားသော စစ်ပွဲများတွင်တော့ ထူးခြားသည့် တစ် ဖက်မြင် ဝေဖန်သုံးသပ်ချက်များ ထုတ်ပြန်ပြောဆိုလျှက် ရှိကြသည်။
ကချင်ပြည်နယ်မှ လိုင်ဇာ ဒေသသည် ပထ၀ီ အနေအထားအရ အင်အားကြီးနိုင်ငံ တစ်ခုနှင့် နယ်နိမိတ်ချင်း ထိ စပ်နေ သည့် နေရာ ဖြစ်သည်။ ထို့ပြင် မြန်မာ့ တပ်မတော် နှင့် အပြိုင် လက်နက် တပ်ဆင်ပြီး ကိုယ်ပိုင် အစိုး ရ၊ ဘဏ်လုပ် ငန်း၊ ကိုယ်ပိုင် နိုင်ငံသား စိစစ်ရေး ကတ်များဖြင့် နိုင်ငံငယ်လေးတစ်ခုပမာ တည်ရှိနေ သည့် နယ် စပ် ဒေသတစ်ခုလည်း ဖြစ်သည်။ မြန်မာအစိုးရ၊ ကချင်အစိုးရ အုပ်ချုပ်မှုအာဏာနှင့် ဥပဒေများ သက်ရောက် မှု မရှိသည့် အပြင် မြန်မာနိုင်ငံအတွင်း၌ ရှိပြီး  မြန်မာနိုင်ငံနှင့် နှစ်ပေါင်းများစွာ မသက်ဆိုင် သည့် နေရာလည်း ဖြစ်သည်။
ယခင် အပစ်ရပ်စဉ် ကာလအတွင်း လိုင်ဇာအတွင်း စစ်ဌာနချုပ်၊ စစ်သင်တန်းကျောင်းများ ဖွင့်လှစ်ပြီး လက် နက်သစ်များ ၀ယ်ယူစုဆောင်း နေခြင်းသည်ကိုလည်း အမှု မထားခဲ့ကြ။ သို့သော် အပစ်ရပ် ပျက်ပြယ် သွားသည့်နောက် အဆိုပါ အမှုမထားခဲ့သည့် အရာများမှ အပျက်အစီးနှင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ် လာ ခဲ့ရသည်။ တံတားများ၊ လမ်းများ ပျက်စီးသည်။ ဒုက္ခသည်များ တိုးပွားလာသည်။ ကျေးရွာများမှ လူသစ် စုဆောင်းခံရသူ များ ပိုမိုများပြားလာသည်။ နိုင်ငံရေးအရ ဆွေးနွေးမှုဟု တောင်းဆိုရာမှ တိုက်ရိုက် မဆွေးနွေးတော့ဟု ဆိုကာ UNFC အဖွဲ့အစည်းဖြင့် ကိုင်လှုပ်သည့် အနေအထားသို့ ဖြစ်လာသည်။ ထို အနေ အထားနှင့် နောက်ဆက် တွဲ ဖြစ်လာနိုင်သည့် အနေအထားမှာတော့ ပြည်နယ်တစ်ခုလျှင် လက်နက် ကိုင် တပ်ဖွဲ့ ၁ ခု၊ တပ်မတော်နှင့် ပေါင်းလျှင် မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် တပ်ဖွဲ့ ၁၀ ခုလောက်ထိ ဖြစ်လာနိုင်သည့် အနေအထား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောက်ထပ် ၁၀ ခုခန့် ထပ်မံ တိုးမြှင့်ပေးရမည့် အနေအထားသို့ ရောက်လာနိုင် ပေသည်။ ပျားရည် တစ်စက်ကြောင့် ပြည်ပျက်သည်ဆိုသော စကားပုံ အတိုင်း မဖြစ်ပါဟု မည်သူ အာမခံနိုင် မည်နည်း။
မြန်မာ ရာဇ၀င်တွင် မန္တလေးနှင့် အထက်မြန်မာနိုင်ငံတစ်ကွက် ကျန်သည့် အနေအထားအထိ အာဏာ လု ၍ မဆုံးခဲ့သည့် သမိုင်းကြောင်း ရာဇ၀င်ရှိသည်။ လွတ်လပ်ရေး ရပြီးသည့်နောက် တပ်မတော်မှ အာဏာ မ သိမ်းလျှင် မရသည့် အခြေအနေအထိ ပြည်တွင်းရန် ကို ထည့်မတွက်ဘဲ အာဏာ လုနေခဲ့ကြ သည်မှာ လည်း သမိုင်းတွင် ပယ်ဖျောက်၍ မရခဲ့ပါ။ လမ်းပေါ်ထွက် ဆူပူရန်၊ အလုံးစုံဆန့်ကျင်ရေး ပြုလုပ်ရန်၊ လက် နက်ဖြင့် တော်လှန်ဆန့်ကျင်ရန် စသည့် မူဝါဒများဖြင့် တပ်မတော်မှ အာဏာယူထားစဉ် ကာလ အတွင်း ပူးပေါင်းဆောင် ရွက်မည် ဆိုသည့် စကားတစ်ခွန်းမထွက်ခဲ့သူများမှ ယနေ့ ပူးပေါင်းဆောင်ရွက်သည့် အချိန် ကာ လတွင်တော့ ရနိုင် သည့် အာဏာများအတွက် မြန်မာနိုင်ငံ နယ်နိမိတ်ကို ငဲ့ကွက်စဉ်းစားခြင်း မရှိကြတော့။
၈၈၊ဗကသ၊အန်အယ်လ်ဒီ စသည့် ကြေငြာချက်ထုတ်မြဲ ဖြစ်သော အဖွဲ့များမှ အစိုးရကို တိုက်တွန်းသည်။ ပြည်သူများကို စာနာသည်။ ထိုကြေငြာချက်မှ လွဲ၍ ကေအိုင်အေအား ငြိမ်းချမ်းရေး စားပွဲဝိုင်း သို့ တက်ရောက် ရေး တွန်းအားပေးသည် ဆိုသည့် စကားတစ်ခွန်း မထွက်။ မြ၀တီ၊ လားရှိုး၊တာချီလိတ်ကဲ့သို့ နယ်စပ်ဒေသများမှ  ကုန်ကားများကို Mobile Team ဖွဲ့၍ စစ်ဆေးလုပ်ဆောင်ရာမှ နိုင်ငံတော် ဘဏ္ဍာ မည်မျှ တိုးကြောင်း ပြောဆိုသူများမှလည်း လိုင်ဇာမှ မြစ်ကြီး နား အတွင်း ဆုံးရှုံးမှုများအတွက် အသံတစ်ခု မထွက်ကြ။ စစ်ပွဲ သတင်းကို တပ်မတော်မှ ပြောကြားခြင်း မရှိ ဟုဆိုကာ ကေအိုင်အေ ပြောသမျှ သတင်းလုပ်ရေးသည့် မီဒီယာများမှလည်း လတ်တလော အခြေအနေအရ ကေအိုင်အေကို တစ်စုံတစ်ရာ တိုက်တွန်းသည့် သတင်း၊ ဆောင်းပါး ဖော်ပြခြင်း မပြုကြ။ ကေအိုင်အေဘက်မှလည်း  အပစ်ရပ်ဖို့လိုသည် ဆိုသည့် သတင်းဆောင်းပါး များ စာမျက်နှာတွင် တင်ဖို့ တွန့်ဆုတ်နေကြသည်။ ထိုအခြေအနေမှာ မီဒီယာ အခွင့် အရေးတစ်ခုအတွက် မီဒီယာ သမားများ ညှိနှိုင်းပြီး အစိုးရမှ အားကိုးပါသည်ဟု တောင်းပန်ပြောဆို ချိန်အား စောင့်နေသလားဟုပင် ထင်ရပေသည်။ အစိုးရနှင့် တပ်မတော်ကို ပြစ်တင်ဝေဖန်၍ ဒုက္ခသည် များ ဗန်းပြထားချိန်တွင် ကေအိုင်အေကို တာဝန်ခံမည့် မည်သည့်ပုဂ္ဂိုလ် တစ်ဦးမှ မရှိ။ ကြားဝင်ဆွေးနွေး သူ များမှလည်း တာဝန်ခံနိုင်သည့် အရည်အချင်း မရှိကြ။
လက်ရှိ အစိုးရ လုပ်ပုံကိုင်ပုံ မကျေနပ်၍ လက်နက်ကိုင်အဖွဲ့များ ထိုသို့ကားများဖြင့် မြို့ကြီးများပေါ်တွင် လှည့်လည်ပါက မည်သူတားမည်နည်း
စစ်ပွဲချိန် ကြာမြင့်သည်နှင့် အမျှ ဆုံးရှုံးမှု ပိုမို များပြားလာမည် ဖြစ်သည်။ ယေဘူယျ သဘောအရ ကေအိုင် အေ တို့ အနေဖြင့် အပစ်ရပ်ပြီးနောက်တွင် အင်အားဖြည့်တင်းရန်အတွက် လူသစ် စုရအုံးမည် ဖြစ် သည်။ ကုန်ဆုံး သွားသည့် လက်နက်များ နေရာတွင် အစားထိုးရန်နှင့် နောက်တစ်ကြိမ်အတွက် ကြိုတင် ကာကွယ် ရန် ငွေကြေးများ သုံးစွဲရမည် ဖြစ်သည်။ ကေအိုင်အေမှ ထိုငွေကြေးများကို မည်သည့် နေရာမှ ရမည်နည်း။ နိုင်ငံ တကာမှ ထောက်ပံ့မည်လား၊ နိုင်ငံတော်မှ ထောက်ပံ့မည်လား၊ သူ့ဘာသာရှာဖွေစေမည်လား။ အရှည် သဖြင့် ကို မြင်တတ်ခြင်းဖြင့် ပြည်ထောင်စု မပြိုကွဲရေးကို ကာကွယ်နိုင်မည်သာ ဖြစ်သည်။
အစိုးရနှင့် တပ်မတော်မှ အပစ်ရပ်မည်ဟု တရားဝင် ကြေငြာပြီး ဖြစ်သည်။ ထိုအချိန်တွင် ကေအိုင်အေ မှ လည်း အပစ်ရပ်ပြီး ဆွေးနွေးပါဆိုသည့်စကားကို မည်သူက စ၍ ပြောမည်နည်း။ မည်သည့် အချိန်တွင်မှ စ ၍ ပြောမည်နည်း။ အံ့သြသင့်ဖွယ် တစ်ဖက်မြင်ဝေဖန်သုံးသပ်ချက်များမှ တိုင်းပြည်နှင့် ငြိမ်းချမ်းရေး အတွက် မည်သို့ အကျိုး ဖြစ်စေနိုင်မည်နည်း။ မီဒီယာနှင့် နှုတ် စောင့်စည်းမှု လွတ်လပ်သည်မို့ ကေ အိုင်ေ အနှ င့် စစ်ပွဲကို ကချင်စစ်ပွဲဟု ခေါင်းစဉ်တပ်သည်။ လိုင်ဇာတစ်ကွက်ကို ကချင်ပြည်နယ်ဟု ခေါင်းစဉ် တပ် သည်။ လက်မခံ နိုင်သည့် တောင်းဆိုမှုများ  ထွက်လာမည့် ဆွေးနွေးပွဲများအတွက် မည်သူတွင်မှ အဖြေ မရှိကြပါ။ တိုင်းပြည်နှင့် တပ်မတော်အပေါ် သစ္စာမဲ့ကြသည့် ပြည်သူများမှ ကေအိုင်အေ အပစ် ရပ်ကြည့် ပါဟု မည်သည့်အချိန်တွင် မည်သူတွေ တိုက်တွန်းကြမည်နည်း…
 
 www.MyanmarExpress.net
 

4 comments:

မိတ်ဆွေ သင်ဆိုလိုသည့် အဓိပ်ပါယ်မှာ ကေအိုင်အေ တခုတည်းကို ဦးတည်နေပါသည်၊ အမှန်ကို လုပ်ရဲပါက အားလုံးသော လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးသည် ဗမာလူမျိုးကြီးဝါဒကို မကျေနပ်သဖြင့် အင်အားစုတိုက်ခိုက်နေကြခြင်းဖြစ်သည်၊ ဗမာ့တပ်မတော်မှ စံပြအနေဖြင့်သော်လည်းကောင်း၊ တရုတ်ကိုကျော်ကပ်ထားရန်သော်လည်းကောင်း ၀ နှင့် ကချင်ကို စစ်ထိုးရန် ပြင်ဆင်ခဲ့သည်မှာ ယခုမှမဟုတ်ပါ၊ နှစ်ပေါင်းများစွာပြင်ဆင်ပြီး အဖက်ဖက်ကို ချင့်ချိန်ပြီး ကချင်ကိုရွေးချယ်တိုက်ခိုက်ခြင်းဖြစ်ပါသည်၊ သင်တို့မှဆက်လက်ပြီး ၀ ကို တိုက်ရဲပါသလား။ ရှမ်း။ ကရင်။ ကရင်နီ။ နာဂ တွေကို တိုက်ရဲပါသလား။ သင်တို့လုပ်နေသည်မှာ တခါတည်းအားလုံးကို အပြတ်မနှိပ်နိုင်ဘဲ နိုင်မယ်ထင်တဲ့နေရာလေးကိုသာကွက်ပြီးမဲနေသည်၊ ထိုအခြေအနေတွင် ကျန်သော လူမျိုးစုလက်နက်ကိုင်များမှာ ဒီတိုင်းနေမည်မဟုတ် မိမိတို့ဘက် မဲကျလာရင် တိုက်ဖို့ရန်ပြင်ဆင်နေမည်ဖြစ်သည်၊ မွန်ဂို စစ်ဘုရင် ဂျင်ဂျစ်ခန် စစ်အင်ပါယာချဲ့သလိုမျိုးသင်တို့လုပ်နေသည်မှာ ဘယ်တော့မှ ပြီးဆုံးမည် မဟုတ်သော အလုပ်တခုကိုဖေါ်ဆောင်နေခြင်းဖြစ်သည်၊ ထိုသည့်အခြေအနေမှ နီးစပ်ရာတိုင်းပြည်များကို ပိုမိုမှီခိုအားပြုလာမည် သင်တို့ကို ပထ၀ီနိုင်ငံရေးအရ ပိတ်ဆို့လိုက်သည်နှင့် ဗမာ့တပ်မတော်သည်လည်းကောင်း။ ဗမာလူမျိုးသည်လည်းကောင်း ပျောက်ပျက်သွားမည့်အနေအထားကို (သမိုင်းတပါတ်ပြန်လည်လာမည့်အနေအထား) မဖြစ်မနေရောက်ရှိသွားနိုင်မည်ဖြစ်သည်၊ သို့ပါသောကြောင့် အုပ်ချုပ်သူအစိုးရခေါင်းစဉ်ကိုင်ပြီး မာန်မတက်နေပါနှင့်။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းမစားနေပါနှင့်။ စစ်တပ်ကြီးစိုးရေးလမ်းစဉ်ကို ဘေးပို့ပြီး။ စုပေါင်းတည်ဆောက်ရေး။ စုပေါင်းအဖြေရှာရေး စဉ်းစားပါရန် အကြံပြုလိုက်ပေသည်၊

I have sent some articles concerning KIA to some journals. But they didn't select mine. I can't guess where Myanmar media goes.

ဗမာတွေမှာ လူမျိုးကြီးဝါဒစွဲ ရှိတယ်ဆိုတာ အရမ်းရယ်ရတဲ့ ပျက်လုံးတခုပါဘဲ။ တကယ်တော့ ဒီစကားတွေက တိုင်းရင်းသားလက်နက်ကိုင်တစ်စုရဲ့  ၀ါဒဖြန့်ချီရေးစကားဖြစ်ပါတယ်။ ဗမာတွေက ငါတို့ကလွဲရင် ကျန်တဲ့တိုင်းရင်းသားတွေက နိမ့်ပါးတဲ့လူမျိုးတွေဖြစ်တယ်ဆိုပြီး ခွဲခြားတာ၊ လူရာမသွင်းတာ၊ နှိမ့်ချဆက်ဆံတာ ဘယ်မှာရှိခဲ့ဘူးလဲ။ ဗမာတွေက ရှမ်းလူမျိုးဆိုရင်လဲ အသားလေးကလှလို့ အထင်လဲကြီး၊ ချစ်လဲချစ်။ ကချင်ဆိုရင်လဲ၊ ကရင်ဆိုရင်လဲ၊ မွန်ဆိုရင်လဲ ဒီလိုပါပဲ။ ဘယ်တိုင်းရင်းသားမဆိုပါဗျာ။ မြန်မာ့သမိုင်းမှာဆိုရင် အနော်ရထာမင်းကြီးက မိဖုရား စောမွန်လှကို မြတ်နိုးလွန်းလို့ အခြားမိဖုရားတွေကတောင် မနာလိုဖြစ် ကုန်းချောရတဲ့အထိဖြစ်ခဲ့တယ်မလား။ ဒီအဖြစ်အပျက်ကို ပြန်ကြည့်ရင် အနော်ရထာမင်းကြီးက ရှမ်းမိဖုရားလေးအပေါ် ဘယ်လောက်တောင်မှ အကဲပိုလိုက်မလဲပေါ့။ တကယ်တော့ တိုင်းရင်းသားလူမျိုးစု အချို့ အနေနဲ့ ဒီလိုမျိုးဝါဒဖြန့်တာကို လက်ခံနေတယ်ဆိုတာ သူတို့ ဗမာတွေနဲ့ မဆက်ဆံဘူးလို့ပါ။ တကယ်ဆက်ဆံကြည့်ရင် သူတို့အပေါ် ဘယ်လောက်အလေးထားတယ်ဆိုတာကို လက်တွေ့ သိလာမှာပါဗျာ။ နောက်ပြီး ဗမာဆိုတာကလဲ ပြည်ထောင်စုထဲက တိုင်းရင်းသား တမျိုးပဲ မဟုတ်ပါလားခင်ဗျာ။ နောက်ပြီး ဗမာစကားကို တနိုင်ငံလုံးသုံးနေလို့ ဗမာလူမျိုးကြီးဝါဒလို့ စွပ်စွဲနေတာလဲ ကြားရတော့ စိတ်မကောင်းဖြစ်မိသလို၊ အမြင်ကျယ်ကြဖို့ သင့်တယ်လို့လဲ ထင်မိပါတယ်ဗျာ။ ကဲ..တကယ်လို့ ရှမ်းစကားကို သုံးမယ်ဆိုရင် မြန်မာပြည်မှာ လူတွေအားလုံးဘယ်လိုနားလည်ပြီး စကားပြော ဆက်ဆံကြမလဲ...။ ဗမာစကားက လူတိုင်းနီးပါး နားလည်နေကြတာလေဗျာ။ အခု တစ်ကမ္ဘာလုံးမှာ English စကားကို သုံးနေလို့ ဒီကောင်တွေက လူမျိုးကြီးဝါဒ သမားတွေ၊ ငါတို့ကတော့ ငါတို့ တိုင်းပြည်စကားကိုပဲ ငါတို့သုံးမယ်ဆိုပြီး အမြင်ကျဉ်းနေမယ်ဆိုရင်၊ အဲ့ဒီတိုင်းပြည်က စီးပွားရေး၊ လူမှုရေး၊ ကျမ်းမာရေးကအစ..အစစ အရာရာ နောက်ကျကျန်ခဲ့မှာပေါ့ဗျာ။ အဲ့ဒီတော့ အများစုနားလည်တဲ့ ဘာသာစကားကို ကျွန်တော်တို့ ပြောနိုင်အောင် လုပ်ကြရမှာပေါ့။ ဒါမှ ကျွန်တော်တို့နောက်ကျမကျန်ခဲ့မှာလေဗျာ။

ယနေ့ခောတ်မှာ ရှမ်းနဲ့လဲ စစ်တိုက်စရာမလိုတော့ပါ။ ဒီအတိုင်းပဲ ကရင်၊ မွန်၊ ၀ အစရှိသော တိုင်းရင်းသားနှင့်လဲ တိုက်စရာမလိုပါ။ အားလုံးက ပြည်ထောင်စု စိတ်ဓါတ်နဲ့ အေးအတူပူအမျှ တိုင်းပြည်ထူထောင်ရင် ဆွေးနွေးနေပြီဖြစ်ပါတယ်။ ကချင်နဲ့ တိုက်ပွဲဖြစ်တာမှာ ဘယ်သူက စတိုက်တာပါလဲ။ ပြည်ထောင်စု တပ်မတော်က အရာရှိ၊ စစ်သည်တွေကို ဘာကြောင့် ပြန်ပေးဆွဲရတာလဲ။ တပ်မတော်က ၈၈ မတိုင်ခင်က ဗကပ လို နိုင်ငံရေး၊ စစ်ရေးအင်အားကြီးတဲ့ အဖွဲ့နဲ့ ရင်ဆိုင် တိုက်နေတဲ့အချိန်မှာ၊ လူမျိုးရေးအမြင်ကျဉ်းတဲ့ လူတစု တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ရင်ဆိုင်တိုက်ခဲ့တာပါ။ ရန်ကုန်အစိုးရလို့ အခေါ်ခံခဲ့ရတဲ့ ဒီမိုကရေစီကာလ (၁၉၄၈-၁၉၅၈)မှာ အစိုးရ အာဏာစက်က အင်စိန်မှာတောင် မလွမ်းမိုးနိုင်ပါဘူး။ ဒါပေမယ့် တပ်မတော်က စစ်ရေးစွမ်းရည်ပြည်ဝမှုက အဲ့ဒီသောင်းကျန်းသူတွေ ဒီကနေ့ ဘာဖြစ်နေတယ်ဆိုတာက သက်သေပါပဲ။ မြန်မာပြည်အရပ်ရပ်အေးချမ်းခဲ့တာ တပ်မတော်ရဲ့  ကျေးဇူတွေပါပဲ။ အဲ့ဒီတော့ ခင်ဗျားတို့ သမိုင်းတစ်ပတ်လည်ဖို့ စိတ်မကူးနဲ့။ ကမ္ဘာပျက်တောင် မဖြစ်ဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်